#Local_News
Published 4 February 2025
▪️ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတက်ရောက်ရန်အတွက် ဖိတ်ကြားစာရင်းတွင်မပါဝင်သော ရုပ်ရှင်လောကသားများအနေဖြင့် တက်ရောက်လိုပါက လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားသည်။
▪️ ထူးချွန်ဆုပေးပွဲသို့ တက်ရောက်ရန်အတွက် ဖိတ်ကြားခံရသူများစာရင်းကို ဖေဖော်ဝါရီလ ၄ရက် မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကြော်ငြာသင်ပုန်းတွင် ကြေညာမည်ဖြစ်ပြီး ဖိတ်ကြားခံရသူများသည် လက်မှတ်များကို ဖေဖော်ဝါရီလ၄ရက်နေ့လည် ၁၂နာရီမှ ဖေဖော်ဝါရီလ၅ရက် ညနေ ၅ နာရီနောက်ဆုံးထား ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
▪️ ဖိတ်ကြားစာရင်းမပါဝင်သူများအနေဖြင့်လည်း လျှောက်လွှာပုံစံကိုရယူပြီး မှတ်ပုံတင်မိတ္တူ၊အစည်းအရုံးဝင်ကတ်ပြားမိတ္တူနှင့်အတူဖေဖော်ဝါရီလ၅ရက် ညနေ၃နာရီနောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း၊လက်မှတ်ပိုလျှံသည့်အပေါ်မူတည်၍ တက်ရောက်ခွင့်ရရှိသူများကို ဖေဖော်ဝါရီလ၆ရက် နေ့လည်၁၂ နာရီတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကြော်ငြာသင်ပုန်းတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times