Published 19 March 2024
အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနသို့တင်ပြီး ပြည်ပသို့အလုပ်သွားရောက် အလုပ်လုပ်လိုသူ များ စီက ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကိုစိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု အလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၉ရက် တွင် ဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာ က တဆင့် သတိပေး လိုက်သည်။
အချို့အေဂျင်စီများသည် ဦးစီးဌာနကို Demand letter တင်ပြီးဦးစီးဌာနမှ သက်ဆိုင်ရာ သံရုံးကိုစိစစ်ရန်ပေးပို့ချိန်တွင် စိစစ်ခံမှုမရှိခြင်း၊ ထောက်ခံချက်သွားမယူခြင်း တို့ရှိပြီး ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးသို့အကြောင်းကြားသည့်စာအား အေဂျင်စီသို့ မိတ္တူပေးပို့သည်ကို အခွင့်ကောင်းယူကာ အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကောက်ခံခြင်း၊ အလုပ်သမားများမှ အချိန်မီပြည်ပမထွက်ခွာရ၍ အေဂျင်စီထံဆက်သွယ် ရာတွင် ဦးစီဌာနမှ ခွင့်မပြုသေး၍ မစေလွှတ်နိုင်သည့်ပုံစံဖြင့်လွှဲချခြင်း စသည့်အပြုအမူများလုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိရပြီး အထူးသဖြင့် မလေးရှား Demend Letter များ ဖြစ်ကြောင်းသတိပေးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထို့ကြောင့် အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနတို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကို စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်းသတိပေးထားသည်။
အလုပ်သမားဝန်ကြီးဌာန အနေဖြင့်အေဂျင်စီလိုင်စင်ခွင့်ပြုထုတ်ပေးထားခြင်းသည် ပြည်သူများအပေါ်၊ ပြည်ပသို့သွားရောက်မည့်သူများအပေါ် လိမ်လည်လှည့်ဖြားရန်အတွက်မဟုတ်ဘဲ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရှာဖွေပေးပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ဝန်ဆောင်ခများရယူကာ ကုသိုလ်လည်းရ ဝမ်းလည်းဝစေရန်ဖြစ်ကြောင်း ၊ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံး ကျင့်ဝတ်နှင့်ညီသော အေဂျင်စီကောင်းများ ဖြစ်စေလိုကာ မိမိ၏ပြုလုပ်မှု ပျက်ကွက်မှုကြောင့် ဝန်ကြီးဌာန၏ ပုံရိပ်၊ အေဂျင်စီများ၏ ပုံရိပ်တို့ကို မထိခိုက်စေလိုကြောင်းသတိပေးချက်တွင်ရေးသားထားသည်။
Yangon Times/LW
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 19 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဆယ်တောင်ရပ်ကွက်၊ သာကေတတံတားအဆင်းတွင် မတ်လ ၁၈ရက် ည ၇နာရီ ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ရာ မိနစ် ၄၀ကြာ ငြိမ်းသတ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတ အသင်း များထံ ကသိရသည်။
အဆိုပါ မီးလောင်မှု တွင် ဆီဘောက်ဆာယာဉ် မီးလောင်ရာ မှ အနီးရှိ အလုပ်သမားများနေထိုင်သည့် နေအိမ်တန်လျား များပါ မီးလောင်ခဲ့ကြောင်း သိရသည်။
