#Local_News
Published 24 November 2023
သင်္ဃန်းကျွန်းမြို့နယ်၌ ဦးလေးဖြစ်သူနေအိမ်ထဲ အပေါင်းအသင်းများနှင့်အတူဝင်ရောက်အကြမ်းဖက်လုယက်သည့် တူဖြစ်သူအား ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်းပရဟိတအသင်းများနှင့် ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်းရှိ ဦးလေးဖြစ်သူနေအိမ်သို့တူဖြစ်သူက လာရောက်ကန်တော့ပြီး အိမ်တွင်လူမရှိသည်ကို သိရှိပြီးနောက် ၄င်း၏အပေါင်းအပါ နှစ်ဦးကိုပါ အချက်ပြခေါ်ယူပြီး အကြမ်းဖက်လုယက်ခဲ့သဖြင့် အိမ်ရှင်ဦးလေးဖြစ်သူ၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရရခဲ့သောကြောင့် နေအိမ်ရှေ့ရှိတက်စီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
တူဖြစ်သူမှာမုန့်ပုံးဖြင့် လာရောက်ကန်တော့စဉ် နေအိမ်တွင်ဉီးလေးဖြစ်သူတစ်ဉီးသာရှိသည့်အတွက် ယခုကဲ့သို့အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင်လူနာမှာ အခြေအနေကောင်းနေပြီဖြစ်ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ အကြမ်းဖက်လုယက်သူတစ်ဉီးအား ရပ်ကွက်ရှိ အများပြည်သူများက စုပေါင်းဖမ်းဆီးထားပြီး နယ်မြေခံရဲစခန်းတာဝန်ကျမှ သုဝဏ္ဏရဲစခန်းသို့ ကူညီပို့ဆောင်ပေးပါရန် အကူအညီတောင်းခံမှုအရ ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #အကြမ်းဖက်လုယက် #ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီး #YMG/NN #Yangon_Times
#Local_News
Published-24 November-2023
မန္တလေး-ပြင်ဦးလွင်ကားလမ်း ၁၉ မိုင်အနီးတွင် ယာဉ်တိုက်မှုကြောင့် ၃ဦးသေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီပေးသည့် စေတနာမွန်(အုန်းချော)အသင်းထံက သိရသည်။
နိုဝင်ဘာ ၂၄ ရက် နံနက် ၈နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်တစ်စီးမှာ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားကြောင်း သိရသည်။
''ချောက်ထဲကို ကျသွားတဲ့ ယာဉ်ကပဲ အရှေ့ကကားကိုဝင်တိုက်တာ ပြီးတော့အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကို ပြုတ်ကျတာ အဲ့ကားပေါ်မှာက လူယာဉ်မောင်းအပါ ၁၀ယောက်လောက်ပါတယ်။အမျိုးသား ၃ယောက်က သေဆုံးသွားတယ်၊ ၅ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်''ဟု စေတနာမွန်(အုန်းချော)အသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုကြောင့် ချောက်ထဲသို့ ကျစဉ်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦး လွှင့်စင်ကျပြီး ကျောက်တုံးကြားတွင် ညှပ်နေသောကြောင့် လူမှုကူညီရေးအသင်းများနှင့်သက်ဆိုင်ရာ အဖွဲ့စည်းများက ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
#Local_News #မန္တလေး- ပြင်ဦးလွင် #ယာဉ်တိုက်မှုဖြစ် #၃ဦးသေဆုံး၅ဦးထိခိုက်ဒဏ်ရာရ
#YMG/LW #Yangon_Times
#Local_News
Published-24 -November-2023
မြောက်ဒဂုံမြို့နယ် ဘေလီတံတားအနီးတွင် နိုဝင်ဘာ ၂၃ရက်ညနေ ၅နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းချော်ကာ လမ်းဘေးချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံ ကသိရသည်။
အဆိုပါယာဉ်သည် မြောက်ဒဂုံမှ တောင်ဥက္ကလာဘက်သို့အဆင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
''light truck ယာဉ်ဖြစ်တာ မြောက်ဒဂုံကနေ တောင်ဥက္ကလာဘက်အဆင်းမှာ လမ်းချော်ပြီး လမ်းဘေးချောက်ထဲကို ပြုတ်ကျတာကားပေါ်ပါတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ် မစိုးရိမ်ရတဲ့ အနေထားပါ''ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးပြောသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကိုမြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #မြောက်ဒဂုံဘေလီတံတားအနီး #လမ်းဘေးချောက်ထဲထိုးကျမှုဖြစ် #YMG/LW #Yangon_Times
