#Local_News
Published_ 25 May 2023
YBS ယာဉ်အချို့မှာ EV Bus ကားဖြင့် အစားထိုးပြေးဆွဲသွားမယ်လို့ YRTC ကပြောအပြီး မေလ တတိယအပတ်ထဲမှာ YRTC ကတာဝန်ရှိသူတွေနဲ့ Electronic bus တင်သွင်းရောင်းချတဲ့ ကုမ္ပဏီ သုံးခုနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ပုဂ္ဂုလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီက သိရပါတယ်။
#Local_News #EV Bus #YRTC #Electronic_Bus
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
ရွှေတိဂုံစေတီတော်ကြီးမှာ ဇွန်လ(၂)ရက်နယုန်လပြည့်နေ့မှာ မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပသွားဖို့ရှိတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီတော် #ငြိမ်းချမ်းရေးခေါင်းလောင်းများတစ်ပြိုက်နက်တီးခတ်ပူဇော် #YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
အခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ မေလ ၁၂ ရက်အထိ ပြည်ပကို ရေထွက်ပို့ကုန်အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးသာ တင်ပို့ထားနိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News #ရေထွက်ကုန်ကန်ဒေါ်လာသန်း၄၀ဖိုးတင်ပို့
#YMG #Yangon_Media_Group
#Daily_News
Published_ 25 May 2023
၁။ အခုဘဏ္ဍာနှစ်စမှာ ပြည်ပကို ရေထွက်ကုန် ကန်ဒေါ်လာ သန်း ၄၀ ဖိုးတင်ပို့ထားနိုင်
၂။ ရွှေတိဂုံစေတီတော်တွင် နယုန်လပြည့်၌ ငြိမ်းချမ်းရေးခေါင်းလောင်းများတစ်ပြိုက်နက် တီးခတ်ပူဇော်မည်
၃။ EV Busနှင့်ပတ်သက်ပြီး YRTC နှင့် Electronic Bus ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီသုံးခု ဆွေးနွေးနေ
၄။ အင်ကာခေတ်မတိုင်မီယဉ်ကျေးမှုခေါင်းဆောင်၏ အုတ်ဂူအား ပီရူးမြောက်ပိုင်းတွင် ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 25 May 2023
လာမယ့် မေလ(၂၈)ရက်ကနေ(၃၀)ရက်အတွင်း တနင်္သာရီ၊ ရန်ကုန်၊ နေပြည်တော် အပါအဝင် ဒေသအချို့မှာ မိုးသည်းထန်တာ၊ မိုးသက်လေပြင်းတွေတိုက်ခတ်တာ တွေ့ကြုံတွေ့နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ(၂၅)ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #တိုင်ဖွန်းမုန်တိုင်း'မဝါ' #မိုးကြီးခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်းများကြုံနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၆) ဒေသအခေါ် (S) ကွေ့ အနီးတွင် မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက လူငယ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊မြစ်ကြီးနား) မှ သိရသည်။
အဆိုဖြစ်စဥ်နှင့်ပတ်သက်ပြီး ရပ်ကွက်အတွင်းတာ၀န်ရှိပြည်သူများက သတင်းပေးမူကြောင့် သွားရောက်ကူညီပေးခဲ့ကြောင်းအဆိုပါအသင်းမှာသိရသည်။ပတ်၀န်းကျင်ပြည်သူများပြောဆိုချက်အရ အမျိုးသားငယ်သုံးဦး ဆိုင်ကယ်များဖြင့်စကားပြောဆိုရာမှ နှစ်ဦးမှာအသင့်ပါလာသည့် သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊မြစ်ကြီးနား)မှ တာ၀န်ခံတစ်ဦးဆိုသည်။
အဆိုပါသေဆုံးသူ လူငယ်အမျိုးသား၏ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည််။
#ymg/ynzw
#Yangon-Media-Group
Published 25 May 2023.
ဘင်္ဂလီဒုက္ခသည်တစ်သန်းခန့်ထဲက ၁၂၀၀ ဦးခန့်ကို ပြန်လည်လက်ခံဖို့အတွက် ရှေ့ပြေးအစီအစဉ်တစ်ခုရဲ့ လုပ်ငန်းအစိတ် အပိုင်းတစ်ခုအဖြစ် မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ မေလ ၂၅ ရက် ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတယ်လို့ အေအက်ဖ်ပီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်
လာမယ့်ရက်သတ္တပတ်များမှာ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့ဟာ လူ ၁၁၀၀ခန့်ကို မြန်မာနိုင်ငံကပြန်လည်လက်ခံဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ အရာရှိ ၁၄ဦးပါဝင်တဲ့အဖွဲ့ဟာ ယနေ့ကြာသပတေးနေ့မနက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ တက်ခ်နက်ဖ် Teknaf ကို စက်လှေဖြင့် ရောက်ရှိလာတယ်ပြီး မည်သည့်မှတ်ချက်မျှပြောဆိုသွားခြင်းမရှိဘူးလို့ အဲဒီနေရာ ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကပြန်လည်လက်ခံမယ်လို့ သတ်မှတ်ထားတဲ့ ဘင်္ဂလီတွေနှင့် တွေ့ဆုံ စကားပြောဆိုမှာဖြစ်ပြီး ယခုခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ဒုတိယကော်မရှင်နာ ရှမ်အပ် ဒိုဇာက ပြောပါတယ်။
ဘင်္ဂလီ ၂၀ဦးဟာ ဒီလထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြန်လည်နေရာချထားရေးစခန်း(၂)ခုကို သွားရောက်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ပြန်ဖို့ရှိတဲ့ အမည်မဖော်လိုတဲ့ ဘင်္ဂလီတစ်ဦးတော့ “ သူတို့အနေနှင့် နိုင်ငံသားမဟုတ်ဘဲ IDP စခန်းတွေမှာ နေထိုင်ရာမှာ နေထိုင်ရမှာမို့ မြန်မာပြည်မပြန်ချင်ဘူးလို့ အေအက်ဖ်ပီကိုပြောကြားကြောင်းလည်း အေအက်ဖ်ပီ ကရေးသားပါတယ်။
Source: AFP
#ဘင်္ဂလီ_ရခိုင်ပြည်နယ်
#ဘင်္ဂလားဒေ့ရှ်_ဘင်္ဂလီဒုက္ခသည်စခန်း
#YangonMediaGroup


Page 1452 of 2418