#Local_News
Published-9 May 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၉ ဦးကို မေလ ၉ ရက်(ယနေ့)ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
ယင်းကဲ့သို့ EPSစနစ်ဖြင့်စေလွှတ်ခဲ့သည့် မြန်မာလုပ်သား ၁၄၉ ဦးလုံးမှာ ကုန်ထုတ်လုပ်သားများဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၁ ရက်က EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား (၈၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၁၉) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၂) ဦး၊ စုစုပေါင်း (၁၅၀) ဦးကို စေလွှတ်ခဲ့ပြီးနောက် မေလ ၉ ရက်မှ ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။
#ymg/pl #Local_News #EPS #ယနေ့ထပ်မံစေလွှတ်
#YMG #Yangon-Media-Group
#Local_News
Published_ 9 May 2023
အွန်လိုင်းအခြေပြုနိုင်ငံဖြတ်ကျော် မှုခင်းတားဆီးရေးအတွက် ရန်ကုန်ကနေ လားရှိုးကို လေကြောင်းလိုင်းကနေ နိုင်ငံခြားသားများအားခရီးသွားလာခွင့် မေလ ၆ရက်ကစတင်ကာ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးရုံးက အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်မှ လားရှိုးကို လေကြောင်းလိုင်းနဲ့နိုင်ငံခြားသားတွေခရီးသွားမယ်ဆိုပါကUN ၊ သံရုံးနဲ့ INGO ဝန်ထမ်းတွေကိုတော့ ချွင်းချက်အဖြစ်ခွင့်ပြုပေးထားပြီး ပြင်ပက နိုင်ငံခြားသားဖြစ်ပါက စီစစ်ဟန့်တားသွားရန် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံးက ညွှန်ကြားစာပေးပို့ထားတယ်လို့ဆိုသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေကာအွန်လိုင်းလိမ်လည်မှု Online Scam နဲ့ Online Gambling အွန်လိုင်းလောင်းကစား တို့တွင် ပါဝင်ကျူးလွန်နေသဖြင့် ပုံရိပ်မထိခိုက်စေရေး ကာကွယ်နိုင်ရန် မြန်မာ၊ ထိုင်း၊ တရုတ် သုံးနိုင်ငံပေါင်းစပ်ညှိနှိုင်းပြီးတရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စစ်ဆင်ရေးကာလသတ်မှတ်ကာ ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ စစ်ဆင်ရေးဆောင်ရွက်နေစဉ်ကာလအတွင်းမှစပြီး အထက်ပါ နိုင်ငံခြားသာများ လေကြောင်းနဲ့ ရန်ကုန်- လာရှိုးသို့သွားရောက်မှုကို ပိတ်ထားလိုက်ခြင်းဖြစ်တယ်လို့ သိရသည်။
ရန်ကုန်-လာရှိုးခရီးစဉ်တွေမှာသွားလာခွင့်ပိတ်ထားတာဟာနိုင်ငံခြားသားခရီးသည်တွေအတွက်ဖြစ်ပြီးတော့မြန်မာနိုင်ငံသားပြည်တွင်းခရီးသည်တွေမပါဝင်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
#ymg/ppk #Local_News #UN #NGO #ရန်ကုန်- လာရှိုးလေကြောင်းလိုင်း
#YMG #Yangon-Media-Group
#Local_News
Published_ 9 May 2023
