#Local_News
Published_ 16 March 2024
ရန်ကုန်တိုင်းတွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်နေ၍ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၏ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင် မတ်လ(၁၆)ရက် (၁၅:၃၃) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
တာမွေမြို့နယ် YESC ကလည်း မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း (၁၆.၃.၂၀၂၄)ရက်နေ့ (၁၅:၃၀)ခန့်အချိန်တွင် SystemBreakdown ဖြင့် တာမွေတစ်မြို့နယ်လုံးဓာတ်အားပြတ်တောက်နေပါကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
သင်္ဃန်းကျွန်းမြို့နယ် YESC က လည်း 16-3-24(15:30)SYSTEM BREAK DOWN ဖြစ်ပေါ်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ် ယာယီဓာတ်အားပြတ်တောက်နေကြောင်း ဖော်ပြထားသည်။
#Local_News #ဓာတ်အားစနစ်ချို့ယွင်းမှု #ယာယီဓာတ်အားပြတ်တောက် #tthl #Yangon_Times
#Local_News
Published_ 16 March 2024
ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပနိုင်ရေးအတွက် မြို့တော်ခန်းမရှေ့၌ မဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင် ရွက်လျက်ရှိကြောင်းရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
ယင်းကဲ့သို့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများက မတ်လ(၁၅)ရက်တွင်ကြည့်ရူစစ်ဆေးခဲ့သည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပနိုင်ရေးအတွက် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်နေမှုလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များကြံခိုင်ကောင်းမွန်အောင်တည်ဆောက်ရေး၊ ယာဉ်သွားလာမှုအနှောင့်အယှက်မဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ် #ရေကစားမဏ္ဍပ်တည်ဆောက်ရေး #tthl #Yangon_Times
နေ့အပူချိန်တွေကြောင့် အပူရှပ်တာ၊ အပူကြောင့် သတိလစ်ပြီး အသက်ဆုံးရှုံးတာ၊ အပူကြောင့်နွမ်းနယ်တာ၊ နှာစေး၊ချောင်းဆိုး၊ ဖျားနာတာနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်တာနဲ့မျက်စိကွယ်တာတွေဖြစ်နိုင်လို့ အထူးသတိပြုကာကွယ်ကြဖို့ လိုအပ်တယ်။ မကွေးတိုင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း
#Local_News
Published_ 16 March 2024
#နွေရာသီအားလပ်ရက် #ခရမ်းလွန်ရောင်ခြည်အန္တရာယ်
#tthl #Yangon_Times
'အခုနှစ်ရာသီဥတုကောင်းတော့ သရက်ပင်တွေ ရောဂါမကျဘူး၊ ဆေးမဖြန်းတဲ့အတွက်အစေးပေါက်တဲ့ ပြဿနာတွေ၊ ရောဂါဆိုတာထက် ပိုးကျနေတာပေါ့၊ လှေး၊ ဖြုတ်ကျတာတွေများနေတယ်'
#Local_News
Published_ 16 March 2024
#အရည်အသွေးကျဆင်းနိုင် #သရက်ပင်ပိုးမွှားများကျရောက်
#YMG/NN #Yangon_Times
ဇရပ်ကြီးကအချို့စစ်ဘေးရှောင် ပြည်သူတွေဟာ စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်စီးဆုံးရှုံးမှာ စိုးရိမ်တဲ့ အတွက် နေအိမ်တွေကို ပြန်သွားကျပေမယ့် နယ်မြေမအေးချမ်းသေးတာကြောင့် လက်ရှိမှာတော့ တောင်ငူရှိစစ်ဘေးရှောင်စခန်းတွေကို ပြန်လည်ရောက်ရှိလာသလို ကျောက်ကြီးမုန်းနဲ့ အခြားဒေသတွေက လာရောက်စစ်ရှောင်တဲ့ သူတွေကြောင့် တောင်ငူမြို့နဲ့ မြို့တစ်ဝိုက်စစ်ဘေးရှောင်ပြည်သူထပ်တိုးလာတယ်လို့ တောင်ငူမြို့ရှိ ဒေသခံ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published_ 16 March 2024
#စစ်ဘေးရှောင်ပြည်သူတိုးလာ #စားနပ်ရိက္ခာလိုအပ်မှုတွေရှိ
#YMG/LW #Yangon_Times
#Local_News
Published_ 16 March 2024
မုဒုံမြို့နယ်တွင် မေတ္တာစံအိမ်ဘိုးဘွားနေ့စောင့်ရှောက်ရေးကော်မတီနှင့် မုဒုံမြို့နယ်မီးသက်ဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးငယ်များကို အခမဲ့ရေကူးသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မေတ္တာစံအိမ် ရေကူးသင်တန်းအပတ်စဉ်(၇)ဖွင့်လှစ်ထားပြီး အဆိုပါသင်တန်းသို့ကလေးလူငယ် (၅၃)ယောက်သင်ကြားလျက်ရှိသည်ဟု ဆိုသည်။
မေတ္တာစံအိမ် ရေကူးသင်တန်းအပတ်စဉ်(၇)ဖွင့်လှစ်ပွဲ အခမ်းနားပြုလုပ်ခဲ့ပြီးမုဒုံမြို့နယ်ဘိုးဘွားရိပ်သာဥက္ကဌဦးလှသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ မုဒုံမြို့နယ်မီးသက်ဦးစီးမှူးဦးဖုန်းမြင့်ဦးမှရေကူးနည်းစနစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်မေတ္တာစံအိမ်ဘိုးဘွားနေ့စောင့်ရှောက်ရေး နာယကဒေါက်တာမြင့်ဦးမှ ရေကူးသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#Local_News #အခမဲ့ရေကူးသင်တန်းပေး #tthl #Yangon_Times
#Local_News
Published_16 March 2024
AA က စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၁၃ ကြိမ် ရှိနေပြီဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့မတ်လ ၁၆ ရက် နံနက် ၁ နာရီခန့်အချိန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ AA အဖွဲ့က ပုဏ္ဏားကျွန်းဘက်မှ လက်နက် ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းရှိ လူ နေအိမ်တစ်ခုအနီး ကျရောက်ပေါက်ကွဲခဲ့သ ည့်အတွက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းကြောင့် ဒဏ်ရာရသူများအား ပြည်နယ်အစိုးရ တာဝန်ရှိသူများကစစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင် သိသည်။
AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်တွေတပ်နယ်အတွင်းရှိ ကျေးရွာများသို့လည်း ကောင်း၊ ဖေဖော်ဝါရီ လ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့လည်းကောင်း၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့လည်းကောင်း၊ မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ် ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအနီးသို့လည်းကောင်း၊ မတ်လ ၁၃ ရက် နံနက် ၉ နာ ရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုလည်းကောင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
AA ကမြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။
#Local_News #လက်နက်ကြီးဖြင့်ပစ်ခတ်မှု၁၃ကြိမ် #နစကထုတ်ပြန် #Yangon_Times/PP
Page 640 of 2127