#Local_News
Published_ 16 December 2024
▪️ ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့အား မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
▪️ မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့သည် တရားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက် ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်-တရုတ်နယ်စပ်ရှိ ဗီယက်နမ်ပြည်နယ်တစ်ခုဖြစ်သည့် Cao Bang ပြည်နယ်သို့ ပို့ဆောင်ချိန်တွင် မိုဘိုင်းဖုန်း၊ ငွေကြေးများကိုသိမ်းဆည်းပြီးနောက် ၎င်းတို့အား စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ၎င်းတို့အနေဖြင့် အခက်အခဲကြုံတွေ့နေခဲ့ပြီး ယင်းဒေသရှိ ဗီယက်နမ်ရဲစခန်းမှ တစ်ဆင့် မြန်မာသံရုံးသို့ ဒီဇင်ဘာ ၁၁ ရက်တွင် ဆက်သွယ် အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
▪️ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဗီယက်နမ်ရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ကာ သံရုံးသို့ ခေါ်ဆောင်၍ ၎င်းတို့ခေတ္တနေထိုင် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပြီး လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။
▪️ မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာခွင့်ရရှိရေးအတွက် ဗီယက်နမ်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အစိုးရအနေဖြင့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၏ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးမှု မှတစ်ဆင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားများအား အစဉ်တစိုက် ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရပါတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published 16 December 2024
▪️ မြန်မာနိုင်ငံ၌ လာမည့်(၃၆)နာရီအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် သတင်းများစင်တာမှ အသိပေးထားသည်။
▪️ ပြည်တွင်း၌ ယခုလအတွင်း မြေငလျင်ငယ်များခပ်စိတ်စိတ်လှုပ်ခတ်လျှက်ရှိရာ ဒီဇင်ဘာ(၁၁)ရက်မှ ဒီဇင်ဘာ (၁၅)ရက်အထိ(၅)ရက်တာ ကာလအတွင်း စစ်ကိုင်းတိုင်း မော်လိုက်မြို့အနီးတွင် ၄ ဒသမ၇ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် မိုင်းဆတ်မြို့အနီး ၃ ဒသမ ၃ အဆင့် မြေငလျင်၊ ဟားခါးမြို့အနီး ၃ ဒသမ၈ အဆင့်မြေငလျင်၊ လင်းခေးမြို့တွင် ၂ ဒသမ၈ အဆင့်မြေငလျင်၊ ရန်ကုန်တိုင်း ဖောင်ကြီးမြို့အနီး ၂ဒသမ ၇ အဆင့်ရှိမြေငလျင်၊ ဖားကန့်မြို့အနီး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင် စသည်ဖြင့်မြေငလျှင်လှုပ်ခတ်မှု (၇) ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့အနီး၌ ဒီဇင်ဘာ(၁၅)ရက်က ၂ ဒသမ ၈ အဆင့်ရှိ မြေငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ ကြောင်း၊ ပြည်တွင်း၌လည်း ၃၆နာရီအတွင်း မြေငလျင်ငယ်လှုပ်ခတ်နိုင်သည့်အတွက် သတိပြုကြရန် မြေငလျင်စင်တာယမန်နေ့ညက သတိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၅ ဒီဇင်ဘာ ၂၀၂၄
တရုတ်နိုင်ငံအနောက်တောင် ယူနန်ပြည်နယ်မှာ မဲခေါင်မြစ်မှတစ်ဆင့် အာဆီယံနိုင်ငံတွေနှင့် ရေကြောင်း ချိတ်ဆက်နိုင်ဖို့အတွက် ကွမ်လေ ဆိပ်ကမ်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီဆိပ်ကမ်းဟာ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ်ထဲက မင်ဂလာခရိုင်ထဲမှာ တည်ရှိပါတယ်။
