Published 14 December 2023

ဆီထုတ်ယူပြီးသည့် Bowserများသည် မျောမပါရှိဘဲ ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးသို့ သယ်ယူပို့ဆောင်ကြောင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ မှလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းThilawa Task Forceစက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ် (မျော) ထုတ်ပေးရေးအဖွဲ့ မှသိရသည်။

ဒီဇင်ဘာ၁၄ရက်ညနေ ‌၄နာရီမှစတင်၍ သီလဝါ Terminal များမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ စက်သုံးဆီပို့ဆောင်မည့် ဆီတင်ယာဉ်များအားစက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော) များ စတင်ထုတ်ပေးနေပြီး ဆီတင်ယာဉ်တွင်ဆီအပြည့်ဖြည့်ပြီးချိန်၌ မြတ်မေတ္တာမွန်Terminalရှိ စက်သုံးဆီသယ်ဆောင်ခွင့် လက်မှတ်‌မျော ထုတ်ပေးရေးအဖွဲ့ထံသို့ဆက်သွယ်ရမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် သီလဝါပြင်ပ ဒေသရှိ PT Power Terminal (သာကေတ)၊Denko Terminal(ရွှေလင်ဗန်း)၊မြဝတီ(ပိတောက်ချောင်း)၊အဏ္ဏဝါလွမ်း‌ ဗော်ယာ၊BOC Terminal တို့မှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ စက်သုံးဆီ ပို့ဆောင်မည့်ဆီတင်ယာဉ်သို့ ဆီဖြည့်ပြီးသည့်အချိန်တွင် ဆီတင်ယာဉ်( Bowser)ဖြင့်စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော)ထုတ်ယူရန်အတွက် ကိုမူ လတ်တလောတွင် Online( Viber) မှတဆင့် လျေဗာက်ထားနိုင်ပြီး ဆီတင်ယာဉ်( Bowser)ဖြင့်စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော) အား( Viber)မြှပန်လည်ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆီတင်ယာဉ်( Bowser)ဖြင့်စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော)ထုတ်ယူရန်လိုအပ်သည့် စာရွက်စာတမ်းများမှာTerminalများမှဆီထုတ်ယူသည့်ပြေစာ၊PPRD ကြီးကြပ်လက်မှတ်၊ GPS တပ်ဆင်ပြီးကြောင်း အထောက်အထား၊ပေးပို့မည့်အရောင်းဆိုင်၏PPRDလိုင်စင်(မိတ္တူ)တို့ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်ဆီထုတ်ယူပြီးသည့် Bowserများသည် မျောမပါရှိဘဲသယ်ယူပို့ဆောင်ကြောင်းစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေ၊ အမိန့်၊ညွှန်ကြားချက်များအရ အရေးယူခြင်းခံရမည်
ဖြစ်ကြောင်သိရသည်။
Yangon-Times/NN
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group