#Daily_News
Published 1 July 2025
၁။ ရွေးကောက်ပွဲလုပ်ချိန်အထိ မှတ်ပုံတင်မရှိသူများတင်ပြပါက ကွင်းဆင်းဆောင်ရွက်မည်
၂။ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာသစ်(၁၆)ဦးထပ်မံတွေ့ရှိ
၃။ ဇူလိုင်လအတွင်း မြစ်ရေများစိုးရိမ်ရေမှတ်သို့ တစ်ကြိမ်စီကျရောက်နိုင်
၄။ ဓာတ်အားထုတ်လုပ်ရေးကဏ္ဍအတွက်ပထမဆုံး AI စနစ်အား တရုတ်စွမ်းအင်ကုမ္ပဏီစတင်လုပ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 1 July 2025
▪️ ဂျပန်နိုင်ငံသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သား ၅၁ဦးကိုပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့်ပြုလိုက်ကြောင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ေကြညာလိုက်သည်။
▪️ အဆိုပါ ၅၁ဦး၏ အမည်စာရင်းကို အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Channel မှ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသူများသည် ၂-၇-၂၀၂၅ ရက်နေ့တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ပြီးOWIC ကတ် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ သတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ် ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အေဂျင်စီများအနေဖြင့် OWIC ရရှိပြီးသည့်အလုပ်သမားများအတွက်စေလွှတ်ခွင့်အား ထွက်ခွာလိုသည့်ရက် ရက်သတ္တ တစ်ပတ်အတွင်းဖော်ပြပြီး စေလွှတ်မည့်အလုပ်သမားစာရင်း၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ်မိတ္တူတို့နှင့်အတူ Excel Soft Copy ပြုစု၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊
#YMG/SW #Yangon_Times
မြန်မာ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့အတွက် ICBC ဘဏ်အနေနဲ့ဘဏ္ဍာရေးကဏ္ဍရဲ့တံတားတစ်စင်းအဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 1 July 2025
#ICBCဘဏ် #ဘဏ္ဍာရေးတံတားတစ်စင်း
#YMG/SW #Yangon_Times
လာမယ့်ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သလို ဧရာဝတီမြစ်အပါအဝင် ဒေသအသီးသီးရှိမြစ်အချို့ရဲ့ မြစ်ရေများစိုးရိမ်ရေမှတ်သို့ တစ်ကြိမ်စီကျရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ဇူလိုင်လပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။
#Local_News
Published 1 July 2025
#မြစ်ရေများစိုးရိမ်ရေမှတ် #တစ်ကြိမ်စီကျရောက်နိုင်
#YMG/NN #Yangon_Times
ယခုတစ်ပတ်ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာသစ်(၁၆)ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းမှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
#Local_News
Published 1 July 2025
#ကိုဗစ်-၁၉ရောဂါ #အတည်ပြုလူနာသစ်(၁၆)ဦးတွေ့ရှိ
#YMG/SW #Yangon_Times
လာမယ့်ရွေးကောက်ပွဲလုပ်ချိန်အထိ မှတ်ပုံတင်မရှိသူတွေတင်ပြလာပါကပန်းခင်းစီမံချက်နဲ့ ကွင်းဆင်းဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီး
ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 1 July 2025
#မှတ်ပုံတင်မရှိသူများ #ပန်းခင်းစီမံချက်
#YMG/NN #Yangon_Times
#Local_News
Published 1 July 2025
▪️ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ (၁၉၇) ခုနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၂၇ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
▪️ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ပူးတွဲပါကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာ ခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန် လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ထို့အတူ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
#YMG/NN #Yangon_Times
Page 1 of 2076