#Local_News
Published-13 Oct 2023
တနင်္သာရီတိုင်းအတွင်းမှ ကျွန်းပေါင်း ၅၀ ခန့် ၌ခရီးသွားလုပ်ငန်းများဆောင်ရွက်နေ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးမှုဌာနမှ သိရသည်။
အဆိုပါတိုင်းဒေသကြီးတွင် ကျွန်းပေါင်း ၈၀၀ ကျော်အထိရှိရာ ၅၀ခန့်၌နေ့ချင်းပြန်နှင့် ၄ညအိပ်၅ညခရီးစဉ် များဖြင့်လည်းပတ်နိုင်ကြောင်း သိရသည်။
"ကျွန်းပေါင်း ၄၀ ကျော်၅၀ လောက်မှာ ခရီးသွားလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ အဲ့ဒီထဲမှာမှ ညအိပ်လို့ရတဲ့ကျွန်းပေါင်း ၈ ကျွန်း ရှိပါတယ်။ ကျန်ကျွန်းတွေကတော့နေ့ချင်းပြန်ပါ။ ဒေသမှာရှိတဲ့တိုင်းရင်းသား ဆလုံလူမျိုးတွေရဲ့ လူနေမှုဘဝတွေကိုလည်းလေ့လာနိုင်မှာပါ" ဟုတနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးမှုဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ လည်ပတ်နိုင်သည့် ကျွန်းများတွင် အဏ္ဏဝါခရီးစဉ်များအဖြစ်သွားရောက်နိုင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း၌ ရေငုတ်အပန်းဖြေခြင်းများအပြင်သဘာဝပတ်ဝန်းကျင်ကို မှီတင်းနေထိုင်ကြသည့်ရေနေကုန်းနေသတ္တဝါများကျက်စားနေထိုင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏သဘာဝအခြေအနေများ ၊ဒေသခံများ၏ လူနေမှု ဓလေ့များကိုလည်းလေ့လာနိုင်မည်ဖြစ်ကြောင်း၊ ညအိပ် ခရီးစဉ်အဖြစ်သွားရောက်လည်ပတ်နိုင်သည့် ကျွန်းများမှာ ကော့သောင်းခရိုင်အတွင်းမှာရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတရားဝင်လိုင်စင်ရရှိထားသည့် ဟိုတယ်များ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းတစ်ခုလုံး၌လိုင်စင်ရရှိထားသည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရရှိထားသည့်အခန်းပေါင်း ၂၂၅၅ခန်းပါဝင်သည့် ဟိုတယ်ပေါင်း ၄၉ လုံး၊ အခန်းပေါင်း၁၂၈ ခန်းပါဝင်သည့် တည်းခိုရိပ်သာ ၁၁ခုရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၌ ပြီးခဲ့သည့် နှစ်ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ပြည်တွင်းပြည်ပခရီးသွားပေါင်း ၁၆၅၀၀၀ ခန့်လာရောက်လည်ပတ်ကြပြီး ပြည်ပခရီးသွားများတွင် ထိုင်းနှင့်တရုတ်လူမျိုးများပါဝင်ကြောင်း သိရသည်။
#Local_News #ကျွန်းပေါင်း ၅၀ခန့် #ခရီးသွားလုပ်ငန်း #YMG/NN
#Local_News
Published 13 October 2023
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မူးယစ်ဆေးဝါးတွေ့ရှိမှုဖြင့် မြန်မာနိုင်ငံသား ၂ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။
