'ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ တိုက်ပွဲရှောင် ၁၁၁၀ ဉီးအထိရှိလာပြီး စားနပ်ရိက္ခာနဲ့အနွေးထည်တွေလိုအပ်နေတယ်လို့ ပရဟိတအသင်းနဲ့ဒေသခံတွေဆီက သိရပါတယ်'
#Local_News
Published_ 24 November 2023
#သီပေါမြို့ #တိုက်ပွဲရှောင်၁၁၀၀ကျော်
#YMG/NN #Yangon_Times
ပြည်နိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ ပွဲစားများနဲ့ လူမှုကွန်ယက်တွေကနေတစ်ဆင့် ငွေကြေးလိမ်လည်ခံရတာတွေမှာ မလေးရှားနိုင်ငံကိုသွားရောက် လုပ်ကိုင်ဖို့ အတွက် ငွေကြေးလိမ်ခံရသဖြင့် လာရောက်တိုင်ကြားတာ အများဆုံးဖြစ်နေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)ထံက သိရပါတယ်။
#Local_News
Published_ 24 November 2023
#(MOEAF) #မလေးရှား #ငွေကြေးလိမ်ခံရ
#YMG/LW #Yangon_Times
"မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ယမန်နေ့ကပြန်လည်ဖွင့်လှစ်ပြီး ခရီးသည်တင်ကားတွေအပြင် ကုန်စည်တွေလည်းပြန်လည်ပို့ဆောင်နေတယ်လို့ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီ"က သိရပါတယ်။
#Local_News
Published_ 24 November 2023
#မန္တလေး-မြစ်ကြီးနားလမ်းပိုင်း #ကုန်စည်များပြန်လည်ပို့ဆောင်
#YMG/NN #Yangon_Times
"တိုက်ကြီးမှာ ငလျင်တွေထပ်လှုပ်နေပါတယ်။ ည ၉ နာရီကျော်လောက်မှာ စတင်လှုပ်ခတ်ခဲ့ပြီး မိနစ်ပိုင်းလောက်လှုပ်ခတ်ခဲ့တယ်"
တိုက်ကြီးဒေသခံတစ်ဦး
#Local_News
Published_ 24 November 2023
#တိုက်ကြီးမြို့နယ် #ငလျင်(၁၀)ကြိမ်လှုပ်ခဲ့
#tthl #Yangon_Times
#Local_News
Published_24 Nov 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမြောက်တပ်ပေါက်ကွဲ၍ စစ်သားနှစ်ဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရဆိုသော သတင်းမှာ မဟုတ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
လူမှုကွန်ရက်စာမျက်နှာများတွင် စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းထဲတွင် အခြေပြုထားသည့် လက်နက်ကြီး အထိုင်စခန်း၊ အမြောက်စခန်းထဲတွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေကာ ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ကြောင်း ရေးသားနေကြခြင်းအပေါ် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။
ယင်းသတင်းမှာ သတင်းတု သတင်းမှားဖြစ်ပြီး အဆိပ်ခတ်နေကြခြင်းသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တွေမြို့ အမြောက်စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူက အဆိုပါ နေရာတွင်မည်သည့် ပေါက်ကွဲမှုမှမရှိကြောင်း၊ အမြောက်တပ်အနေဖြင့်တပ်စခန်းရှိရာနေရာတွင် လုံခြုံရေးတာဝန်များကို ပုံမှန်အတိုင်းထမ်းဆောင်လျက်ရှိကြောင်းနှင့် ယင်းမှာ သတင်းအမှားသာဖြစ်ကြောင်းလည်း ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။
#Local_News #အမြောက်တပ်ပေါက်ကွဲ #နစကထုတ်ပြန် #Yangon_Times/PP
#Local_News
Published_ 24 November 2023
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် တိုင်းဒေသကြီးအတွင်း လုပ်သား ၈၀၀ ကျော်ကို အလုပ်အကိုင်အခွင့်လမ်းပေးနိုင်မည့် လုပ်ငန်း ၃ခု ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁၁/ ၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၂ရက်က ပြုလုပ်ခဲ့ပြီး ယခုလုပ်ငန်း ၃ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့ဲပြီး
လုပ်ငန်းများအနေဖြင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်းရောင်းချမည့် အသင့်စားခေါက် ဆွဲခြောက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့်CMP စနစ်ဖြင့် အရုပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၃,၇၇၉ ဒဿမ ၉၇၂ သန်းနှင့် အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၀၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၈၇၇ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #အလုပ်အကိုင်အခွင့်လမ်း #ရင်းနှီးမြှုပ်နှံမှုကော်မတီ #YMG/LW #Yangon_Times
#Local_News
Published_ 24 November 2023
ပုဂံရှေးဟောင်းဘုရား(၈၉)ဆူရှိ အပင် ၁၂၇၆ ပင်ကို ရှင်းလင်းနိုင်ခဲ့သလို ပုဂံဘုရား(၁၁)ဆူ၌ မိုးကြိုးလွှဲတပ်ဆင်ရန်စီစဉ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှတာဝန်ရှိသူက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ၆ရက်မှအောက်တိုဘာ၂၂ ရက်အထိ ပုဂံရှေးဟောင်းအဆောက်အအုံ ၈၉ ဆူတွင် ပေါက်ရောက်နေသည့် ညောင်ပင်နှင့် အခြားအပင် စုစုပေါင်း ၁၂၇၆ ပင်ကို ဓာတုဗေဒဆေးနှင့် ရှင်းလင်း နှိမ်နင်းခြင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုးစေတီအချို့တွင် မိုးကြိုးစက်ကွင်း“ခ” မှုများဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံ ၁၁ ဆူတွင် မိုးကြိုးလွှဲ တပ်ဆင်နိုင်ရန် ဆက်စပ်ဌာနများ၊ ဂေါပကအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ၊ ညွှန်ကြားရေးမှူးကပြောကြားခဲ့သည်။
ယင်းအပြင်မိုခါမုန်တိုင်းကာလတွင် ရှေးဟောင်းအဆောက်အအုံ(၅၉)ဆူ ထိခိုက်မှုရှိသည့်အနက် အဆောက်အအုံ ပိုင်းဆိုင်ရာ ထိခိုက်မှု (၅၃)ဆူ၊ နံရံပန်းချီနှင့် အင်္ဂတေပန်းဆိုင်ရာထိခိုက်မှု (၆)ဆူဖြစ်ပြီး ဌာနက အချိန်နှင့်တပြေးညီ ပြုပြင် ထိန်းသိမ်းခြင်းနှင့် ကြံ့ခိုင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ မိုခါမုန်တိုင်းကြောင့် ရေဝပ်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံ ၁၅ ဆူကို မြေပြင်ကွင်းဆင်း သုတေသနပြုလုပ်ပြီး ထပ်မံရေဝပ်ခြင်းများ မဖြစ်ပေါ်စေရန် လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးများကို ဆောင်ရွက်လျက်ရှိကြောင်းလည်းပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #ပုဂံဘုရား(၈၉)ဆူ #မိုးကြိုးလွှဲတပ်ဆင်ရန်စီစဉ်နေ #tthl #Yangon_Times
Page 645 of 1921