#Local_News
Published 16 March 2024
ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့်ရွှေဆိုင်များ အားလုံးသည်YGEA ရဲ့ သတ်မှတ်စျေးနှုန်းအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းဝယ်ရပ်ထားရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက မတ်လ ၁၆ရက်တွင် အထူးသတိပေးကြေညာလိုက်သည်။
ကောလဟာလ အခြေအမြစ်မရှိသော သတင်းအမှားအမျိုးမျိုးကို အကြောင်းပြု၍ ပြင်ပဈေးကွက်အတွင်း အရောင်းဝယ်လုပ်သူများကရွှေဈေးနှုန်းကို ဈေးကစား၍ ဆွဲတင်ဆွဲချလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။
၎င်းဖြစ်စဉ် အကြောင်းအရင်းအမှန်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ပြင်ပဈေးကွက်တွင် အရောင်းဝယ်ပြုလုပ်သူများ အနေဖြင့်ကောလဟာလများကို အကြောင်းပြုပြီး ဈေးကစားခြင်းမျိုး မပြုလုပ်ရန် အထူးသတိပေးပန်ကြားအပ်ကြောင်း ရေးသားထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့မတ်လ ၁၆ ရက်နေ့ အကယ်ဒမီမီးလင်းရွှေရွှေဈေးကွက် အဖွင့်ဈေးမှာကျပ် ၃၇၉၄၅၀၀ (ကျပ်သုံးဆယ့်ခုနှစ်သိန်းကိုးသောင်းလေးထောင့်ငါးရာ) ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#Local_News #YGEA #ရွှေအရောင်းအဝယ်ရပ်ထားရန် #ရွှေအသင်းအထူးသတိပေး #YMG/LW #Yangon_Times
#Local_News
Published 16 March 2024
ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ဝင်ရောက်သည်အသားတိုးကြက်ခြံဖမ်းဈေးများ ယခုလအတွင်းဈေးနှုန်းများ ပြန်ကျလာကြောင်း မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးမှ သိရသည်။
ထိုသို့ကျဆင်းရာတွင် ယခင်လက အသားတိုးကြက်ခြံ ဖမ်းဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်အထိရှိလာခဲ့ရာယနေ့တွင် ကျပ် ၆၈၀၀ သို့ ကျဆင်းလာကြောင်း သိရသည်။
"အသားတိုးကြက်ခြံဖမ်းဈေးကလက်ရှိတစ်ပိဿာကို ၆၈၀၀ ကျပ်အထိ ကျနေတယ်။ အရင်လကတော့ ကြက်တပိဿာကို ၈၀၀၀ အထိ တက်လာတယ်၊ တခြားဆီမီး ကြက်နီမလည်းနဲ့ ဗမာကြက်ကတော့ပုံမှန်ပါပဲ"ဟု မင်္ဂလာတောင်ညွှန်ကြက်ဘဲဈေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ယနေ့တွင် အသားတိုးကြက်ပိဿာချိန်ငါးသောင်းခန့်ဝင်ရောက်နေပြီး မြန်မာနိုင်ငံတွင် လူအများဆုံးမွေးမြူသည်မှာ ကြက်မွေးမြူရေးဖြစ်ပြီး စီပီကြက်ဟု အလွယ်ခေါ်ကြသည့် အသားတိုးကြက်၊ ဆီမီးဟုခေါ်သည့် ဒံပေါက်ကြက်နှင့် ဥစားကြက်များ အသက်ကြီးပြီး ဥနှုန်းကျလာ၍ ရောင်းထုတ်ကြသည့် ဥတုံးကြက် ခေါ် ကြက်နီမတို့ဖြစ်ကြသည်။
အဆိုပါကြက်များသည် မွေးမြူပုံနှင့် ဈေးကွက်အနေအထား မတူသည့်တိုင်းရင်းကြက်ခေါ် မြန်မာကြက်လည်းရှိသေးကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ရန်ကုန်တိုင်း ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့မှ ကြက်များဝင်ရောက်ပြီး ရန်ကုန်တိုင်းရှိမြို့နယ်အချို့သို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။
#Local_News #အသားတိုးကြက်ခြံဖမ်းဈေး #ယခုလအတွင်းဈေးပြန်ကျလာ #YMG/ NN #Yangon_Times
#Local_News
Published 16 March 2024
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၇/၆) တွင် Suzuki Swift အမျိုးအစားယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိကာရံထားသော ဘယ်ရီယာတုံးများအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။
မတ်လ၁၅ရက် ည ၇နာရီ ၂၀မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၃)ဦးအနက် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ပလွေးအမြန်လမ်းမီးသတ်စခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
#ယာဉ်အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းကိုဝင်တိုက် #၂ဦးထိခိုက်ဒဏ်ရာရ #Local_News #YMG/LW #Yangon_Times
#Local_News
