‘၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့ရှိပြီး နေပြည်တော်မှာကျင်းပသွားဖို့ရှိတယ်’
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဒါရိုက်တာပန်းချီစိုးမိုး
Published_ 13 October 2023
#Local_News
#အကယ်ဒမီဆုပေးပွဲ #မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ
#tthl #Yangon_Times
တရားမဝင်ပွဲစားပြဿနာနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားလိမ်လည်တာတွေ အဆမတန်များပြားနေ
Published_ 13 October 2023
#Local_News
#မြန်မာလုပ်သား #တရားမဝင်ပွဲစားပြဿနာ
#YMG/NN #Yangon_Times
#Local_News
Published-13 October 2023
ကျန်းမာရေးထိခိုက်နိုင်သည့် တာရှည်ခံဓာတု ပစ္စည်းများ ခွင့်မပြုဆိုးဆေးပါဝင်သည့် စားသုံးရန်မသင့်သည့်အစားအသောက်(၁၉)မျိုးကို သုံးသွဲရန်မသင့်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပေးထားသည်။
ဈေးကွက် များတွင်ရောင်းချလျက်ရှိသော အစားအသောက် များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာမှ အဆိုပါ အစားအသောက်များကို စစ်ဆေးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့မှာ ထူးကဲပို 240g Plastic bottle (Exp-10-3-2023) ပုန်းရည်ကြီးကျော်၊ (ဘုရင်မ -/Cap ရှောက်သီးပေါင်း ၊ ( -/Cap (Exp-12-4-2023) ဇယန်းအစပ်နှပ်၊ ချိုဝင်း 50g/Plastic Pack (Exp 8-2023)သုံံရာပေါင်း၊ July Egg /Plastic cup ဂျယ်လီ၊ Fruity 200ml/Plastic cup ဂျယ်လီ(အညိုရောင်)၊(အနီရောင်)၊(အစိမ်းရောင်) ၊ ကောင်းထက်စံ(-/Plastic pack) ယိုစုံ၊ ရွှေမိ(-/Plastic pack)ယိုစုံ၊ ဘော့(စ်)10g/Plastic pack (Exp-30-2-2024)သုံပုရာအချိုရည်အမှုန့်နှင့် လိမော်အချိုရည်အမှုန့်၊ MR-POWER 220ml/ Plastic Pack (Exp:30-12-2023)၊ ဌေးဌေး (-/Plastic Pack) သစ်သီးယိုစုံ၊ စားဖိုမှူးစိတ်ကြိုက်(-/Plastic pack) ငရုတ်ဆော့၊ မြတ်-/Plastic pack)ရောသမမွှေယိုစုံ၊ ရှမ်းမလေး(-/Plastic bottle)သစ်သီးယို၊ လျှာရင်းမြတ်10g 6Sachets /Plastic pack (Exp:12-2023)နှင့် ခွင့်မပြုဆိုးဆေး Sudanlll ပါဝင်နေသောအရောင်တင်မှုန့်တို့ဖြစ်သည်။
အဆိုပါအစားအသောက် များကို ရေရှည်စားသုံးမိပါက အစာ အိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ကြောင်းလည်း ဖော်ပြထားသည်။
အစားအသောက်ထုတ်လုပ်ရောင်းချ၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့်လည်း သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံဓာတု ပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ခွင့်ပြုအစားအသောက်ထပ်ဖြည့် ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
#Local_News #အစားအသောက်(၁၉)မျိုး #FDA ထုတ်ပြန်
#Yangon_Times/PP
ငမိုးရိပ်ရေလှောင်တမံ ရေပိုလွဲမှ ရေကျော်လာတာကြောင့် ရေကြီးနစ် မြုပ်မှု ဒဏ်ခံနေရတဲ့ လှည်းကူးမြို့နယ်အတွင်းက ရေဘေးသင့် ပြည်သူတွေဟာ ငါးရက်ကြာသည် အထိရေပြန်မကျသေးတာကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတယ်လို့ လူမူကူညီရေးအသင်းတွေထံက သိရပါတယ်။
Published_ 13 October 2023
#Local_News
#လှည်ကူးမြို့ #ရေပြန်မကျသေး #လူမူကူညီရေးအသင်း
#YMG/LW #Yangon_Times
#Local_News
Published_ 13 October 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲမည့် City Taxiယာဉ် များအနေဖြင့် ဘေးနှစ်ဘက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker များ တပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။
နိုဝင်ဘာလတစ်လတာအတွင်း သတ်မှတ်ဒီဇိုင်းအတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး ၅၀၀၀ကျပ်ကို နိုဝင်ဘာလ၁ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ YRTC မှ ကျခံပေးမည်ဖြစ်သလို လက်ခံမယူဘဲ မိမိဝန်ထမ်းများဖြင့် ကပ်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် City Taxiယာဉ်များသည် အခြားသောယာဉ်များနှင့် ကွဲပြားသော ထင်သာမြင်သာရှိစေရန်အတွက် City Taxiယာဉ်များအနေဖြင့် ဘေးနှစ်ဘက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Stickerများတပ်ဆင်ရမည်ဖြစ်ပြီး City Taxiယာဉ်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ဒီဇိုင်းအတိုင်း မိမိအစီအစဉ်ဖြင့် Stickerတပ်ခွင့်(သို့မဟုတ်)ဆေးသုတ်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
#Local_News #City Taxi #အဝါရောင်လိုင်းSticker #tthl #Yangon_Times
#Local_News
Published-13 October 2023
မလေးရှားတွင် မြန်မာလူငယ်တစ်ဦး ကွမ်းဝါးရင်းစကားပြောစဉ် လေပြွန်ပိတ်ပြီး ရုတ်တရက်သေဆုံးမှုဖြစ်ခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က သိရသည်။
အောက်တိုဘာလ ၁၂ရက်က မလေးရှားနိုင်ငံ ကလန်းမြို့တွင်နေထိုင်သော ကိုမိုးဒီ(ခ) မောင်မောင်ထွန်းသည် အလုပ်မှအပြန် ကွမ်းယာစားပြီးကွမ်းဝါးရင်း သူငယ်ချင်းများနှင့်စကားပြောနေစဉ် လေပြွန်ပိတ်ပြီး ကလန်းမြို့ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ယင်းအသင်းကသိရသည်။
သေဆုံးသူမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်တိုင်ကျေးရွာမှ အသက်(၂၇)နှစ်အရွယ်ရှိကြောင်း၊ရုပ်အလောင်းကို အောက်တိုဘာလ ၁၄ရက် မွန်းလွဲ၂နာရီတွင် မလေးရှားနိုင်ငံရှားလမ်းမြို့BlissGardenချဲရပ်သုဿာန်ရှိ မီးသဂြိုလ်စက်၌သဂြိုလ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(မလေးရှား)ကသိရသည်။
#Local_News #မလေးရှား #ရုတ်တရက်သေဆုံး #Yangon_Times/PP
‘စစ်တောင်းမြစ်ဟာ တောင်ငူ၊ မဒေါက်မြို့တွေမှာ တိုးမှာဖြစ်သလို ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက် ပြန်ကျလာမှာဖြစ်ပြီး အခြားမြစ်ရေတွေကတော့ဒေသအချို့မှာ အနည်းငယ်စီတိုးနိုင်သလို ဒေသအချို့မှာတော့ ပြန်ကျသွားမှာဖြစ်တယ်’မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Published_ 13 October 2023
#Local_News
#စစ်တောင်းမြစ်ရေများတိုးနိုင် #မဒေါက်မြို့
#tthl #Yangon_Times
Page 1156 of 2353