#Local_News
Published 17 March 2024
ရန်ကုန်မြို့ရှိမြို့နယ်အချို့တွင်မတ်လ(၁၇)ရက်ညနေပိုင်းအချိန်၌ အချိန်အခါမဟုတ်မိုးများရွာ သွန်းပြီးနေပူမိုးရွာဖြစ်ခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ်၊ရန်ကင်းမြို့နယ်၊လှိုင်သာယာမြို့နယ်အစရှိသည့်မြို့နယ်တို့တွင် မိုးထစ်ချုန်းရွာခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နေ့လည်(၂)နာရီကတည်းက အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ၂၀-၃-၂၀၂၄ ရက်နေ့မှ ၂၄-၃-၂၀၂၄ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊
အကြံပြုချက်အနေဖြင့်ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#Local_News #ရန်ကုန်တွင်အချိန်အခါမဟုတ်မိုးရွာ #tthl #Yangon_Times
#Local_News
Published 17 March 2024
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုများကို ဖြေပေးရမည့်“လန်ချန်း-မဲခေါင်ဗဟုသုတအမေးအဖြေပြိုင်ပွဲ” ကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှကြီးမှူးကျင်းပမည်ဖြစ်ပြီး အဖြေမှန်သူများအားလက်ဆောင်များချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(၇) ကြိမ်မြောက် လန်ချန်း-မဲခေါင်သီတင်းပတ်ကို ဂုဏ်ပြုတဲ့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တတိယအကြိမ်မြောက် “လန်ချန်း-မဲခေါင်ဗဟုသုတအမေးအဖြေပြိုင်ပွဲ” ကို သံရုံး Facebook Page ၌ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
Facebook Page မှာ မတ်လ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သော မေးခွန်း ၃ ခုကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
နေ့စဉ်အဖြေအားလုံးမှန်သူများထဲမှ ၃ ဦးကို ကျပန်းရွေးချယ်ကာ Xiaomi ခြင်ဖမ်းစက်နဲ့ သုံးမျိုးပါစာရေးကိရိယာပစ္စည်းကို လက်ဆောင်အနေဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုရရှိသူစာရင်းကို လန်ချန်း-မဲခေါင်သီတင်းပတ် ပြီးဆုံးပြီးနောက် ကြေညာပေးသွားမည်ဖြစ်ပြီး အားလုံးပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ထားကြောင်းသိရသည်။
#"လန်ချန်း-မဲခေါင်ဗဟုသုတအမေးအဖြေပြိုင်ပွဲ #အဖြေမှန်သူကိုလက်ဆောင်များချီးမြှင့်
#tthl #Yangon_Times
#Local_News
Published 17 March 2024
တစ်လအတွင်း တရားမဝင်ကုန်သွယ်မှု(၈၀)မှု ဖမ်းဆီးရမိ၊သတင်းပေးသူများကိုဆုကြေးငွေ( ၈၀၃.၅၆၄)သန်းချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက တာဝန်သိပြည်သူသတင်းပေးမှု ၈၇ ကြိမ်ရှိခဲ့ရာ သတင်းမှားငါးကြိမ်နှင့် နောက်ကျသတင်း နှစ်ကြိမ်ရှိခဲ့ပြီး ဖမ်းဆီးရမိမှုအကြိမ် ၈၀ တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၇ ဒသမ ၈၂ သန်းရှိခဲ့သည်ဟုဆိုသည်။
အဆိုပါဖမ်းမိတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ရာ စုစုပေါင်းကျပ် ၈၀၃ ဒသမ ၅၆၄ သန်းကို ချီးမြှင့်သွားမည်ဟု သိရသည်။
သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုသတင်းများကို သိရှိလိုပါက ဖုန်း- ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်း- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ်- antiillegaltradeinfo@gmail. com သို့ အချိန်မီဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် တာဝန်သိနိုင်ငံသား ပြည်သူတစ်ဦးအဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
#Local_News #ကုန်သွယ်မှု(၈၀)မှုဖမ်းဆီးရမိ #ဆုကြေးငွေသန်း(၈၀၀)ကျော်ချီးမြှင့် #tthl #Yangon_Times
#Local_News
Published 17 March 2024
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကြီး (UMBEEA)မှကြီးမှူး၍"မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် ၂၀၂၄" ကန်သာယာ စျေးဝယ်စင်တာ၌ (၃)ရက် တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄-ခုနှစ်၊ မတ် (၂၄၊၂၅၊၂၆)ရက်နေ့များတွင် Wyndham Hotel ၏ ကန်သာယာစျေးဝယ်စင်တာ(Shopping Mall) တွင် ကျင်းပမည်ဖြစ်သည်။
