#Local_News
Published_ 21 April 2023
၂၀၂၃ ခုနှစ်ရဲ့ ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ယာဉ်မတော်တဆမှုပေါင်း ၃၄ မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၅၅ ယောက်ရှိပြီး သေဆုံးသူ ၁၆ ယောက်ရှိခဲ့တယ်လို ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းတွေအရ သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ယာဉ်မတော်တဆမှု #YMG
#Yangon_Media_Group
#Daily_News
Published_ 21 April 2023
၁။ သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးမှာယာဉ်မတော်တဆမှု ၃၄ မှုဖြစ်ပွားပြီး ၁၆ ဦးသေဆုံး
၂။ ပြင်ပရွှေပေါက်ဈေး ၂၉သိန်း ၈ သောင်းကျော်ရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်ဈေး ၂၃သိန်းကျော် ပေါက်ဈေးရှိနေ
၃။ နေပြင်း၍ အပူကြောင့် ကလေးငယ်များဖျားနာခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများအဖြစ်များနေ
၄။ တရုတ်-အာဂျင်တီးနားပူးပေါင်းဆောင်ရွက်မှုများတွင် အမေရိကန်ဝင်ရောက်နှောင့်ယှက်နေခြင်းအား အာဂျင်တီးနားမီဒီယာများဝေဖန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 21 April 2023
အပူဒဏ်ခံရသည့် Heat stroke လူနာတွေရောက်ရှိလာပါက အရေးပေါ်ကုသမှုတွေပေးနိုင်ဖို့ ဆေးရုံတွေမှာ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားတာတွေ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #Heat_stroke #အရေးပေါ်ကုသမှု #အသင့်ပြင်ဆင်
#YMG #Yangon_Media_Group
#Local_News
Published_ 21 April 2023
နေပြည်တော်တွင် ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကို အပိုင်း(၅)ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သိရသည်။
ဧပြီလ ၂၀ ရက်တွင်နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွဲဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ပြုလုပ်မည် ဖြစ်ကြောင်း၊ ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားဖြစ်သည့် "ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနား ကျင်းပခြင်း၊ ဆီမီးတိုင်များကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်း" စသည့်ဖြင့် အခမ်းအနားများကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲက ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က ကျင်းပခဲ့သည့် “အထွေထွေညီလာခံ” အတွင်း နိုင်ငံတကာဝိသာခါအခါတော်နေ့ (International Vesak day or Visākha day) ဟု ၅၄/၁၁၅ ဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပခြင်းကို ယခင်က နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲတိုက ဦးဆောင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် (၁၃) ကြိမ်မြောက်မှစ၍ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့ကြောင်းလည်း သိရသည်။
ယခုအခါ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွ့နှင့် ဦးစီးကော်မတီဖွဲစည်းမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဧပြီလ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၈၉/၂၀၂၃ ဖြင့် ဖွဲစည်းခဲ့ပြီးဖြစ်ကာဧပြီလ ၁၈ ရက်က လုပ်ငန်းကော်မတီနှင့်အတူ ဆပ်ကော်မတီ ၁၃ ခု ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွဲစည်းခဲ့ကြောင်းလည်း သိရသည်။
ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြတ်စွာဘုရားရှင်၏ ထူးခြားသည့် ဖြစ်တော်စဉ် ၄ ရပ်ကို စာတမ်းများပြုစုဖတ်ကြားခြင်း၊ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲအခမ်းအနားတွင် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များ ကိုင်ဆောင်မည့်သူ အမျိုးသမီး ၁၀၀၀ ပါဝင်ခြင်း စသည်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် “ဗျာဒိတ် ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူသော မှတ်တမ်းအရ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏ ထူးခြားသောဖြစ်တော်စဉ် ၄ ရပ်ဖြစ်သည့် ဗျာဒိတ်တော်ခံယူတော်မူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ တိုဖြစ်သည့်အတွက် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို၏ အမြတ်ဆုံးနေ့အဖြစ် မှတ်ယူကြကြောင်း၊ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကိုအမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား ရည်မှန်းအာရုံပြု၍ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် “ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်” ကို အစဉ်အလာအရ ကျင်းပသည့် ရိုးရာပွဲတော်အဖြစ် သတ်မှတ်လာခဲ့ သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သိရသည်။
#ymg/mt #Local_News #နေပြည်တော် #ကဆုန်ညောင်ရေသွန်
#Yangon_Media_Group
#Local_News
Published_ 21 April 2023
ဒီကနေ့ (ဧပြီ ၂၁ရက်) မွန်းလွဲပိုင်းအချိန် ဒီးမော့ဆိုမြို့နယ်တစ်နေရာမှာ မိုးရွာသွန်းပြီး မိုးသီး ကြွေကျခဲ့ကြောင်း သိရသည်။
"မိုးကြီးတယ်။ ပြီးတော့လေလည်းပြင်းတယ်။ ခဏက မိုးသီးတွေလည်း အတုံးကြီးကြီးတွေလည်းကျတယ်လေ။ ဒါပေမယ့် အကြာကြီးမဟုတ်ဘူး။ တစ်ချက်ပဲ ဝုန်းဒိုင်းဝုန်းဒိုင်း လာပြီးတော့ ငြိမ်သွားတယ်။ မိုးရွာတဲ့အချိန်ကတော့ တစ်နာရီ ၁၅ မိနစ် ဝန်းကျင်ပေါ့။" လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေသခံ တစ်ဦးက ပြောသည်။
အချိန်အခါမဟုတ်မိုးသီးကြွေကျမှုတွေကြောင့် မိုးကာတဲအိမ်တချို့ ခေါင်မိုးပေါက်ပြဲသွားတာတွေလည်း ရှိတယ်လို့ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့ ( ဧပြီလ ၂၀ ရက်နေ့ ) လွိုင်ကော်မှာ နေရာကွက်ကြား မိုးထစ်ချုံးရွာနိုင်ပြီး အမြင့်ဆုံးအပူချိန်ဟာ ၃၄ ဒီဂရီစင်တီဂရိတ် နဲ့ အနိမ့်ဆုံးအပူချိန်ဟာ ၂၂ ဒီဂရီစင်တီဂရိတ် ရှိတယ်လို့ ဖော်ပြထားသည်။
#ymg/ppk #Local_News #ဒီးမော့ဆို #မိုးသီးကြွေ
#YMG #Yangon-Media-Group
#Local_News
Published_ 21 April 2023
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ နေအိမ်များ၊ စက်မှုဇုန်များရှိစက်ရုံ၊ အလုပ်ရုံများစသည့် အဆောက်အဦးခေါင်မိုးပေါ်တွင် လည်းကောင်း၊ မိဘပြည်သူများ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာလည်းကောင်းတွင် တစ်ပိုင်တစ်နိုင်တပ်ဆင်ထားသည့် ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်မှ မိမိတို့လုပ်ငန်းအတွက်အသုံးပြုပြီး ပိုလျှံသောလျှပ်စစ်ဓာတ်အားကို ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှု ကွန်ရက်စနစ်(Yangon Distribution Grid System)သို့ရောင်းချလိုပါက ဝယ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း YESC က အသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်၊၊
လျှပ်စစ်ဓာတ်အားဝယ်ယူမည့် နှုန်းထားများကို ဖော်ပြထားပြီး ၁၀၀ကီလိုဝပ်မှ ၁ မဂ္ဂါဝပ်အထိ ၁ ကီလိုဝပ်ကို ၈၅ကျပ်/kWh၊ ၁မဂ္ဂါဝပ်မှ ၁၀မဂ္ဂါဝပ်အထိ ၁ ကီလိုဝပ်ကို ၈၀ ကျပ်/ kWh ဖြင့်ဝယ်ယူမည်ဟု ဖော်ပြထားသည်၊၊
ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်အတွက် နည်းပညာဆိုင်ရာသတ်မှတ်ချက်များ၊ လျှောက်ထားရမည့်လုပ်ငန်းစဉ်များ၊ ပုံစံများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl #Local_News #ဆိုလာစနစ် #လျှပ်စစ်ဓာတ်အား #YESC
#YMG #Yangon_Media_Group
#Local_News
Published_ 21 April 2023
ခရီးသွားမော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးမှု တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ပြုံးမြင့် နှင့် ၎င်း၏မြေး ဖြစ်သူ အသက် ၁၅ နှစ်အရွယ် မသဲနုရွှေစင်တို့သည် တောင်သုံးလုံးကျေးရွာနေ အသက် ၃၉ နှစ်အရွယ် ကိုထွန်းမောင် မောင်းနှင်သည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့မှ ကျောက်မဲတောင်ကျေးရွာသို့ ပြန်လာစဉ် သရက်ငုတ်ကျေးရွာအနီးသို့ အရောက်တွင် ပစ်ခတ်ခံခဲ့ရခြင်းကြောင့် မသဲနုရွှေစင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ အရပ်သားများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။
#ymg/mt #Local_News #မော်တော်ယာဉ် #ထားဝယ် #သေဆုံးမှု #YMG
#Yangon_Media_Group
Page 1458 of 2349