အောက်တိုဘာ ၁၃ ရက်က မဲဆောက်မြို့၊ အမှတ် (၁)၊ ထာ့ဆိုင်လွှက်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကျေးရွာလုံခြုံရေးအတွက် လှည့်ကင်းပြုလုပ်နေစဉ် ကျေးရွာအပိုင်ရှိ လူကူးခုံးကျော်တံတားအနီးတွင် မသင်္ကာဖွယ်ရာ မြန်မာနိုင်ငံသား ၂ ဦးကို တွေ့ရှိသဖြင့် စစ် ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးကို ဖမ်းဆီးရာမှာ အမျိုးသား၏ဘက်လွယ်အိပ်အတွင်းမှ WYစာတန်းပါမူးယစ်ဆေးဝါး ၇ ပြားနှင့် ဓါးမြှောင် ၁ချောင်းတို့အား တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးအနက် အမျိုးသားဖြစ်သူအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားပြီး အမျိုးသမီးဖြစ်သူအား ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုဖြင့် မဲဆောက်ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
#Local_News #မြန်မာ၂ဦးအဖမ်းခံရ #YMG/LW #Yangon_Times
#Local_News
Published-13 October 2023
တောင်ကိုးရီးယားတွင် မြန်မာတစ်ဦး အိပ်နေစဉ်သေဆုံးမှု ယနေ့အောက်တိုဘာလ ၁၃ ရက် က ဖြစ်ပွားခဲ့သည်။
ယင်းသေဆုံးသူမှာ ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဆုဝါန်မြို့တွင်နေသောအသက် ၃၉ နှစ်အရွယ်ကိုနိုင်ဝင်းထွန်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာနေ ဦးသန်းဝင်း၊ ဒေါ်ကြိုင်ကြိုင်တို့၏သားဖြစ်ကြောင်း၊ ၎င်း၏မိဘ ၂ ပါးလုံးမှာလည်းကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်းသိရသည်။
"ကိုနိုင်ဝင်းထွန်းသေဆုံးနေတာကို အခန်းနေ သူငယ်ချင်းတစ်စုက ၁၁၉ ကို ဖုန်းဆက် အကူအညီတောင်းခဲ့တယ်လို့သိရပြီး လက်ရှိအချိန်မှာရဲဝန်ထမ်းတွေ
က ကွယ်လွန်သူနဲ့ ပတ်သက်သမျှကို စစ်ဆေးနေတယ်လို့သိရတယ်"ဟု ကိုးရီးယားရောက် မြန်မာလုပ်သားများကိုကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံကသိရသည်။
ရဲဝန်ထမ်းများ စစ်ဆေးပြီးနောက် သင်္ဂြိုဟ်ခွင့်ပြုပါက နာရေး ကိစ္စကိုလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Photo-Zaw Moe Aung
#Local_News #တောင်ကိုးရီးယား #အိပ်နေစဉ်သေဆုံး
#Yangon_Times/PP
#Local_News
Published_ 13 October 2023
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် တောင်ကျရေများမြို့တွင်းဝင်၍ လျှပ်စစ်ဓာတ်အားပိတ်ထားရကြောင်း ပုသိမ်ကြီးမြို့နယ်လျှပ်စစ်ရုံးမှ ထုတ်ပြန်ထားကြောင်း သိရသည်။
အောက်တိုဘာလ ၁၃ရက်တွင် ပုသိမ်ကြီးမြို့နယ် အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများမြို့တွင်းဝင်ရောက်မှုကြောင့် 33/11kV 20MVA မြို့မ ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော အောက်ပါ Feeder များအား ၀၈:၂၈ နာရီတွင်ဓာတ်အားပိတ်ထားသည်ဟုဆိုသည်။
အဆိုပါပိတ်ထားသည့် ဓာတ်အားခွဲရုံများမှာ
(1)11kV ရေထွက်ဖီဒါ
(2)11kV စမ်းကျဖီဒါ
(3)11kV ရန်ကင်းတောင်
(4)11kV မြို့မ MTU
