#Local_News
Published_ 29 November 2022
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခုနှစ်ဆယ်လတာကာလအတွင်းမီးလောင်ကျွမ်းမှု(၁၂၈၈) ကြိမ်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 29 November 2022
လျှပ်စစ်မီးပြတ်တောက်မှုတွေအပြင် အချိန်ပိုင်းလျှပ်စစ်မီးပေးဝေတဲ့စနစ်တွေကြောင့် လတ်တလောကာလမှာ ချက်ရေးပြုတ်ရေးအတွက် Gas မီးဖိုတွေ အသုံးပြုမှုများလာကြပါတယ်။
#Yangon_Media_Group
#Local_News
Published_29 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ၁၈ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၃ ဘီလီယံရရှိထားတယ်လို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 29 November 2022
၁။ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၃ ဘီလီယံရရှိထား
၂။ အိမ်သုံး ဂတ်စ်ဈေး အတက်အကျ မငြိမ်သက်ဘဲရှိနေ
၃။ ဆယ်လတာအတွင်း မီးလောင်ကျွမ်းမှု(၁၂၈၈)ကြိမ်ရှိ၊ လျှပ်စစ်ကြောင့်နှင့်ပေါ့ဆမှုကြောင့် လောင်ကျွမ်းမှုအများဆုံးဖြစ်
၄။ ကော်စတာရီကာရှိ အညစ်ညမ်းဆုံးမြစ်တွင် မိကျောင်းများအခက်အခဲမရှိ နေထိုင်ရှင်သန်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_29 November 2022
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးနေတဲ့ စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်နေပေမယ့် ဈေးကွက်အတွင်းမှာတော့ စားအုန်းဆီတစ်ပိဿာဈေးနှုန်းဟာ ၅၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_29 November 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ နိုဝင်ဘာလ ၂၈ ရက်တွင် စစ်ဆေးပြီး ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်တွင် အမှုအမှတ် ၄၆ ကို စတင်စစ်ဆေးခဲ့ကာ နိုဝင်ဘာလ ၂၈ ရက်တွင် ကျန်ရှိနေသော အမှု အမှတ် ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
"လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ သက်သေစစ်မယ်၊ ဘယ်သူ့ကို စစ်မယ်၊ ဘယ်ဘက်က သက်သေကို စစ်မယ်ဆိုတာတွေ ဘာမှမသိရသေးဘူး"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က ရဟတ်ယာဉ်နှင့် ပတ်သက်သော အမှုငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ အောက်တိုဘာလ ၂၅ ရက်ကစ၍ ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ဦးဝင်းမြင့်ကို စတင်စစ်ဆေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းလည်း ဖြစ်သည်။
ရဟတ်ယာဉ်နှင့်ပတ်သက်သောအမှုများမှာ အမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ကြပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ တရားစွဲဆိုထားသော အမှုများ ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_29 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင် ကုန်ထုတ်လုပ်သားသစ် (၁၄၁) ဦး၊ CBT ကုန်ထုတ်လုပ်သား (၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂) ဦး၊ စုစုပေါင်း (၁၄၉) ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၆၂ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၂၈ ဦးကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၂၉ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၀ ဦးကို ပိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
Page 1454 of 2079