၁၉ ဒီဇင်ဘာ ၂၀၂၄
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးတင်ပြတဲ့ နစကရွေးကောက်ပွဲအစီအစဉ်အပေါ် ဆွေးနွေးပွဲတက် ရောက်လာတဲ့မြန်မာအိမ်နီးချင်းနိုင်ငံတွေက ခြုံငုံပြီး အကောင်းမြင်ကြတယ် လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နီကွန်ဒက်ချ် ဘာလန်ကူရာက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
▪️မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အကျပ်အတည်းနှင့်ပတ်သက်ပြီး အဖြေခပ်သွက်သွက် လိုချင်ကြတယ် လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
▪️“ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ခြုံငုံမိတဲ့နိုင်ငံရေးဆွေးနွေးမှုအတွက် တံခါးဖွင့်ထားတယ်လို့ ပြောပါ တယ်” လို့လည်း သူကပြောပါတယ်။
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိနေပြီး မြန်မာနှင့် ယင်းရဲ့ အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲသို့ ဒီဇင်ဘာ ၁၉ရက်က တက်ရောက်နေတာဖြစ်ပါတယ်။ ▪️အဲဒီဆွေးနွေးပွဲသို့ တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ(၅)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိကြီးများတက်ရောက်နေကြပါတယ်။
▪️မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လာမယ့်နှစ်မှာကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲအစီ အစဉ်ကို အိမ်နီးချင်းနိုင်ငံတွေကို ချပြခဲ့ပါတယ်။ သူက နိုင်ငံခြားက ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို ဖိတ်ခေါ် နိုင်ခြေရှိတာကိုလည်း ပြောပြခဲ့တယ်လို့ဆိုပါတယ်။
▪️ဝန်ကြီးဦးသန်းဆွေက ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူမှု၊ နိုင်ငံရေးပါတီ ၅၃ ပါတီ မှတ်ပုံတင်ထားမှုတွေကိုရှင်းပြခဲ့ပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီအမ်ပွန်ဆာက ပြောပါ တယ်။
▪️“ အိမ်နီးချင်းနိုင်ငံတွေအပါအဝင်နိုင်ငံခြား ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို ဖိတ်ခေါ်ဖို့ ရည်ရွယ် ထား တယ်လို့ သူကပြောပါတယ်” လို့ ဝန်ကြီးမာရစ်က ဆက်ပြောပါတယ်။
▪️ “မနက်ဖန်ဆွေးနွေးပွဲကတော့ အာဆီယံအဆင့်ဆွေးနွေးပွဲဖြစ်ပြီး လာအိုက သဘာပတိအဖြစ် ဆောင်ရွက် ပါမယ်။ ကျွန်တော့်အနေနှင့်အစည်းအဝေးရဲ့ ရလဒ်ကို ပြောပြပါမယ်”လို့လည်းသူကပြော တယ်လို့ သတင်းများကရေးသားပါတယ်။
Source BKK Post
#Daily_News
Published 19 December 2024
၁။ နှစ်ဆန်း၌ ရွှေဈေးကွက် အနည်းငယ်လှုပ်ခတ်နိုင်
၂။ ၈လတာအတွင်း ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထား
၃။ ရေကြောင်းနှင့် လေကြောင်းခရီးစဉ်များ သတိပြုနိုင်ရန်အထူးမိုးလေဝသသတင်းထုတ်ပြန်
၄။ အာဆတ်အစိုးရပြုတ်သွားသော်လည်း ဆီးရီးယားတို့အတွက်စားဝတ်နေထိုင်ရေး အကြပ်အတည်းကြုံတွေ့နေရဆဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရားတွေ့ကို လိုက်နာကြဖို့ WFP က ထပ်လောင်းတောင်းဆို
#Local_News
Published 19 December 2024
#လူသားချင်းစာနာမှု #WFP
#YMG/SW #Yangon_Times
ပြည်တွင်းရေကြောင်းသွားလာရေးနဲ့လေကြောင်း ပျံသန်းရေးခရီးစဉ်တွေမှာ ကြိုတင်သတိပြုနိုင်ဖို့ အတွက် အထူးမိုးလေဝသသတင်းတစ်ရပ်ထုတ်ပြန်
#Local_News
Published 19 December 2024
#ရေကြောင်းနှင့်လေကြောင်းခရီးစဉ် #မိုးလေဝသသတင်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ၈လတာအတွင်း ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 19 December 2024
#ပို့ကုန်တင်ပို့မှု #ကန်ဒေါ်လာ၁၀ဘီလီယံနီးပါးရရှိ
#YMG/NN #Yangon_Times
အခုလပိုင်းအတွင်းငြိမ်သက်နေတဲ့ ရွှေဈေးကွက်ဟာ လာမယ့်နှစ်ဆန်းပိုင်းမှာ အရောင်းရော အဝယ်ပါအနည်းငယ်လှုပ်ခတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က သိရပါတယ်။
#Local_News
Published 19 December 2024
#ရွှေဈေးကွက် #အနည်းငယ်လှုပ်ခတ်
#YMG/NN #Yangon_Times
#Local_News
Published 19 December 2024
▪️ ရန်ကုန်တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် Diploma in Political Science (DPS) သင်တန်းကို လာမည့် လအတွင်း
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းကို ဇန်ဝါရီလ (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇)နာရီမှ (၉) နာရီ ) တစ်ပတ်လျှင် (၅) ရက်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ ကိုးလ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
▪️ လျှောက်ထားလိုသူများသည် ဒီဇင်ဘာလ (၁၈)ရက်မှ (၂၇) ရက်အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သင်တန်း လျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 644 of 2482