၁၄ ဒီဇင်ဘာ ၂၀၂၃
၁၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်နှင့်ခမ်းပတ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ထူးခြားဖြစ်စဉ်များကို
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၁၄ ဒီဇင်ဘာ ၂၀၂၃
တပ်မတော်နှင့်မြောက်ပိုင်း ၃ ဖွဲ့နှင့်ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က တရုတ်နိုင်ငံ၏ကူညီမှုဖြင့် မြန်မာနိုင်ငံအစိုးရနှင့် MNDAA ၊ TNLA ၊ AA တို့နှင့် တွေ့ဆုံပွဲကျင်းပခဲ့သည့်အပေါ် မေးမြန်းစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟုသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း “၁၀၂၇” ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအနေတည်ငြိမ်အေးချမ်းလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာလျော့နည်းလာကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး၏အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ်ပွားမှုများကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာဖြေရှင်းမှု (Soft Landing) အား အတူတကွဖော်ဆောင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
#Daily_News
Published 14 December 2023
၁။ ဆောင်းမြေပဲကို ကုန်သည်များမှ ဈေးထက်ဝက်လျှော့ဝယ်သဖြင့် တောင်သူများ ဈေးကောင်းမရဘဲ အခက်တွေ့နေ
၂။ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်အ၀င်နည်းနေတာကြောင့် ရှမ်းကြက်သွန်ဖြူ တစ်ပိသာ ကျပ်၂၀၀၀ကျော် ဈေးမြင့်တက်
၃။ မလေးရှား၌ စက်ရုံပိတ်သိမ်းမှုအချို့ပင် ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေ၊ တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်
၄။ ရှန်ဟိုင်းရုပ်ရှင် ဝေဖန်ရေးအဖွဲ့၏ အကြိမ်(၃၀)မြောက် ဆုပေးပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 14 December 2023
အခုရက်ပိုင်းအတွင်း ဒေသ(၄)ခုတွင်မိုးနည်းနည်းရွာပြီး ဒေသ(၇)ခုတွင်ညအပူချိန် အနည်းငယ်လျော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ဒီဇင်ဘာ(၁၅)ရက်မနက်ပိုင်းတွင်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အ နေဖြင့် ဒီဇင်ဘာ(၁၅)(၁၆)ရက်များတွင်စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်း နိုင်ကြောင်းသိရသည်။
လွန်ခဲ့သော(၂၄)နာရီအတွင်းရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။
ညအပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟားခါးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြို့တွင် (၆)ဒီဂရီစင်တီဂရိတ်နှင့် မိုင်းယန်းမြို့၊ ဖလမ်းမြို့နှင့် တွန်းဇံ မြို့တို့တွင် (၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ လားရှိုးမြို့တွင် (၀.၆၂) လက်မ၊ ပူတာအိုမြို့တွင် (၀.၃၉)လက်မ၊ မူဆယ် မြို့တွင် (၀.၂၄)လက်မ၊ မချမ်းဘောမြို့တွင် (၀.၁၆)လက်မနှင့် ပြင်ဦးလွင်မြို့နှင့် ရမည်းသင်းမြို့တို့တွင် (၀.၁၂)လက်မစီတို့ ရှိခဲ့ကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published. 14 December-2023
လယ်ယာမြေပို၁၀ဧက ထက်ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများအား တစ်ဧကလျှင် ကျပ် (၄)သိန်းနှုန်းဖြင့် ကာလတို ချေးငွေထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ကိစ္စရပ်နှင့်ပက်သက်ပြီးချေးငွေ ချေးပေးနိုင်ရေး ဆိုင်ရာလုပ်ငန်းအစည်းအဝေးကို ယနေ့ ဒီဇင်ဘာ (၁၄)ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ချေးငွေထုတ်ပေးရာတွင် ပုံစံ(၇)အာမခံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွား ရေးဘဏ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရ AD ဘဏ်များက ညှိနှိုင်းဆွေးနွေးလျှက်ရှိပြီး ချေးငွေအား ဧက (၁)သိန်းအထိ Pilot Project အဖြစ် စတင်ဆောင်ရွက်နိုင်ရန်ရှိကြောင်း သိရသည်။
ချေးငွေအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ် မြေနှင့် မန္တလေးတိုင်းဒေသကြီးများရှိ နွေစပါးစိုက်ပျိုးသည့် ဧရိယာများတွင် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက်
ရည်ရွှယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-14 December 2023
မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ( MCIA) နှင့်ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့မှ ကုမ္ပဏီများနှင့် ပြောင်းဝယ်ယူ ရောင်းချခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ဖြစ်သောကြောင့် ပြည်ပ ပြောင်းတင်ပို့မှုပိုမိုများလာနိုင် လာနိုင်ကြောင်းယင်းအသင်းမှသိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲကို ယခုအပတ်အတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်မှတ်ရေးထိုးရာတွင် ထို့နောက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနှင့် ပြည်ပကုမ္ပဏီ (၇) ခုတို့က ပြောင်းဝယ်ယူရောင်းချရန် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြပြီးတရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအနေဖြင့် ပြောင်းဝယ်လိုအားများပြားသည့်အတွက် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှုနှင့် ကုန်သွယ်မှုပမာဏ တိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 1160 of 2478