"" လူကထိခိုက်မှုမရှိပါဘူး အခုနေရာ က သန်လျင် တံတားစီမံကိန်း အတွက် အသုံးပြုတဲ့စက်ယန္တရား တွေကို ထည့်ဖို့ ဆီတန့်လေးတွေရှိတယ် ဂါလံ၁၄၀၀ ၁၅၀၀ ဆံ လှောင်ကန်လေးတွေပေါ့ အဲ့ထဲ ကို ဆီဘောက်ဆာ က ခွဲပြီး ဆီဖြည့် တဲ့ နေရာ မှာလောင်တာ လို့ ယူဆရတယ်။ အဆောက်အဦး တွေ ကတော့ဆောက်လုပ်ရေး အတွက် အလုပ်သမားတွေ နေတာ တို့ ဆောက်လုပ်ရေးပစ္စည်းတွေ ထားဆဲ့အဆောက်အဦးတွေ လောင်သွားတာပါ'"မီးလောင်ပြင် ကိုသွားရောက်ကူညီပေးသည့် ရှင်သန်ရေးကူညီမှု အသင်းမှအသင်းသား တစ်ဦးကပြောသည်။
မီးလောင်မှု ကို Level 1 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ည၇နာရီ ၃၇မိနစ် တွင် မီးငြိမ်းသွားကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 18 March 2024
၁။ အချိန်အခါမဟုတ်မိုးရွာဦးမည်ဖြစ်၍ မိုးကြောင့် စိုက်ပျိုးသီးနှံမပျက်ရအောင်ဆောင်ရွက်ထားရန်လိုဟုဆို
၂။ တရုတ်အာလူးတွေ ကုန်အဝင်များနေသဖြင့် ပြည်တွင်းအာလူးဈေးထိုးကျပြီး တောင်သူတွေအခက်တွေ့
၃။ မြတ်မော်တင်စွန်းစေတီတော်ပြုပြင်မှုမှာ ရာနှုန်းပြည့်နီးပါးပြီးစီး၊ သုံးထပ်ကျောင်းဆောင်နှင့် အာရုံခံတန်ဆောင်များ တည်ဆောက်ရန်ပါဝင်လှူဒါန်းနိုင်
၄။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကျဲခဲ့သည့်ဗုံးများကြောင့် လာအိုဒေသခံများ ယနေ့အထိထိတ်လန့်စိုးရိမ်နေရဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက ဖွင့်လှစ်သင်ကြားပေးမယ် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို လာမယ့်မေလမှာ ထပ်မံဖွင့်လှစ်သွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက သိရပါတယ်။
#Local_News
Published_ 18 March 2024
#မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်း #သင်တန်းဖွင့်လှစ်
#YMG/LW #Yangon_Times
သင်္ကြန်ပိတ်ရက်တွေဖြစ်တဲ့ ဧပြီ(၁၃)(၁၄)(၁၅)ကိုဘိုကင်တင်သူအများဆုံးဖြစ်နေပြီး သင်္ကြန်ပိတ်ရက်မှာတော့တစ်သိန်းတန်အခန်းဟာ နှစ်သိန်းဖြစ်သွားကာ တည်းခိုစရိတ်တွေ တက်လာနိုင်ခြေရှိတယ်။
ချောင်းသာကမ်းခြေ ဟိုတယ်လမ်းညွှန်ဝန်ဆောင်မှုလုပ်ငန်းမှ ကိုနေအောင်
#Local_News
Published_ 18 March 2024
#သင်္ကြန်ရက်ပိတ်ရက် #ကမ်းခြေဘိုကင်တင်သူများနေ
#tthl #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း ပင်လယ်ကမ်းစပ်ရှိ
မြတ်မော်တင်စွန်းစေတီတော်ပြုပြင်မှုလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး သုံးထပ်ကျောင်းနဲ့ အာရုံခံတံဆောင်းတွေ တည်ဆောက်ဖို့ ပါဝင်လှူဒါန်းနိုင်တယ်လို့ ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက သိရပါတယ်။
#Local_News
Published_ 18 March 2024
#သုံးထပ်ကျောင်းဆောင် #အာရုံခံတန်ဆောင်း
#YMG/NN #Yangon_Times
တရုတ်-မြန်မာနယ်စပ်မှာ မြေငှားပြီး လာရောက်စိုက်ပျိုးတဲ့ တရုတ်အာလူးတွေကလည်း ဈေးကွက်ထဲအဝင်များနေ ပြည်တွင်းက စိုက်တဲ့အာလူးကလည်းရာသီပေါ်ချိန်ဖြစ်နေတော့ ကုန်အဝင်များပြီး ပြည်တွင်းအဝယ်ကလည်း သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ အရောင်းပါးတာတွေကြောင့် အာလူးဈေးကထိုးကျသွားတယ်။ အာလူးစိုက်တောင်သူတွေအနေနဲ့လည်း ရာသီပေါ်စမှာပဲ ဈေးကကျတော့ အခက်အခဲတွေ ဖြစ်တာပေါ့။
#Local_News
Published_ 18 March 2024
#ပြည်တွင်းအာလူးဈေးထိုးကျ #တရုတ်-မြန်မာနယ်စပ်
#YMG/LW #Yangon_Times
Page 636 of 2127