ပြည်ပသို့တင်ပို့ခွင့်မပြုသည့် ပစ္စည်းများကို ယခင်သြဂုတ်လ ၁၇ရက်နေလထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခင်တင်ပို့ခွင့်မပြုသည့်စိန် နေရာတွင် လက်၀တ်ရတနာအဖြစ်ပြုလုပ်ထားခြင်းမရှိသည့် စိန်အလွတ်များ ဟုပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ယခုနှစ် မေလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယခင်က တင်ပို့ခွင့်မပြုသည့် ပစ္စည်းများမှာ စိန် ၊ ရေနံစိမ်း၊ ဆင်စွယ်၊ ဆင် မြင်းနှင့် ရှားပါတိရစ္ဆာန်များ၊ လက်နက်ခဲယမ်းမီးကျောက်နှင့်ရှေးဟောင်းပစ္စည်းများဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ယခင် ၁၉၉၉ ခုနှစ်က ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်မပြုသည့် ပစ္စည်း၃၁ မျိုးနှင့် နယ်စပ်ဒေသများမှ တင်ပို့ခွင့်မပြုသည့်ပစ္စည်း ၃၂မျိုး ထုတ်ပြန်ထားရာမှ ၂၀၀၈ ခုနှစ်တွင်ကုန်ပစ္စည်းတချို့အား ဖြေလျော့ခဲ့ပြီး ကုန်ပစ္စည်း၁၅ မျိုးသို့ ပြင်ဖြေလျော့ပေးခဲ့ကြောင်း စီးပွားကူးသန်း၀န်ကြီးဌာနမှသိရသည်။
#ymg/ynzw #Local_News #ပြည်ပင်ပတင်ပို့ခွင့်မပြု #စိန်အလွတ်
#YMG #Yangon-Media-Group
#Local_News
Published_ 9 May 2023
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(190/4-5)တွင် မေလ ၉ ရက်နေ့ (ယနေ့) မနက် ၆နာရီခန့်တွင် ခရီးသည်ယာဉ် Express ကားနှင့် Light Truck ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် Express ယာဉ်ပေါ်ပါ ကျား (၂၆)ဦး၊ မ (၁၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပေမယ့် Light Truck ယာဉ်ပေါ်ပါ ကျား(၁၅)ဦးအနက် ကျား(၁)ဦးသေဆုံး၊ ကျား(၁၄)ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကို ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို 192ယာဉ်၊ ကြက်ခြေနီအသင်းပိုင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။
#ymg/ynzw #Local_News #ရန်ကုန်-နေပြည်တော် #ယာဉ်တိုက်မှုဖြစ်
#YMG #Yangon-Media-Group
#Local_News
Published_ 8 May 2023
မွေးရာပါနှလုံးသွေးကြော ဘယ်နှင့်ညာမှားနေလို တစ်ပတ်ပဲအသက်ရှင်နိုင်ခြေရှိတဲ့ မိဘမဲ့ကလေးငယ်လေးကို အိန္ဒိယမှာ ခွဲစိတ်ကုသပေးခဲ့ရာအောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ YGW ပရဟိတမိဘမဲ့ကျောင်းမှ သိရပါတယ်၊၊
#Local_News #မွေးရာပါနှလုံးသွေးကြောဘယ်နှင့်ညာမှားနေ #ခွဲစိတ်ကုသမှုအောင်မြင်
#YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
ပြင်ဦးလွင်မြို့ဓာတ်တော်ချိုင့်ရေတံခွန်တွင် မေလ ၇ ရက်နေ့ ညနေ ၄ နာရီလောက်က ဆယ်ကျော်သက် လူငယ်များ ရေဆင်းကူးကြရာမှ လူငယ်တစ်ယောက် ရေနစ်တစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်အခမဲ့ လူမူကူညီရေးအသင်းမှတာဝန်ရှိတစ်ဦးက YMG ကိုပြောပါတယ်။
#Local_News #ဓာတ်တော်ချိုင့်ရေတံခွန် #လူငယ်ဦး ရေနစ်သေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ပျက်စီးမှုများ မဖြစ်စေရန် တောင်သူများအား ကူညီရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြိုတင်စီစဉ်နေတယ်လို့ သိရပါတယ်။
#Local_News #သဘာဝဘေးအန္တရာယ် #ဆန်စပါးအသင်းချုပ်
#YMG #Yangon_Media_Group
Page 1153 of 2083