Source CCTV+
#Daily_News
Published 14 December 2024
၁။ ထိုင်းဗီဇာလျှောက်ထားရာတွင် e-Visa (အွန်လိုင်း) စနစ်သစ်ဖြင့် လျှောက်ထားရမည်
၂။ အိန္ဒိယနှင့်ဖိလစ်ပိုင်သို့တင်ပို့နေသောကြောင့် ပြောင်းဈေးအတက်ဘက်သာရှိနေ
၃။ လတ်တလော ရွှေဈေးကွက်အေးနေပြီး ရွှေဈေးထပ်ကျဦးမည်
၄။ ကမ္ဘာ့စီးပွားရေး မရေရာမှုများရှိသော်ငြား တရုတ်စီးပွားရေးခံနိုင်ရည်ရှိမှုကြောင့် ဂျီဒီပီတိုးတက်မှု (၅)ရာခိုင်နှုန်းပြည့်မီဖွယ်ရှိဟုဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၄ ဒီဇင်ဘာ ၂၀၂၄
▪️ထိုင်းနိုင်ငံ တပ်ခ်ခရိုင်၊ အမ်ဖန်ခရိုင်တွင် တပ်ခ်ကြက်ခြေနီအသင်းက ကြီးမှူးကျင်းပတဲ့ “ ဖန်ဒင်ဒွိုင်လွိုင်ဖ ရန်ပုံငွေပွဲတော်တစ်ခုအတွင်း ဗုံးပေါက်ကွဲမှုမှာ သံသယတရားခံတွေဖြစ်တဲ့ ကေအင်န် ယူလက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းမီဒီယာများက သတင်းဖော်ပြကြပါတယ်။
▪️ယမန်နေ့ည ၁၁နာရီ ၃၅မိနစ်ခန်မှာ အဆိုပါပွဲခင်းထဲသို့ လက်ပစ်ဗုံးတစ်လုံးပစ်သွင်းဖောက်ခွဲခံခဲ့ရ တာဖြစ် ပြီး အဲဒီအချိန်မှာ ပရိဿတေ်က ၈၀၀၀နှင့် ၉၀၀၀ အကြားရှိနေခဲ့ပါတယ်လို့ ထိုင်းရဲဗိုလ်ချုပ် ကြီး အာချယွန်ကရိတ်သောင်းက ပြောပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် လူ(၄)ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
▪️ရဲတပ်ဖွဲ့ဟာ ပွဲတော်လာပရိဿတ်ကြားထဲ ဗုံးပစ်သွင်းခဲ့သူကိုတွေ့မြင်ခဲ့တဲ့ မျက်မြင်သက်သေတွေကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။
▪️အဲဒီဗုံးဟာ ထိခိုက်မှုကြီးမားတဲ့ စစ်တပ်သုံးအဆင့်ဗုံးဖြစ်ပုံရတဲ့အတွက် လက်ပစ်ဗုံးဖောက်ခွဲသူဟာ အရပ်သားတစ်ဦးမဖြစ်နိုင်ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားခဲ့ကြပါတယ်။
▪️နောက်ပိုင်းမှာ ရဲနှင့်ထိုင်းစစ်တပ်တို့ ပူးပေါင်းစစ်ဆေးဖော်ထုတ်မှုများအရ တရားခံနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ အဲဒီနှစ်ဦးထဲမှာ တစ်ဦးက မစ္စတာအေ လို့ ရဲကသတ်မှတ်ထားသူ ထိုင်းနိုင်ငံသား တစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)က မစ္စတာ ဂျော်ရီသူ တို့ဖြစ်တယ်လို့သိရပါတယ်။ ဂျော်ရီသူဟာ ဖေဖော်ဝါရီလတုန်းက မူးယစ်အမှုနှင့် ဖမ်းဆီးခံခဲ့ရဖူးသူလို့ လည်းဆိုပါတယ်။
▪️ကနဦးစစ်ဆေးမှုများအရ ကေအင်ယူလက်နက်ကိုင်အဖွဲ့ဝင်ဖြစ်တဲ့သူဟာ ဗုံးပါတဲ့ အိတ်ကိုသယ်ယူခဲ့ တယ်လို့ ဝန်ခံပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက လွိုင်ကရက်သောင်းပွဲတော်(ဆီးမီးမျှော်ပွဲတော်) အတွင်း ကေအင်န်ယူသူပုန်အဖွဲ့နှင့်သူတို့အကြား ကတောက်ကဆတစ်ခုဖြစ်ခဲ့လို့ အဲဒါကို လက်စား ချေဖို့အတွက် ဒီလိုလုပ်ရတာဖြစ်တယ်လို့ သူက ထွက်ဆိုခဲ့ပါတယ်။
▪️ထိုင်းရဲချုပ်က အဆိုပါဝမ်းနည်းဖွယ်အဖြစ်အပျက်အတွက် ဝမ်းနည်းကြောင်းပြောဆိုခခဲ့ပြီး ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာကလည်း အဖြစ်အပျက်ကို အပြည့်အဝေစုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားပါ တယ်။အဲဒါကြောင့် ယခုအမှုကို ဒုရဲချုပ်ကိုယ်တိုင်ဦးစီးကြီးကြပ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
Source The Nation
#Local_News
Published 14 December 2024
