#Local_News
Published_ 11 April 2023
ဧပြီလမှာတော့ ပြည်တွင်းခရီးသွားကဏ္ဍ အမြင့်ဆုံးအချိန်ကို ရောက်နေပြီး မေလနဲ့ မိုးရာသီကာလမှာတော့ ခရီးသွားတွေ တဖြည်းဖြည်း ပြန်ကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Local_News #ဧပြီလပြည်တွင်းခရီးသွာကဏ္ဍ #မေလ၌တဖြည်းဖြည်းပြန်ကျဆင်းနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
ဧပြီ ၁ ရက်နေ့မှာ စတင်တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တင်ပိုခြင်းကနေ ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိဖို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရည်မှန်းထားပါတယ်။
#Local_News #ဆန်နှင့်ဆန်ကွဲ #ပို့ကုန်ဝင်ငွေဒေါ်လာ၁ဘီလီယံ #ဆန်စပါးအသင်းချုပ်
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
ပုဂံဘုရား ပုံတော်တွေကို မြေကြီးမှာချကာ မရောင်းဖို့နဲ့ ဗုဒ္ဓဘာသာပုံရိပ်ဆိုင်ရာတွေကို ကိုယ်ခန္ဓာမှာ တက်တူးထိုးပါက တက်တူးထိုးခံတဲ့သူနဲ့ တက်တူးထိုးပေးသူ ၂ဦးစလုံးကို အရေးယူသွားမှာဖြစ်ကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) က အသိပေးထားပါတယ်။
#Local_News #ပုဂံဘုရားပုံတော် #ဗုဒ္ဓဘာသာ
#YMG #Yangon_Media_Group
#Daily_News
Published_ 11 April 2023
၁။ပုဂံမှာ ဘုရားပုံတော်တွေ မြေကြီးမှာ ချမရောင်းဖို့နဲ့ ဗုဒ္ဓဘာသာ ပုံရိပ်ဆိုင်ရာတွေ ကိုယ်ခန္ဓာမှာ တက်တူးထိုးရင် အရေးယူမည်
၂။ဆန်နှင့်ဆန်ကွဲ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ ရရှိရေး ဆန်စပါးအသင်းချုပ် ရည်မှန်းထား
၃။ဧပြီလတွင် ပြည်တွင်းခရီးသွားကဏ္ဍ အမြင့်ဆုံးအချိန်ရောက်နေ၊ မေလ၌ တဖြည်းဖြည်းပြန်ကျဆင်းနိုင်ဟုဆို
၄။နှစ်(၂၀)ကြာပြီးတိုင်အောင် အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်အား ဂျော်ဒန်တွင်အမှတ်ရ လေးစားနေကြဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 11 April 2023
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်မြိုပတ်ရထားများအားလုံး ပြေးဆွဲမှုရပ်နားသွားမယ်လိုရန်ကုန် ဘူတာကြီးက သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ရန်ကုန်မြို့ပတ်ရထား #ပြေးဆွဲမှုရပ်နား
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
ရန်ကုန်-နေပြည်တော်ဘက်ခြမ်း ၈၉ မိုင်အနီး ယာဉ်တိမ်းမှောက်၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရမှု ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၈၉/ဝ) နှင့် (၈၉/၁)ကြားတွင် Wish ခဲရောင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကဒ်တုံးကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း၊အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၁)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ရန်ကုန်-နေပြည်တော် #၈၉မိုင်အနီးယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group

#Local_News
Published_ 11 April 2023
တိုင်းတရားလွှတ်တော် ဒုညွှန်မှူး နှင့် အိမ်အကူ ကို သတ်ကာ နေအိမ်ကိုပါ မီးရှို့သွားမှု မန္တလေးတွင် ယနေ့ ဧပြီလ ၁၁ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူးမှာ အသက် ၅၀ အရွယ် ဒေါ်လေးကြည်ဖြစ်ပြီး မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅လမ်း နှင့် ၆၆လမ်းကြားက RCသုံးထပ်နေအိမ်တွင် လည်းပင်းဓားစိုက်ဒဏ်ရာ၊ လက်ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ လင်ဝဲနဖူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့်လည်းကောင်း၊ ယင်း၏နေအိမ်ဒုတိယထပ်က ခေါင်မိုးပေါ်တက်လှေကားခြေရင်းတွင် အိမ်အကူ အသက် ၃၈ နှစ်အရွယ် မအေးသန္တာမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေကြောင်း သိရသည်။
ယင်းအပြင် ၎င်း၏ နေအိမ်ကို မီးရှို့ခဲ့သောကြောင့် အိမ်တွင်း ပစ္စည်းများ မီးလောင် ပျက်စီးခဲ့ကြောင်း၊အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူး မှာ နေအိမ်၌ ကျန်းမာရေးခွင့်ဖြင့်နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt #Local_News #တိုင်းတရားလွှတ်တော် #နေအိမ်ကိုမီးရှို့ #မန္တလေး
#YMG#Yangon_Media_Group
Page 1399 of 2273