#Local_News
Published_ 20 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)ရန်ပြေရပ်ကွက် ရန်ပြေလမ်းမပေါ် တိုးချဲ့(၁)လမ်းထိပ်တွင် လူတစ်ဦးလဲကျသေဆုံးနေကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းမှာ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ယနေ့ ဧပြီလ ၂၀ ရက် နံနက်ပိုင်းက လဲကျသေဆုံးနေသည်ကို တွေ့ရှိသည့်အတွက် ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာ၍ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က သွားရောက် ကူညီခဲ့ရကြောင်း သိရသည်။
၎င်းသေဆုံးနေသော အမျိုးသားတွင် ပြင်ပဒဏ်ရာ မတွေ့ရှိကြောင်း၊ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #သာကေတ #YMG
#Yangon_Media_Group
#Local_News
Published_ 20 April 2023
ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
အဆိုပါ အခမ်းအနားကို လာမည့်ကဆုန်လဆန်း(၁၄) ရက်မေလ( ၂ )ရက်တွင် ကျင်းပသွားမည်ဟု အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ ထုတ်ပြန်ထားသည်၊၊
ယင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော် အထက်ပစ္စယံနှင့်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်သည်၊၊
အခမ်းအနားကို နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိပိဠကကောဝိဒဆရာတော်ကြီးများ တိုင်းဒေသကြီး သံဃာမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ မြို့နယ်သံဃာမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းအားလုံး၏ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်၊ ဆရာတော်များကို ပင့်ဆောင်ပြီး စုပေါင်းလှူဒါန်းပူဇော်သွားမည်ဖြစ်သည်ဟု သိရသည်၊၊
အလှူရှင်များအနေဖြင့်လည်း မိမိတို့တတ်စွမ်းသမျှ လှူဖွယ်ဝတ္ထုငွေများနှင့်လှူဖွယ်ပစ္စည်းများကို လာရောက်လှူဒါန်းနိုင်သည်ဟု အခမ်းအနားကျင်းပရေး ဦးစီးကော်မတီမှတိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်၊၊
#ymg/tthl #Local_News #ရွှေတိဂုံ #အနေကဇာတင် #YMG
#Yangon_Media_Group
#Local_News
Published_ 20 April 2023
နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည်အရေးပါသည့်အတွက် နိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ကနေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပသည့်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့်ထုတ်လုပ်မှုမမျှမတဖြစ်နေသည်ကို တတ်နိုင်သမျှ ထိန်းညှိ ဖြန့်ဖြူးပေးနေကြောင်း၊ ရသမျှစွမ်းအင်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။
လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံး (Losses)ဖြင့် ဗိုအားပြည့်ဝစွာ အချိန်မီရောက်ရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံကြီးများ မီးဘေးအန္တရာယ် မကျရောက်စေဖို့ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်သည်။
မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် မိမိတို့ကျရာအခန်းကဏ္ဍများမှ တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်သည်။
#ymg/ynzw #Local_News #လျှပ်စစ်ဓာတ်အား #ပြည်ထောင်စုဝန်ကြီး #YMG
#Yangon-Media-Group
#Local_News
Published_ 19 April 2023
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ တိုက်ခန်းအချို့မှာ ရေပြတ်လတ်တာတွေ ရှိလာတဲ့အတွက်သောက်သုံးရေတွေ နေ့စဉ်လှူဒါန်းပေးနေရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်မြို့ရှိတိုက်ခန်း #ရေပြတ်လတ်မှုများရှိ #နေ့စဉ်ရေလှူဒါန်း
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ရန်ကုန်မှာပြေးဆွဲနေတဲ့ အငှားယာဉ်တွေအနေနဲ့ အခုဧပြီလကစကာ အခွန်ပေးဆောင်ဖို့ အကျုံးဝင်ပြီဖြစ်ကြောင်း ရန်ကုန်မြိုတော်စည်ပင်အခွန်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News #အငှားယာဉ်Taxi #စည်ပင်အခွန်ပေးဆောင်
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ပြင်ပရွှေ ပေါက်စျေးဟာ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်း အဖွင့်စျေးနူန်းများအရ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ၂၉သိန်း၇သောင်း ၀န်းကျင်အထိ ပေါက်စျေးရှိနေတာကြောင့် သိန်း၃၀ နီးပါးအထိ စျေးမြင့်လာနိုင်တယ်လို ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်စျေး # အရောင်း၀ယ်အေးနေ
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ရာသီဥတုပူပြီး အချိန်နဲ့ရတဲ့လျှပ်စစ်မီးရရှိမှုဟာ ထပ်မံလျော့နည်းလာတဲ့အတွက် အချိုလျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ အားသွင်းပန်ကာတွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားတွေတက်နေတယ်လို လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံမှ သိရပါတယ်၊၊
#Local_News #ရာသီဥတုပူ #လျှပ်စစ်မီးအချိန်ဖြင့်သာရ #အားသွင်းပန်ကာများ
#YMG #Yangon_Media_Group
Page 1461 of 2349