Published_ 16 December 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နေအိမ် (၁) လုံးတွင် Level 1 အဆင့်ရှိ မီးလောင်မှုဖြစ်‌ပေါ် ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဘိုဘိုဝင်း Rescue အ ရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၅)ရက် ည (၁၀) နာရီ (၅၀)မိနစ် အချိန်ခန့်ကမော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ ရာဘာခြံ (၂) လမ်းရှိ နေအိမ် (၁) လုံးတွင် မီး လောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုအား Lev el 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ကဲ့သို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည (၁၁)နာရီ (၈)မိနစ်ခန့်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group