#Local_News
Published_ 23 November 2023
အင်းစိန်မြို့နယ်၊ ကြိုကုန်းအရှေ့ရပ်ကွက် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်ထားသော လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တမြေပေါ်ရှိ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံသာဗုဒ္ဓဘာသာဝင်များကို အငှားချထားပေးရန် တင်ဒါခေါ်ယူကြောင်းဂေါပက အဖွဲ့၏ ကြေညာချက်အရသိရသည်။
အငှားချထားရာတွင် အိတ်ဖွင့်တင်ဒါစနစ်ချဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် (၁၂)လတာ ကာလအတွက်အငှားချထားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
တင်ဒါ အဆိုပြုလွှာနှင့် တင်ဒါစည်းကမ်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့တွင် ဂေါပကအဖွဲ့ရုံးတွင် လာရောက်ဝယ်ယူဖြည့်စွက်လျှောက်ထားနိုင်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တင်ဒါတင်သွင်းသူများရှိ၌ ဖွင့်ဖောက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တင်ဒါခေါ်ယူသည့်ကြေညာချက်တွင် ကြမ်းခင်းဈေးမပြည့်မှီသောလျှောက်လွှာများကို စပေါ်ငွေပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
အများပြည်သူဝန်ဆောင်မှုလုပ်ငန်းပေါင်း (၁၁)မျိုးကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်ရာ၊ သန့်စင်ခန်းဝန်ဆောင်မှု ၊ အရောင်းဆိုင်ဝန်ဆောင်မှု ၊ ငါးနှင့်လိပ်စာအရောင်းဆိုင်၊ မြန်မာလက်မှုအနုပညာပစ္စည်းဆိုင်နှင့် ကန်တော့ပွဲရောင်းချခြင်းလုပ်ငန်း စသည်တို့ပါဝင်ကြောင်း သိရသည်။
#Local_News #မင်းဓမ္မကုန်းတော်ကျောက်တော်ကြီး #နိုင်ငံသားဗုဒ္ဓဘာသာဝင်
#YMG/LW #Yangon_Times
‘လက်ဖက်အထွက်နည်းခဲ့ပေမယ့် ရန်ကုန်နဲ့ မန္တလေးမြို့တွေက အဝယ်လိုက်လာတဲ့အတွက် ဒီနှစ်မှာတောက်လျောက်ကို ဈေးတွေတက်လာတယ်’ ပင်းတယလက်ဖက်ခြောက်လက်ကားဆိုင်မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 23 November 2023
#ပင်းတယလက်ဖက်ခြောက် #လက်ဖက်အထွက်နည်း
#tthl #Yangon_Times
#Local_News
Published 23 November 2023
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကနဦးအဆင့်အဖြစ် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ပါဝင်လိုသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ရောင်းချမှုကို ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အထူးစီးပွားရေးဇုန်ဌာနခွဲမှ သိရသည်။
အဆိုပါ စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် Myanmar Government Designated Entity Consortium ဖွဲ့စည်းရေးအတွက် EOI ရောင်းချမှုကိုမူလက နိုဝင်ဘာလ ၁၈ ရက်နေ့အထိသာ သတ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် ဒီဇင်ဘာ၃၀ရက်အထိ တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် Myanmar GDE Consortium ၌ ပါဝင်လိုသည့် ကုမ္ပဏီသည် သက်တမ်း (၁၀)နှစ်နှင့် အထက် (သို့မဟုတ်) အခြေခံအဆောက်အဦ တည်ဆောက်ရေး အတွေ့အကြုံ (၅)နှစ် ရှိရမည် ဖြစ်ပြီး ရခိုင်တိုင်းရင်းသားကုမ္ပဏီဖြစ်ပါက သတ်မှတ်ကာလကို လျှော့ပေါ့စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ၄င်းအပြင် သုံးနှစ်အတွင်း လုပ်ငန်းမှ ပျမ်းမျှဝင်ငွေ ဒေါ်လာသန်း (၂၀) သို့မဟုတ် ၄င်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေရရှိရမည်ဖြစ်သကဲ့သို့ နာမည်ပျက်စာရင်း၊ တားမြစ်ပိတ်ပင်ထားခြင်း၊ အရည်အချင်းမပြည့်မီ၍ သတ်မှတ်ထားသည့် ကုမ္ပဏီမဖြစ်ရန်လိုအပ်ကြောင်း၊အဖွဲ့အစည်း၌ ပါဝင်လိုကြောင်း စတင်အဆိုပြုသည့် အချိန်တွင် အနည်းဆုံး