#Local_News
Published_3 February 2023
ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်အတွင်း ကြက်သွန်ဈေးကွက်ဟာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 February 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းများ တစ်စီးနဲ့တစ်စီးကျော်တက် မောင်းနှင်တဲ့ယာဉ်တွေကို ဖေဖော်ဝါရီတစ်ရက်ကနေစတင်ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 3 February 2023
၁။ ကျော်တက်မောင်းနှင်သည့် YBS ယာဉ်များအား စတင်အရေးယူဆောင်ရွက်နေဟုဆို
၂။ ကြက်သွန်ဈေးကွက် အရောင်းအဝယ်အေးနေ
၃။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ထီးခီးနယ်စပ်ဂိတ်မှ အများဆုံးကုန်သွယ်ထား
၄။ အမေရိကန်သမ္မတများ စီးတော်ယာဉ်ဖြစ်ခဲ့သည့် ဘိုးအင်း 747 အမျိုးအစား လေယာဉ်များထဲမှ နောက်ဆုံးအစီးကိုပေးပို့ပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 February 2023
ဖေဖော်ဝါရီလထဲမှာ ရန်ကုန်အပါအဝင်ဒေသအချို့မှာ မနက်ပိုင်းမြူကျဆင်းတာ၊ မြူထူထပ်တာတွေ ပိုလာနိုင်တဲ့အတွက် အဝေးမြင်တာအားနည်းပြီးလေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်တွေ မတိုက်မိအောင်သတိထားဖို့လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
#Yangon_Media_Group
		#Local_News
Published_ 3 February 2023
နေပြည်တော်ရှိ ဈေး ၃ ခုတွင် ရောင်းချနေသည့် စျေးဆိုင်ခန်း ၅၅ ခန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကော်မတီပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
နေပြည်တော်ရှိ ပုဗ္ဗသီရိဈေး၊ အောင်ဇဗ္ဗူဈေးနှင့် ဒက္ခိဏသီရိဈေးတို့တွင် ယာယီချိတ်ပိတ်ထားသည့် ဈေးဆိုင်ခန်း ၅၅ ခန်းကို ပြန်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးဆိုင်ခန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ခန်းဖွင့်လှစ်ခြင်းမရှိဘဲ ဆိုင်ခန်းငှားရမ်းခများ ပေးသွင်းရန် ပျက်ကွက်နေခြင်းကြောင့် ယခုလို ယာယီပိတ်သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဆိုင်ခန်းပိုင်ရှင်တွေအနေဖြင့် ဆိုင်ခန်းပြန်လည်ဖွင့်လှစ်လိုပါက လာမည့် ၂၈ ရက် နောက်ဆုံးထားပြီး စည်ပင်သာယာ ဈေးများဌာနကို ဆက်သွယ်လျှောက်ထားကာ အခွန်အခအကြွေးကျန်တွေ၊ ဒဏ်ကြေးငွေများပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
		#Local_News
Published_ 3 February 2023
တရုတ်နိုင်ငံ၊Yunnan Bright Prospect Industrial Co., Ltd မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း(၁) သိန်းလာရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်၊၊
မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ မေတ္တာရပ်ခံချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Bright Prospect Industrial Co., Ltd မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန် ယွမ် ၁၀၀,၀၀၀/- (ကျပ် ၃၀,၈၀၀,၀၀၀) တန်ဖိုးရှိ နှာခေါင်းစည်း (Mask) အရေအတွက် (၁၀၀,၀၀၀) အားဖေဖော်ဝါရီ(၃)ရက်တွင် လှူဒါန်းခဲ့သည်၊၊
အဆိုပါ လာရောက်လှူဒါန်းပေးအပ်ခဲ့သည့် နှာခေါင်းစည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်၊၊


#ymg/tthl
#Yangon_Media_Group
		#Local_News
Published_3 February 2023
ဗဟိုဘဏ်မှ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားသည့် Imperial Myanmar Finance ကုမ္ပဏီအား Money Changer လိုင်စင် ရုတ်သိမ်းထားကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီအား On-Site သွားရောက်စစ်ဆေးရာတွင် Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဗဟိုဘဏ်မှချမှတ်ထားသည့်မူအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်(စီဘီအမ်-အက်ဖ်အီးအမ်ဒီ-၄၈၇/၂၀၂၀)အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး လိုင်စင်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်မှ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှမဟုတ်ဘဲ သီးခြားကုမ္ပဏီ(သို့မဟုတ်) မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတ်မှတ်ထားခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
Page 1458 of 2213