တို့ဖြစ်ကြောင်းသိရသည်။
#Local_News #တောင်ကျရေများ #ပုသိမ်ကြီးမြို့
#tthl #Yangon_Times
#Daily_News
Published_ 12 October 2023
၁။ မြန်မာ့မြေထည်ဆီမီးခွက်များ မနှစ်ကဈေးအတိုင်းရောင်းချနေ၊ ဈေးကွက်အတွင်း ဒီဇိုင်းဆန်းဆီမီးခွက်များဈေးကောင်းနေ
၂။ ရှမ်းပြည်ထွက် အသီးအနှံများ အဓိကရောင်းချနိုင်မည့် ဆိုင်ခန်းပေါင်း ၁၆၀၀ ပါဝင်သော ဈေးရုံကြီးအတွက် လျှောက်လွှာများ စတင်လက်ခံနေ
၃။ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အခြေခံစားကုန်အဝင်များပြီး ဝယ်လိုအားနည်းပါးနေသောကြောင့် ဈေးနှုန်းများကျဆင်းနေ
၄။ တရုတ်နိုင်ငံမှ ကူညီဆောက်လုပ်ပေးသည့် လေအားလျှပ်စစ်စီမံကိန်း ယူအေအီးတွင်စတင်လည်ပတ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ညလွှတ်မီးပုံးပျံအလုံး(၆၃)လုံးလွှတ်တင်၊ နေ့လွှတ်အရုပ်မီးပုံးပျံတွေယှဉ်ပြိုင်လိုသူ တွေဖိတ်ခေါ်
Published_ 12 October 2023
#Local_News
#မီးပုံးပျံဓာတ်ပုံပြိုင်ပွဲ #အရုပ်မီးပုံးပျံ
#YMG/NN #Yangon_Times
#Local_News
Published_ 12 October 2023
တစ်ခေတ်တစ်ခါက ပရိတ်သတ်များအသည်းနှလုံးကို သဘင်အနုပညာမှော်ဖြင့် ဆွဲကိုင်ဖမ်းစားနိုင်ခဲ့သည့် အငြိမ့်မိခင်ကြီးရွှေလိပ်ပြာဒေါ်အေးကြည်သည် အောက်တိုဘာလ ၁၁ ရက်တွင်ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှသိရသည်။
အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာဒေါ်အေးကြည်သည် မြန်မာနိုင်ငံသဘင်အစည်းအရုံးနာယကတစ်ဦးဖြစ်သလို နှလုံးသားကိုအလှဆင်မည့်အငြိမ့်မင်းသမီးများအဆိုအကအဖွဲ့မှလှူဒါန်းကန်တော့လေ့ရှိသည့် အငြိမ့် မိခင်ကြီးတစ်ဦးလည်းဖြစ်သည်။
‘အမေကြီးရွှေလိပ်ပြာကွယ်လွန်သွားတဲ့အတွက် နှမျောတသ ဝမ်းနည်းကြေကွဲရပါတယ်။ ကွယ်လွန်ချိန်မှာ အသက်ကတော့၉၂နှစ်၊၉၃ပေါ့။ အလုံမြို့နယ်က ရွှေလိပ်ပြာအိမ်ရာမှာ ကွယ်လွန်သွားပါတယ်။ အမေကြီး (ရွှေလိပ်ပြာ)ကျန်းမာနေချိန်အိုမင်းတဲ့အချိန်မှာ အမေကျားတို့တစ်ခါသွားကန်တော့တယ်။ နောက်တစ်ကြိမ် လူကြီးရောဂါဖြစ်လို့သိပ်မသိတော့တဲ့အချိန်မှာ တစ်ခါသွားတယ်။ နောက်ဆုံးတစ်ကြိမ်တစ်ခါသွားဖြစ်တယ်’’ဟု နှလုံးသားကိုအလှဆင်မည့်အငြိမ့် မင်းသမီးများအဆိုအကအဖွဲ့မှ အငြိမ့်မင်းသမီးကျားလေးစိန်ကပြောပြသည်။
နှလုံးသားကို အလှဆင်မည့်အငြိမ့်မင်းသမီးများ အဆိုအကအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပအလှူရှင် သူတော်ကောင်းများကိုယ်စား အငြိမ့်မိခင်ကြီး ရွှေ ..ရွှေလိပ်ပြာ..ဖွားဖွားကြီးရွှေလိပ်ပြာ၏ နောက်ဆုံးခရီးကို သင်္ဂြိုဟ်သွားဦးမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အငြိမ့်မိခင်ကြီး #ရွှေလိပ်ပြာဒေါ်အေးကြည်
#tthl #Yangon_Times
Page 1157 of 2353