Published_ 16 March 2024
၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုကို ပိုက်ကျော်ခြင်းအားကစားသမားမောင်ဇင်ကိုကိုနှင့်မသန်စွမ်း ပြေးခုန်ပစ်အားကစားသမားမစိန်ဖော့တို့ရရှိခဲ့ကြောင်းသိရသည်။
တစ်နှစ်တာအတွင်း အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု စုစု ပေါင်း ရွှေ(၂)ဆု၊ငွေ(၁)ဆု၊ကြေး(၁)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကို ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ခြင်းဖြစ်သည်။
ယင်းအပြင်အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့ကိုလည်း ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုချီးမြှင့်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား/ အမျိုးသမီးအားကစားသမားဆုများကိုပေးအပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကိုနှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၂၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပခဲ့ကြောင်း သိရသည်။
#Local_News #'အကောင်းဆုံးအားကစားသမားဆု' #ပြေးခုန်ပစ်ကစားသမားမစိန်ဖော့ #tthl #Yangon_Times
၁၅ မတ် ၂၀၂၄
ယခုနှစ်နေပြည်တော်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များလာရောက်ဖျော်ဖြေမည့် လမ်းလျှောက်သင်္ကြန်ကို ကျင်းပပေးမယ်လို့သိရပါတယ်။
ယခင်နှစ်ကကဲ့သို့ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ရာ အထူးအစီအစဉ်အနေဖြင့် Boss and Jobs Company နှင့် ကိုရီးယား ကုမ္ပဏီများပူးပေါင်း၍ ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင် သီဆိုကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ထင်ပေါကျော်ကြားသည့် အနုပညာရှင်များကိုလည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ မတ်လ ၁၅ရက်တွင်းကျင်းပတဲ့ အဆိုပါကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ရိုးရာပွဲတော်တစ်ခု အဖြစ် ပြည်သူများသာမက ဝန်ထမ်းများ အားလုံး ပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်း ပခြင်းဖြစ်ပါတယ်။ ဝန်ကြီးဌာနများအားလုံး ပေါင်းစည်းပြီး ဝန်ထမ်းများအားလုံး စုပေါင်း ပျော် ရွှင်သည့် သင်္ကြန်ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆက်လက်ပြောကြားပါတယ်။
အစည်းအဝေးတွင် နေပြည်တော်သင်္ကြန်ကို ဖန်တီးမည့် Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက တိုင်းရင်းသားသင်္ကြန်၊ စတုဒီသာသင်္ကြန်၊ ဝန်ကြီးဌာန သင်္ကြန်နှင့် လူငယ်သင်္ကြန် စသည့် ဇုန် ၄ ခု ထည့် သွင်းကျင်းပနိုင်ရေးအပါအဝင် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်းသိရှိရပါတယ်။
@ymg/knl
#Daily_News
Published_ 15 March 2024
၁။ သဘင်အပြင်ရုပ်ရှင်၊ ဂီတ၊ စာပေသမားများကိုလည်း မျက်စိအခမဲ့ခွဲစိတ်ပေးမည်၊(၂၀)ဦးခွဲပြီးပြီဖြစ်
၂။ သင်္ကြန်ကာလအတွင်း ဟိုက်ပါရေတံခွန်နှင့်မိုင်းလားအပါအဝင် ရှမ်းရှေ့ခရီးစဥ်သစ်များလည်ပတ်ရန်ကြိုတင်ဘိုကင်တင်သူများရှိနေ
၃။ ပြည်ပဝယ်လိုအားကြောင့် ဈေးမြင့်နေသည့် ကြက်သွန်နီဈေးကွက် ပြည်တွင်းဝယ်လိုအားလည်းပုံမှန်ရှိနေ
၄။ သောကြာနေ့တွင် စတင်မည့်ရုရှားသမ္မတရွေးကောက်ပွဲ မဲဆန္ဒပေးမှုအတွက် စည်းမျဉ်းသစ်အများအပြား ချမှတ်ထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ထန်းလျက်ရာသီပေါ်တဲ့အချိန်ဖြစ်ပေမယ့် ဈေးကွက်လိုအပ်ချက်အရ ဈေးမြင့်မှာသာ ရှိနေတယ်။ ထန်းတတ်လုပ်သား ရှားပါးလာတဲ့အတွက် ယခင်နှစ်တွေလို ကုန်ဝင်ရောက်မှုမများပေမယ့် ကုန်အဝင်ပုံမှန်အနေထားမှာ ရှိနေတယ်လို့ကျောက်ပန်းတောင်းရှိထန်းလျက်ပွဲရုံများက သိရသည်။
#Local_News
Published_ 15 March 2024
#ထန်းလျက်ဈေးမြင့်တက် #ထန်းတက်လုပ်သားရှားပါး
#YMG/LW #Yangon_Times
Page 641 of 2127