#Local_News
Published_ 8 February 2023
စာအုပ်စာပေလိုအပ်နေတဲ့ အကျဉ်းထောင်တွေမှာ စာအုပ်တွေ အခမဲ့လှူဒါန်းပေးတာတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ အကြီးကိုကိုဖောင်ဒေးရှင်းဥက္ကဌ စာရေးဆရာအကြီးကိုကိုက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 8 February 2023
လတ်တလောမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီဖြစ်ပြီး ပြည်တွင်းဧည့်သည်တွေ အနေနဲ့ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရူနိုင်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 8 February 2023
၁။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ပုံမှန် ပြန်ဖွင့်ထားခြင်းကို လူသိနည်းနေ၊ အခမဲ့ကြည့်နိုင်
၂။ အိုးဘိုထောင်အပါအဝင် အကျဉ်းထောင်များတွင် စာအုပ်များအခမဲ့ လှူဒါန်းပေးလိုဟုဆို
၃။ ရန်ကုန်ရွှေဈေး ၂၂ သိန်းကျော် ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်အေးနိုင်
၄။ မျိုးသုဉ်းအန္တရာယ်ရှိနေသည့် ဧကရာဇ်လိပ်ပြာမျိုးစိတ် မုန်တိုင်းအန္တရာယ်နှင့်ရင်ဆိုင်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _8 February 2023
လျှပ်စစ်ကားတွေ အတွက်အမြန်အားသွင်းစက်တွေ ပြည်တွင်းကို ရောက်ပြီလို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦး၏ ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ကောက်ရထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်၊၊
ကောက်ရထားသည့် ပတ်စ်ပို့သည် KO HAN Passport NO MC02472 ဖြစ်ပြီး ဂျပန်နိုင်ငံ Yukuhashi ရဲစခန်းမှ ကောက်ရထားခြင်းဖြစ်သည်၊၊
အဆိုပါ နိုင်ငံကူးလက်မှတ်ကို ဂျပန်နိုင်ငံ Yukuhashiရဲစခန်းတွင် ၂၀၂၃ခုနှစ် မေလ ၃ ရက် နောက်ဆုံးထားရွေးယူရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အသိပေးထားခြင်း ဖြစ်သည်၊၊
ကာယကံရှင်အနေဖြင့် ၂၀၂၃ခုနှစ် မေလ၃ရက်မတိုင်မီ ရွေးယူရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ဌာနသို့ ဆက်သွယ်ရန် အသိပေးချက်ထုတ်ပြန် ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ညောင်ဦးမြို့နယ်ရှိ ရေနံတွင်း မီးလောင်မှုဖြစ်စဉ်အတွက် ရေနံခပ်လုပ်သားကို အမှုဖွင့်ထားကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တက်မရေနံမြေလုပ်ငန်းဧရိယာအတွင်း ဖေဖော်ဝါရီလ ၇ ရက် နံနက် ၂ နာရီ ဝန်းကျင်က ရေနံကျင်းအတွင်းမှ ရေနံစိမ်းများကို ခပ်ယူနေချိန် ရေနံငြမ်းစင်ပါ သံမူလီနှင့်ရေနံခပ်ခွက်ပါ သံကိုင်းတို့ထိခပ်မိရာမှ မီးပွားထွက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရေနံကျင်းလေးကျင်းကို ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် (၁ဝ×၁၀)ပေပတ်လည် သက်ကယ်မိုး၊ အကာမပါဆီခပ်တဲ ၃လုံး၊ ၅လုံး၊ ၂၂ ကောင်စီလင်းအင်ဂျင်ဟောင်း ၃ လုံး၊ စက်ကလပ်ခုံ ၃ လုံး၊ ၁၆ ကောင်ဂျင်ဒေါင်းအင်ဂျင်ဟောင်း ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းကြောင့် မီးလောင်မှုဖြစ်စေခဲ့သည်မှာ ပေါ့ဆမှုဖြစ်၍ ရေနံခပ် လုပ်သားအား စဉ့်ကူနယ်မြေရဲစခန်းမှ (ပ)၇/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ထိုင်းလေတပ်အဖွဲ့ဝင်များ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ဖေဖော်ဝါရီ (၇)ရက်တွင် လာရောက်ဖူးမြော်ကြကြောင်း စေတီတော်ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
အဆိုပါဘုရားဖူးအဖွဲ့သည် WING COMMANDER JIRAPONG JINAIARN ထိုင်းလေတပ်လေယာဉ် TRADING MISSION မှ အဖွဲ့ဝင်များဖြစ်ပြီး အဖွဲ့ဝင်( ၁၅ )ဦးလာရောက်ခဲ့သည်ဟုဆိုသည်၊၊
ထိုင်းလေတပ်အဖွဲ့ဝင်များသည် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးရှိ မြတ်စွာဘုရား၏ ဆံတော်မြတ်၊ နန်းဦးဘုရားကြီးနှင့် ဘိုးဘိုးကြီးတို့အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်၊၊


#ymg/tthl
#Yangon_Media_Group
Page 1449 of 2213