#Local_News
Published_ 22 April 2023
ဓာတ်ဆီ ဈေးနှုန်းများမှာ ရှိရင်းဧပြီလဆန်းကနှုန်းထားထက် ကျပ် ၁၀၀ ကျော်ကျဆင်းနေပြီး တစ်လီတာ ၂,၀၅၅ဝန်းကျင် ဈေးဖြင့် တွေ့ရှိရကြောင်း နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #စက်သုံးဆီ #ဓါတ်ဆီ
#YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ကျေးရွာနှစ်ရွာက လူ(၆)ဦးသေဆုံး၊ (၁၀၉)ဦး ထိခိုက်ဒဏ်ရာရပြီး အိမ်ခြေ(၂၃၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #နေပြည်တော် #လေပြင်းသင့်ပြည်သူ
#YMG #Yangon_Media_Group
Published 22 April 2023
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညက လေဆင်နှာမောင်းတိုက်ခတ်ခံခဲ့ရတဲ့ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတွေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ ဧပြီလ(၂၂)ရက် နံနက်ပိုင်းတွင်သွားရောက်ခဲ့ပြီး ကျေးရွာရှိပြည်သူတွေကို အားပေးကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ် လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီ၂၁ရက် ည၆နာရီ မိနစ်၂၀ခန့်မှာ တိုက်ခတ်တဲ့ လေဆင်နှာမောင်းကြောင့် လယ်ဝေးမြို့နယ်အတွင်း ရှိ အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင်ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကိုလည်း အိမ်ရာကွက်စနစ်တကျပြန်လည်ဖော်ဆောင်၍ နေအိမ်များ ပြန်လည်တည်ဆောက်နေထိုင် နိုင်စေရေးအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်၊ ကျေးရွာရှိ လေဘေးသင့်ပြည်သူများ လတ်တလောစားရေးအဆင်ပြေစေရေးအတွက်လည်း လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်ဗိုလ်ချုပ်မှူးကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။
အဲဒီအပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့်အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာမှ ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါတယ်။
နစက ဥက္ကဋ္ဌသည် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ခုတင်(၁၀၀၀) သို့သွားရောက်ပြီး ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လေဘေးသင့်ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။
-ymg/knl
#YangonMediaGroup
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#လယ်ဝေးမြို့နယ်၊အောင်မြင်ကုန်းနှင့်တံတာဦးကျေးရွာများလေဆင်နှာမောင်းတိုက်ခတ်ခံရ







#Health_Matters
Published_ 22 April 2023
- မြန်မာနိုင်ငံအနေနှင့် အဲဒီသတင်းတွေအပေါ် ဘယ်လောက်စိုးရိမ်ရသလဲ။ ဘာတွေကြိုတင်ကာကွယ်မှုတွေ လုပ်သင့်သလဲဆရာ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
ဧပြီလတတိယအပတ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ကနေ ၁၉၀၀ ကျော်အထိ ပြန်ကျဆင်းခဲ့ပေမယ့် ပြင်ပရွှေဈေးကတော့ အကယ်ဒမီ မီးလင်းရွှေ ဈေးဟာ ၂၉ သိန်း ၉ သောင်းအထိ ပေါက်ဈေးရှိခဲ့တယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News #ဧပြီ #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေဈေး
#YMG #Yangon_Media_Group
#Health_Matters
Published_ 22 April 2023
- ကိုဗစ်ဟာ ဘာကြောင့်ပြန်ပြန်ကျော့နေတာပါလဲ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 22 April 2023
၁။ ဧပြီလ တတိယအပတ်အတွင်း ကမ္ဘာ့ရွှေဈေးနည်းငယ်ကျဆင်းသော်လည်း ပြင်ပရွှေဈေး သိန်း ၃၀ နီးပါးရှိနေ
၂။ နေပြည်တော်ရှိ လေပြင်းသင့်ပြည်သူ(၄၀၀)ဦးခန့်အတွက် ရေသန့်နှင့်စားနပ်ရိက္ခာများလိုအပ်နေ
၃။ စက်သုံးဆီဈေးကျဆင်းလာ၊ ၉၂ ဓါတ်ဆီတစ်လီတာ ၂၁၀၀ကျပ်အောက်သို့ ရောက်ရှိလာ
၄။ အာရှနိုင်ငံအများအပြားတွင် အပူလှိုင်းကြောင့် အပူချိန်အလွန်မြင့်မားလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1456 of 2350