#Local_News
Published 26 December 2024
▪️ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ရှေ့ပြေးလူဦးရေစာရင်းကို ယခု ဒီဇင်ဘာလကုန်၌ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို ၂၀၂၄ခုနှစ် အောက်တိုဘာ၁ရက်နေ့မှစတင်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ကောက်ယူခဲ့သည့်ရှေ့ပြေးလူဦးရေစာရင်းများကို ဒီဇင်ဘာ ၃၁ရက်၌ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
▪️ ထို့ကြောင့် စာရင်းအချက်အလက်များရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန၏ website www.dop.gov.mm တွင်ရယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ၇၅ ကြာကျင်းပသွားမယ်လို့ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 December 2024
#မန်းရွှေစက်တော် #ဗုဒ္ဓပူဇနိယဘုရားပွဲတော်
#YMG/SW #Yangon_Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ခရစ္စမတ်ကာလအတွင်း တစ်ရက်ကို ဘုရားဖူးဧည့်သည် ဦးရေနှစ်သောင်းကျော်ကနေ သုံးသောင်းဝန်းကျင်အထိဝင်ရောက်နေတယ်လို့ စေတီတော်ဂေါပက အဖွဲ့ထံက သိရပါတယ်။
#Local_News
Published 26 December 2024
#ကျိုက်ထီးရိုးစေတီတော် #ကျိုက်ထိုမြို့
#YMG/NN #Yangon_Times
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ခရစ္စမတ်နဲ့နှစ်သစ်ကူးပွဲတော်ခြောက်ရက်ကြာကျင်းပနေတယ်လို့ သိရပါတယ်။
#Local_News
Published 26 December 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်
#YMG/NN #Yangon_Times
လာမယ့်နှစ်မှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဝါဂွမ်းတွေကို ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်တွေကို တိုးမြှင့်တင်ပို့သွားဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 26 December 2024
#ဝါဂွမ်း #ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ မုံရွာငုံးမွေးမြူရေးဇုန်၌ ငုံးကောင်ရေ ၆ သိန်းကျော်မွေးမြူထားရာတစ်ရက်လျှင် ငုံးဥ အရေအတွက် ၅ သိန်းကျော်ထွက်ရှိနေကြောင်း သိရသည်။
▪️ အဆိုပါ မုံရွာငုံးမွေးမြူရေးဇုန်အတွင်း ငုံးမွေးမြူရေးလုပ်ငန်းရှင် ၄၀ ဦးကျော်မှ ငုံးကောင်ရေ ၆ သိန်းကျော်အား ငုံးခြံ ၉၀ ဖြင့်မွေးမြူလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့မွေးမြူရာတွင် တစ်ရက်လျှင် ငုံးဥအရေအတွက် ၅ သိန်းကျော်ထွက်ရှိရာ ဒေသတွင်းစားသုံးရန် လုံလောက်သည့်အပြင်အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 December 2024
▪️ ယနေ့ ဒီဇင်ဘာလ၂၆ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ စတိုးဆိုင်ဖွင့်နေသည့် ဆိုင်ရှင်ကို လုယက်ကာ ဓားဖြင့် ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ၂၆ ရက်နံနက် ၈း၃၀ နာရီအချိန်ကဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကိုဓါးဖြင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း၊ ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးအိခိုင်သည်ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင်ဝတ်ဆင်ထားသောရွှေဆွဲကြိုးကိုဝင်ရောက်လုယက်ခဲ့ရာ ဆိုင်ရှင်ကပြန်လည်ခုခံသဖြင့် လုယက်သူကဓါးဖြင့်ထိုးခဲ့ခြင်းကြောင့် ဆိုင်ရှင်သည်အခင်းဖြစ်ရာနေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားပြီးနောက် တရားခံထွက်ပြေးလွတ်မြောက်သွားရာ တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 636 of 2482