#Local_News

Published 28 January 2025


▪️ မြန်မာစာပေလောက၏ ထင်ရှားသည့် စာရေးဆရာကြီး  မောင်ခင်မင် (ဓနုဖြူ) ယနေ့မနက်အစောပိုင်း၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

▪️ ယနေ့ ဇန်နဝါရီ ၂၈ ရက်  မနက်၁၂နာရီ ခွဲအချိန်၌ ဖေဖေဦးခင်အေး (မောင်ခင်မင် ဓနုဖြူ) ရုတ်တရက် ကွယ်လွန်သွားပါပြီဟု သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။

▪️ စာရေးဆရာကြီး  မောင်ခင်မင် (ဓနုဖြူ)ကွယ်လွန်မှုအပေါ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ကလည်း သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ ပေးပို့ရာတွင် " နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန၊ ပါမောက္ခ(ပြင်ပပညာရှင်) မြန်မာစာပညာရှင် ဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)သည် ၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်၊(၂၈-၁-၂၀၂၅၊ အင်္ဂါနေ့၊ နံနက်) တနင်္လာနေ့၊ ည ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် နေအိမ်၌ ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် သာသနာ့တက္ကသိုလ်၊ မြန်မာစာပေနှင့် လူမျိုးတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကာ သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ကျန်ရစ်သူမိသားစုများထံ ပေးပို့အပ်ပါသည်"ဟု ဖော်ပြထားသည်။

▪️ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ အမည်အရင်းသည် ဦးခင်အေးဖြစ်ပြီး
၁၉၄၂ ဇန်နဝါရီ ၂ရက်တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်ရှိပြီဖြစ်သည်။

▪️ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရပြီး  မြန်မာစာပေနှင့် ပတ်သက်သည့် စာအုပ်ပေါင်း သုံးဆယ်နီးပါးကို မောင်ခင်မင် (ဓနုဖြူ) အမည်ဖြင့် ရေးသားထားခဲ့ပြီး အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ဂုဏ်ထူးဆောငိ စာပေပါရဂူဘွဲ့များ ချီးမြှင့် ခံခဲ့ရကြောင်းသိရသည်။

#YMG/NN #Yangon_Times