Published.  14 December-2023

   လယ်ယာမြေပို၁၀ဧက ထက်ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများအား တစ်ဧကလျှင် ကျပ် (၄)သိန်းနှုန်းဖြင့် ကာလတို ချေးငွေထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

      အဆိုပါ ကိစ္စရပ်နှင့်ပက်သက်ပြီးချေးငွေ ချေးပေးနိုင်ရေး ဆိုင်ရာလုပ်ငန်းအစည်းအဝေးကို ယနေ့ ဒီဇင်ဘာ (၁၄)ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

  ချေးငွေထုတ်ပေးရာတွင် ပုံစံ(၇)အာမခံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွား ရေးဘဏ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရ AD ဘဏ်များက ညှိနှိုင်းဆွေးနွေးလျှက်ရှိပြီး ချေးငွေအား ဧက (၁)သိန်းအထိ Pilot Project အဖြစ် စတင်ဆောင်ရွက်နိုင်ရန်ရှိကြောင်း သိရသည်။

  ချေးငွေအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ် မြေနှင့် မန္တလေးတိုင်းဒေသကြီးများရှိ နွေစပါးစိုက်ပျိုးသည့် ဧရိယာများတွင် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် 
ရည်ရွှယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group