#Local_News
Published_ 20 May 2023
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြို့တော် ၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်မှာ မေ ၁၉ ၊ ညနေပိုင်းက ရပ်ကွက်ဈေးရှေ့ ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ယောက် မိုးကြိုးပစ်ခံရလို့သေဆုံးခဲ့သည်
မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက်က ၃၀ ဈေးရှေ့က သစ်ပင်အောက်မှာ နေ့စဉ်
ဈေးရောင်းနေသူ အမျိုးသမီးကို ဈေးရောင်းနေရင်း မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။
" မနေ့က အစ်မတို့ဆီမှာ ညနေ ၄ နာရီလောက်က စမိုးရွာတယ် ။ မိုးအပြင် လေရော
မိုးကြိုးရော ပါတယ် ။ ဘယ်နေရာကို ပစ်လဲတော့ ပထမ မသိလိုက်ဘူး။ ဒါပေမယ့် ဒီနေ့ မနက်ပိုင်းကြားလိုက်တာ ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို မိုးကြိုးပစ်သွားပြီး သေဆုံးသွားတယ်လို့ ကြားရတယ် " လို့ မြောက်ဒဂုံက နယ်မြေခံ ပြည်သူတစ်ယောက်က ပြောပါသည်။
မေလ၁၉ရက်နေ့ညနေပိုင်းကရန်ကုန်တစ်မြို့လုံးမိုးရွှာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊မိုကြိုးပစ်ခြင်းများဖြစ်ပွါးခဲ့ပြီး သစ်ပင်နှင့်အိမ်ခေါင်မိုးများကြိုးပဲ့ပျက်စီးမှုများရှိခဲ့ကြောင်းပရဟိတ ကူညီရေးအသင်းများမှသိရသည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
မိုခါမုန်တိုင်း၏ သက်ရောက်မူကိုကြုံတွေရသည့် ဒေသများမှ အသေးစား ၊ အလတ်စား၊အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းများပြန်ပတ်နိုင်ဖို့အတွက် AYA micro lone အရေးပေါ်ချေးငွေ (Emergency ချေးငွေ)လျှောက်ထားနိုင်ကြောင်း AYA ဘဏ်မှ ထုတ်ပြန်ထားသည်။
ယင်းသို့ချေးငွေလျှောက်ထားရတွင် အာမခံအပေါင်ပစ္စည်းဖြင့်လျှောက်ထားခြင်းအပြင်
အာမခံမဲ့ ၊ အပေါင်းပစ္စည်းမဲ့လျှောက်ထားခြင်းကိုပါ လျှောက်ထားနိုင်ပြီးဖြစ်ကြောင်းသိရသည်။
အာမခံအပေါင်ပစ္စည်းမဲ့ဖြင့်လျှောက်ထားမည်ဆိုပါက အများဆုံး ကျပ်သိန်း ၁၀၀ အထိလျှောက်ထားနိုင်မှာဖြစ်ပြီး ချေငွေသက်တမ်း အများဆုံး ၂နှစ်လျှောက်ထားနိုင်ကြောင်းသိရသည်။
ချေးငွေသက်တမ်း တစ်နှစ်အတွက် အတိုးနူန်း တစ်နှစ်လျှင် ၁၀ ဒဿမ ၅ရာခိုင်နူန်း ဖြစ်ပြီး ချေးငွေသက်တမ်းနှစ်နှစ်အတွက်အတိုးနူန်းမှာ တစ်နှစ် လျှင် ၉ ရာခိုင်နူန်းဖြစ်ကြောင်း AYA ဘဏ်မှထုတ်ပြန်ထားပါသည်။အသေးစိတ်အချက်အလတ်များသိလိုပါက AYA ဘဏ်ခွဲများတွင်စုံစမ်းနိုင်ကြောင်းသိရသည်။
ymg/ynzw
#Local_News #မုန်တိုင်းသင့်ဒေသများ #SME/MSEMချေးငွေများထုတ်ချေး
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
လမည့်ဇွန်လ ၁ရက်နေ့ မှစတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းကို အလိုလျောက်စနစ်ဖြင့်စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Trade Net 2.0 စနစ်ဖြင့် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည့် သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား MACCS စနစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါစနစ်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်၍ သွင်းကုန်ကြေညာလွှာတင်သွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ရုံးချီန် အတွင်း Help Desk Section (01-379429) သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ထားသည်။
ymg/ynzw
#Local_News #ကုန်စည်လိုင်း #Automatic Licensing
#YMG #Yangon_Media_Group

#Local_News
Published_ 19 May 2023
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို လေကြောင်းခရီးစဉ်တွေ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News #မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ရခိုင်ဒေသ #လေကြောင်းခရီးစဉ်များ
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကိုထပ်မံစစ်ဆေးခဲ့ရာမေလ(၁၈)ရက်အထိစာရင်းတွေအရ ဒေသ(၁၁)ခုတွင် ဒေသခံပြည်သူ(၅၄)ဦးသေဆုံးခဲ့ပြီးရခိုင်ပြည်နယ်မှာသေဆုံးသူ(၁၄၅)ဦးအထိရှိလာသလို လူနေအိမ်နဲ့အဆောက်အဦ(၁)သိန်း(၈)သောင်း (၆)ထောင်ကျော်ထိခိုက်ပျက်စီးခဲ့တယ်လိုနစကရဲ့ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #မိုခါမုန်တိုင်း #ဒေသခံပြည်သူ #လူနေအိမ်နှင့်အဆောက်အဦး
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၈ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၈၄၂၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၃၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #ကိုဗစ်လူနာသစ်၁၃၃ ဦး
#YMG #Yangon_Media_Group
#Local_New
Published_ 19 May 2023
ယခု တစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားတစ်ရာဝန်းကျင် ပြန်ဈေးတက်လာပြီး ၉၂တစ်လီတာလျှင် ၁၉၈၅အထိ ရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_New #စက်သုံးဆီဈေးနှုန်း #၂၀၀၀ဝန်းကျင်
#YMG #Yangon_Media_Group
Page 1397 of 2351