▪️ ဒို့အိမ်အဖွဲ့အစည်းအနေဖြင့် စိတ်ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုရရှိနိုင်ရန် တစ်ထောင့်တစ်နေရာမှ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ၁၅ရက်တွင် လူငယ်များ၏ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးတို့ကို အထောက်အပံ့ဖြစ်နိုင်မည့်ရုပ်ရှင်တိုများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရုပ်ရှင်များကို အခြေခံကာ ကျွမ်းကျင်သူ Counsellor များမှ ဦးဆောင်၍ စိတ်ခံစားမှုများကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုရုပ်ရှင်တို့ ပြသခြင်းနှင့် ဆွေးနွေးပွဲကို ဗိုလ်တထောင်မြို့နယ်၊၄၇လမ်းရှိ Doh Eain Youth Space တွင် နေ့လယ် ၂နာရီမှ ၄နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ " စိတ် ကျန်းမာရေးဟာ အလုံးစုံသောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုပါ။ လူသားတို့ရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်၊ ပတ်ဝန်းကျင်နဲ့ ချိတ်ဆက် ပြောဆိုခြင်းစတဲ့ နေ့စဉ်ဘဝရဲ့ ကဏ္ဍတိုင်းနဲ့ ဆက်နွယ်နေတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အထိပါ သက်ရောက်မှုရှိပါတယ်။ အလုပ်အကိုင် အကျပ်အတည်း၊ ငွေရေးကြေးရေးဖိအား၊ ဆိုရှယ်မီဒီယာအပါအဝင် ခေတ်မီလူနေမှု ဘဝရဲ့ ဖိအား တွေကြားမှာ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများဟာလည်း ပိုမိုလိုအပ်လို့လာ ပါတယ် " ဟု ဒို့အိမ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ထိုပွဲအတွက် လူဦးရေ စုစုပေါင်း (၂၀) ဦးသာ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 December 2024
▪️ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတရားမဝင်လုပ်သားများအတွက် တရားဝင် နေထိုင် အလုပ်လုပ်ခွင့်ကတ် ပန်းရောင်ကတ် (ဘတ်) လျှောက်ထားရန် နာမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင်လက်ခံမည်ဖြစ်ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
▪️ အမည်စာရင်း (Name List) တင်သွင်းခြင်းကို ဒီဇင်ဘာ ၁၆ ရက်မှ ၃၀ ရက်အထိ ၁၅ ရက်အထိ လက်ခံမည်ဖြစ်ပြီး ဒုတိယအဆင့် အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) လျှောက်လွှာတင်သွင်းရာတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်လိုကြောင်း၊ တရားဝင် ကျန်းမာရေးလက်မှတ်နှင့် ကျန်းမာရေးအာမခံ စာရင်းသွင်းအထောက်အထားတို့ကို ပူးတွဲ၍ တင်သွင်းရမည်ဖြစ်ပြီး မည်သည့်အစိုးရဆေးရုံ၌မဆို၊ သို့မဟုတ် အလုပ်အ ကိုင်ဦးစီးဌာန မှ ခွင့်ပြုကြေငြာထားသည့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ကြောင်း၊ ထိုအဆင့်ပြီးပါက အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျှောက်ထားခြင်းကို ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက် စာရွက်စာတမ်းပြန်လည်သုံးသပ်ခြင်းနှင့် အလုပ်ခွင့်ပြုချက်လုပ်ငန်းစဉ် ကာလကို ရက် ၃၀ ကြာဆောင်ရွက်မည်ဖြစ်ပြီး ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) စုဆောင်းခြင်းကို မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ရက် ၉၀ ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ မှတ်ပုံတင်ခြင်းကို အလုပ်ပါမစ် သက်တမ်း ၁ နှစ်အတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 650 of 2482