Published 16 December 2023

၂၀၂၃ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်လျှောက်ထားသူများကို ပဏာမ လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၇)ရက်တွင် စတင်စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။

ဒီဇင်ဘာလ၁၇ရက်မနက်ပိုင်းတွင် ရွှေကြိုမောင်မယ်လျှောက်လွှာအမှတ်စဉ် ၀၀၁မှ ၂၁၆အထိ၊ နေ့လည်ပိုင်းတွင် လျှောက်လွှာအမှတ်စဉ်၂၁၇မှ ၃၃၅အထိ ပဏာမလူတွေ့စစ်ဆေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ စစ်ဆေးသွားမည်ဟုဆိုသည်။

အကယ်ဒမီရွှေကြိုမောင်မယ်ဖြစ်လိုသူများအနေဖြင့် ဒီဇင်ဘာလ၁ရက်မှ၁၅ရက်အတွင်း လျှောက်လွှာများ ထုတ်ယူလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခု ဒီဇင်ဘာ၁၇ရက်တွင်ပဏာမလူတွေ့စစ်ဆေးခြင်းများစတင် ဆောင်ရွက် မည်ဖြစ်သည်။

၂၀၂၃ခုနှစ်အတွက်အကယ်ဒမီဆုများပေးရန် ၂၀၂၃ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့်ရုပ်ရှင်ဇာတ်ကားများတွင်ပါ ဝင်သော အနုပညာရှင်၊အတတ်ပညာရှင်များ၏အမည်များကို သက်ဆိုင်ရာထုတ်လုပ်ရေးကုမ္ပဏီများမှတစ်ဆင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဒီဇင်ဘာလ၈ရက်နောက်ဆုံးထားပြီးတောင်းခံထားကြောင်းနှင့်ယခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို နေပြည်တော်၌ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group