၂၃ နိုဝင်ဘာ ၂၀၂၃
မူဆယ်မြို့နယ်၊ ကောင်းခံကျေးရွာအနီးရှိ Seven ဟွာကျင့် ကုန်တင်ကုန်ချကားကြီးဝင်း MNDAA နှင့် TNLA ပူးပေါင်း အကြမ်းဖက်သမားများမှ ကားများအပေါ် Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့မှု၊၂၃-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားမှု၊ကောလာဟလမျိုးစုံထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားရှင်းလင်းခဲ့ပါတယ်။
အဆိုပါပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြအပ်ပါတယ်။
-ymg/knl
#Daily_News
Published_ 23 November 2023
၁။ မုန်တိုင်းငယ်အရှိန်ကြောင့် ဆောင်းတွင်းမိုးသည်းဦးမည်ဖြစ်၍ စပါးနှင့်ဆောင်းသီးနှံများ မပျက်စီးအောင်သတိထားရန်လို
၂။ ဘင်္ဂလားဒေရှ့်မှ ဝယ်လိုအားရှိပေမယ့် လမ်းပိတ်ထားသည့်အတွက် အုန်းသီးတင်ပို့မှု ရပ်ထားရဟုဆို
၃။ သယ်ယူပို့ဆောင်ရန် အခက်အခဲအချို့နှင့် ငပိလုပ်ငန်းများအဝယ်လျော့သည့်အတွက်ဆားကြမ်းဈေးနှုန်းများကျဆင်း
၄။ နျူကလီးယားအက်ဆီးဒင့်ဖြစ်ပွားခဲ့သည့် ဖူကူရှီးမားတွင် ရှင်းလင်းစွန့်ပစ်ရေးလုပ်ငန်းများအပြည့်အဝပြုလုပ်နိုင်ခြင်းမရှိသေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
ပုံမှန်တင်ပို့ရောင်းချနေရတဲ့ နေရာတွေကို အကြောင်းအမျိုးမျိုးကြောင့် တင်ပို့မရတဲ့ အတွက် ဘဲဥဈေးကျဆင်းလာပေမယ့် ဘဲစာအတွက် သုံးရတဲ့ကုန်ကြမ်းဈေးတွေကတော့ မြင့်
လာတာကြောင့် ဘဲမွေးမြူရေးလုပ်ငန်းရှင်တွေ အခက်တွေ့နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရှိ ဘဲမွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။
#Local_News
Published_ 23 November 2023
#ဘဲဥဈေးကျ #အစာကုန်ကြမ်းဈေးမြင့် #ဘဲမွေးမြူရေးလုပ်ငန်းရှင်
#YMG/LW #Yangon_Times
#Local_News
Published-23 November 2023
ဧရာဝတီတိုင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများမှ ဝယ်လိုအားများနေသည့်အတွက် ပဲဖတ်ဈေးမာနေကြောင်း ပခုက္ကူမြို့နယ်မှ ပဲဆံ၊ ပဲဖတ်ရောင်းဝယ်ရေးနှင့် ဆုံဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
ပဲဆီကြိတ်ခွဲရာမှထွက်ရှိသည့် ပဲဖတ်အားတိရိစ္ဆာအဖြစ်ငါးမွေးမြူရေးလုပ်ကိုင်သူများ ကဝယ်ယူလေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
'ပဲဖတ်ကတော့အခုလောလောဆယ် ပြန်မာလာတယ်၊ မြေပဲဆုံခွေတို့ မြေပဲဖတ်တို့ပေါ့၊မြေပဲဖတ်ကတိရစ္ဆာန်အစာအဖြစ်သုံးကြတာ၊လက်ရှိဧရာဝတီတိုင်းကငါးမွေးမြူရေးလုပ်ငန်းလုပ်တဲ့သူတွေကဝယ်ကြတာ၊ ဝယ်လိုအားများတော့ဈေးမာလာတဲ့သဘောပါ' ပခုက္ကူမြို့နယ်မှ ပဲဆံ၊ပဲဖတ်ရောင်းဝယ်ရေးနှင့် ဆုံဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆက်ပြောသည်။
လတ်တလောတွင် ပဲဖတ်တစ်ပိသာလျှင် ၂၅၀၀ကျပ်အထိဈေးနှုန်းရရှိနေကာ ကျပ်၃၀၀ခန့်အထိမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
မြေပဲ၊ နေကြာ၊ ဆီကြိတ်ခွဲရာမှထွက်ရှိလာသည့် ဆီကြိတ်ဖတ်များကို ဈေးကွက်တခုအဖြစ် ဈေးဖွင့်ရောင်းဝယ်လေ့ရှိကြပြီးမြေပဲ၊ နှမ်း၊ နေကြာကုန်ကြမ်းဈေးအနိမ့်အမြင့်နှင့် တိရစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ဆီကြိတ်ဖတ်ဈေးကွက်ပြောင်းလဲဖြစ်ပေါ်ကြောင်း သိရသည်။
နေကြာဖတ်ကို တိရစ္ဆာန်အစာတောင့်စက်ရုံများမှ အဓိကထားဝယ်ယူပြီး၊ ငါးမွေးမြူရေးလုပ်ငန်းများမှ ပဲဖတ်၊ နှမ်းဖတ်ကို အဓိကထားဝယ်ယူကြောင်း သိရသည်။
#Local_News #ငါးမွေးမြူရေးလုပ်ငန်း #ပဲဖတ်ဈေးမာနေ #YMG/NN #Yangon_Times
Page 646 of 1921