ဒေါ်လာ (၅) သန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခုတင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ကြောင်း သိရသည် ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး - BRI ၏ မြန်မာ့ဘက်ခြမ်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကိမ်းစီမံကိန်းသုံးခုတွင် ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းလည်းဖြစ်ကြောင်း၊ ယခင် သဘောတူညီချက်များအရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဒေါ်လာ (၁.၃) ဘီလီယံ အသုံးပြုသွားရန် စီစဉ်ခဲ့ကြောင်း သိရသည်။
#Local_News #ကျောက်ဖြူရေနက်ဆိပ်ကမ်း #EOI ရောင်းချမှု #YMG/NN #Yangon_Times
'ဒီအချိန်ကတော့သုံးစွဲမှုက နည်းနည်းလျော့သွားတယ်၊ နောက်တစ်ခုက သွားရေးလာရေး ပို့ဆောင်ရေးကနည်းနည်းဈေးကွက်ကျဉ်းသွားတာပေါ့ဗျာ၊ မန္တလေးဘက်တို့ ဘာတို့ကဈေးကွက်မဖြန့်နိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့်မလို့ဈေးကလျော့ကျသွားတယ်'
#Local_News
Published_ 23 November 2023
#ငပိလုပ်ငန်း #ဆားကြမ်းဈေးနှုန်းကျဆင်း
#YMG/ NN #Yangon_Times
ဘင်္ဂလားဒေ့ရှ်မှ အုန်းသီးဝယ်လိုအား ရှိနေပေမယ့်အကြောင်း အမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်အတွင်း လမ်းပိတ်ထားရတဲ့အတွက် ပြည်ပကို အုန်းသီးတင်ပို့မှု ရပ်နားထား ရတယ်လို့ ရခိုင်ပြည်နယ်မှာရှိတဲ့ အုန်းသီးအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 23 November 2023
#အုန်းသီးတင်ပို့မှုရပ် #အုန်းသီးအရောင်းဝယ်ပြုလုပ်
#YMG/LW #Yangon_Times
#Local_News
Published_ 23 November 2023
မကြာသေးမီကမှ (၁၀၁၄)ဇာတ်ကားဖြင့် အကယ်ဒမီရထားသည့် တည်းဖြတ်ထူးချွန်ဆုရှင် ဂျီသရီး(G3) (နာရေးကူညီမှုအသင်းမှ ပရဟိတသမား)သည်နိုဝင်ဘာလ ၂၃ ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
ဂျီသရီးသည် မနှစ်က၂၀၂၂ ခုနှစ် မြန်မာ့အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ၂၀၁၉ခုနှစ်အတွက်အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် တည်းဖြတ်ကျော်ခိုင်စိုးနှင့် တွဲဖက်ရရှိခဲ့သူဖြစ်သလို နာရေးကူညီမှုအသင်း၏ ပြန်ကြားရေးဌာန၊ ကြီးကြပ်ရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ပရဟိတသမားတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
အသည်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီး ဆေးရုံမှပြန်ဆင်းလာပြီးနောက် ကွယ်လွန်သွား ခြင်းဖြစ်သည်။
တည်းဖြတ်ဆုရှင် ဂျီသရီးကွယ်လွန်သွားသည့်အတွက် ရုပ်ရှင်၊ ဗီဒီယိုလောကသားတွေအပြင် ပရဟိတ လူမှုကူညီရေးအသင်းများမှ ပရဟိတဆောင်ရွက်နေသူအားလုံးလည်း အထူးကြေကွဲဝမ်းနည်းရကြောင်း ဝမ်းနည်းမှတ်တမ်းများရေးသားဖော်ပြထားကြောင်း သိရသည်။
#Local_News #တည်းဖြတ်ဂျီသရီးကွယ်လွန် #tthl #Yangon_Times
‘နိုဝင်ဘာလ(၂၆)ရက်မှာ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်မှာဖြစ်ပြီး နိုဝင်ဘာလ(၂၇)ရက်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီ့လေဖိအားနည်းရပ်ဝန်းနဲ့မုန်တိုင်းငယ် အရှိန်သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ဆောင်းကာလမိုးရွာတာ၊မိုးသည်းထန်တာတွေဖြစ်ပေါ်နိုင်တယ်’
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးလှထွန်း
#Local_News
Published_ 23 November 2023
#မုန်တိုင်းငယ် #လေဖိအားနည်းရပ်ဝန်း #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု
#tthl #Yangon_Times
Page 647 of 1921