အခုနှစ်တွင် ဆိုင်ခန်းပေါင်း (၅၆)ခန်းခင်းကျင်းရောင်းချနိုင်ရန်ပြင်ဆင်ထားပြီး သင်္ကြန်အငွေ့ အသက်သီချင်းများ၊စတုဒိတာများလည်း ပြင်ဆင်ထားမည်ဟုဆိုသည်။
(၃)ရက်တာ ကျင်းပမည့် သင်္ကြန်အကြို စျေးရောင်းပွဲတော်ကြီးအတွက် ဆိုင်ခန်းနေရာများကိုလည်း အသင်းဝင်များရော အသင်းဝင်မဟုတ်သူများကိုပါ ရောင်းချပေးနေပြီးပြည်တွင်း MSMEs လုပ်ငန်းရှင်များမှ ချက်ချင်း ဝယ်ယူကြရာဆိုင်ခန်းနေရာစုစုပေါင်း၏ 25% ကို တစ်ထိုင်တည်းရောင်းချပြီးဖြစ်သည်ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကြီး (UMBEEA)၏ ဒုတိယအကြိမ် "မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် ၂၀၂၄" အတွက် ရှင်းလင်းပွဲ အခမ်းအနားကို UMFCCI တွင် ကျင်းပခဲ့ရာMOU ရေးထိုးထားသော မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ပြည်တွင်းမှ MSMEs လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဆိုင်ခန်းဖြင့် ရောင်းချရန်စိတ်ဝင်စားသူများအနေ ဖြင့်UMBEEA အသင်း Page မှ လည်းကောင်းViber no. 095107724 သို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#Local_News #ကန်သာယာစျေးဝယ်စင်တာ #"မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် #tthl #Yangon_Times
#Local_News
Published 17 March 2024
'မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့'အကြိုလှုပ်ရှားမှုအဖြစ်လူနာ(၂၅၀)ကိုတိုင်းရင်းဆေး သမားတော်ကြီးများမှတိုင်းရင်းဆေးပညာဖြင့် ကုသပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လူနာများ၏သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာရောဂါများ၊ ထုံနာကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ ပါးရွဲ့ ရောဂါများ၊ အာရုံကြောအားနည်း ရောဂါများ၊ မီးယပ်ရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ကလေးသူငယ်နာရောဂါများနှင့် အဖျားရောဂါလူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ ၂၅၀ ကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆေးကုသခြင်းအစီအစဉ်ကို တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်၍ ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှဆေးရုံအုပ်ကြီး ဒေါ်မူမူချိုပါဝင်သော ဆေးကုသရေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) နှင့် နေပြည်တော်တိုင်းရင်းဆေးဆရာအသင်းတို့မှ တိုင်းရင်းဆေးသမားတော်ကြီးများကကုသပေးခဲ့ ခြင်းဖြစ်သည်။
ဆေးကုသခြင်းကို နေပြည်တော်အမျိုး သားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲ၌ကျင်းပရာကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး လာရောက်ပြသသည့်လူနာများကို တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှပေးခဲ့ကြောင်း သိရသည်။
#Local_News #တိုင်းရင်းဆေးပညာဖြင့်ကုသပေး #tthl #Yangon_Times
မော်တင်စွန်းဘုရားပွဲတော်ကို ကုန်းလမ်းအပြင်ရေလမ်းနဲ့ပါလာနိုင်ပါတယ်၊ ပွဲတော်ကာလမှာဘုရားဖူးလာသူတွေတစ်ရက်ကို ဦးရေပျှမ်းမျှသုံးထောင်ကနေ ငါးထောင်ဝန်းကျင်လောက်ရှိတယ်၊ ဘုရားဖူးပြီးရင် သဘာဝအလှအပတွေနဲ့ပတ်သက်တဲ့ ကျောက်ကလပ်နဲ့ ငွေတောင်ကမ်းခြေမှာအပန်းဖြေသူတွေ ၊ ရေလှိုင်းစီးသူတွေ ၊ ကျောက်ဆောင်တွေ၊ အလှဓာတ်ပုံရိုက်သူတွေနဲ့အပန်းဖြေကြတယ်
#Local_News
Published_ 17 March 2024
#ကျောက်ကလပ်နှင့်ငွေတောင်ကမ်းခြေ #မော်တင်စွန်းဘုရားဖူး
#YMG/NN #Yangon_Times
#Daily_News
Published_ 16 March 2024
၁။ နွေရာသီအားလပ်ရက်၌ နေ့အပူချိန်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်များသတိပြုကာကွယ်ရန်လို
၂။ သရက်ပင်ပိုးမွှားများကျရောက်နေသည့်အတွက် အရည်အသွေးကျဆင်းနိုင်
၃။ နယ်မြေအေးချမ်းမှုမရှိသေးသည့်အတွက် တောင်ငူမြို့အနီး စစ်ဘေးရှောင်လာသူ ဦးရေထပ်တိုးလာဟုဆို
၄။ ဆီးရီးယားတွင် တစ်နေ့ကိုလျှပ်စစ်မီး(၄)နာရီသာရရှိကာ ပြည်သူများအခြေခံ လိုအပ်ချက်ပြဿနာများကြုံတွေ့လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 639 of 2127