#Local_News
Published 7 January 2024
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခ၊သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းရှိလုပ်ငန်းများအား အငှားချထားရန်အတွက် တင်ဒါအဆိုပြုလွှာများတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်နေကြောင်းတင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှသိရသည်။
ထိုသို့ခေါ်ယူရာတွင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၄ခုနှစ် ဧပြီ ၁ရက်မှ ၂၀၂၅ခုနှစ် မတ်လ ၃၁ရက်အထိ မြို့တော်စည်ပင် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းများရှိလုပ်ငန်းများအား အငှားချထားသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများအတွက် တင်ဒါလျှောက်လွှာများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ မြို့တော်ခန်းမ (ဒုတိယထပ်)နှင့် ပွဲရုံစခန်းရှိလုပ်ငန်းများအတွက်တင်ဒါလျှောက်လွှာများအား ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(၇)လွှာ၊ ၁၂ထပ်ခွဲရုံး၊ (၄၆)လမ်း၊ဗိုလ်တထောင်မြို့နယ်၌ ဇန်နဝါရီ၁ရက်မှ ၂၂ရက်အထိ ရုံးချိန်အတွင်းရုံးချိန်အတွင်းရောင်းချပေးသွားမည်ဖြစ်ကာ ဇန်နဝါရီ ၂၃ရက်၌ နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။
တင်ဒါစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
#Local_News #ပွဲရုံစခန်းရှိလုပ်ငန်းများအငှားချထား #ယာဉ်ဝင်ခများအပါအဝင်တင်ဒါများစတင်ခေါ်ယူ #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ကိုရီးယားသမ္မတနိုင်ငံရှိ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုပါက ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကာလသက်တမ်း ထပ်မံတိုးမြှင့် ပြန်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ကြေညာသည်။
ယခင်က ၂၀၂၃ဒီဇင်ဘာ လကုန်အထိ သတ်မှတ်ထားရာ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ လကုန်အထိ အချိန် ကာလ ထပ်တိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း မိမိဆန္ဒအလျောက်နေရပ်ပြန်မယ့်သူများမှာ ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီး ကိုရီးယားနိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်မည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကနေလည်း ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ဖြင့် နေရပ်ပြန်လိုသူများမှာ နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုကြောင်း စာရွက်အထောက်အထားနဲ့ လေယာဉ်လက်မှတ်တို့ကို တင်ပြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။
အသေးစိတ်အချက်အလက် သိရှိလိုပါက ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၁၃၄၅ နဲ့ HiKorea (http://www.hikorea.go.kr)ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ မြန်မာသံရုံးက အသိပေးထားသည်။
#Local_News #နေရပ်ပြန်လိုပါကဒဏ်ကြေးမပေးရ #ဖေဖေါ်ဝါရီလကုန်အထိသက်တမ်းတိုးပေး
#YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား များကို တင်ဆောင်လာသည့် မော်တော်ယာဉ် ကို ထိုင်းအာဏပိုင်များ က တားဆီးစစ်ဆေးရာ မှ ထွက်ပြေးသဖြင့် ယာဉ်တိမ်းမှောက် မှု ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းသတင်းဌာန များရဲ့ဖေါ်ပြချက်အရ သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ စံခလမြို့နယ်ထဲဖြတ်သန်းမောင်းနင်လာသည့် ပစ်ကပ်ကားကို ထိုင်းအာဏာပိုင်များက အစစ်ဆေးခံယူဖို့ တားဆီးစဉ် ယာဉ်မောင်းဖြစ်သူက ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနင်ထွက်ပြေးရာက လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈ ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအနက်က တစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စံခလဘူရီရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားခဲ့သည့် နေရာကို သွား ရောက်စစ်ဆေးမှုတွေပြုလုပ်ကာ တရားမဝင် မြန်မာနိုင်ငံသားများ ကို ထိုင်းနိုင်ငံထဲ ခေါ်ဆောင်လာသည့်ပွဲးစားများကို ဖမ်းဆီးနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
#Local_News #ကားမောင်းနှင်ထွက်ပြေးရာမှတိမ်းမှောက်မှုဖြစ် #YMG/NN #Yangon_Times
#World_Health
Published 07 January 2024
ခန္ဓာကိုယ်တွင်း ပုံမှန်လုပ်ဆောင်နိုင်ရန်နဲ့ အလုံးစုံကျန်းမာရေးအတွက် ဗိုက်တာမင်ဓာတ်တွေ မရှိမဖြစ် လိုအပ်ပါတယ်။
ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေတို့ ပုံမှန်ရရှိစေရန် အစားအစာများ ဖြည့်စွက်စာများကနေ ရရှိနိုင်ပါတယ်။
ခန္ဓာကိုယ်ကနေ ဗိုက်တာမင်စုပ်ယူမှုကို အားကောင်းစေတဲ့ အစားအစာများကို ဖော်ပြလိုက်ပါတယ်။
(၁) အချဥ်သီးများ
လိမ္မော်သီး၊ သံပယိုသီး၊ ကျွဲကောသီးတို့လို အသီးတွေမှာ ဗိုက်တာမင်စီ ကြွယ်ဝစွာပါဝင်ပြီး သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။
(၂) ကိုက်လံ
ကိုက်လံက ဗိုက်တာမင်ကေ ကြွယ်ဝပြီး ကယ်လ်စီယမ် စုပ်ယူမှုကိုအားပေးကာ အရိုးနဲ့ သွားများကို သန်မာစေပါတယ်။
(၃) ဒိန်ချဥ်
ဒိန်ချဥ်မှာ အစာခြေခြင်းကို ကူညီပေးတဲ့ ပရိုဘိုင်အိုတစ် အကျိုးပြုဘက်တီးရီးယားများ ပါဝင်ပြီး အာဟာရဓာတ်များကို စုပ်ယူပေးပါတယ်။
(၄) ငါး
ဆယ်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာတို့လို ငါးတွေဟာ ဗိုက်တာမင်ဒီကြွယ်ဝပြီး ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေပါတယ်။
(၅) ထောပတ်သီး
ထောပတ်သီးဆီက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဗိုက်တာမင် အေ၊ ဒီ၊ အီး၊ ကေ စုပ်ယူခြင်းကို ထောက်ပံ့ပေးပါတယ်။
(၆) ကြက်ဥ
ကြက်ဥမှာ ဗိုက်တာမင်ဒီ၊ ဘီ၁၂၊ ပရိုတိန်းတို့ ကြွယ်ဝပြီး အခြားအာဟာရဓာတ်များ စုပ်ယူမှုကို အားပေးပါတယ်။
(၇) ခရမ်းချဥ်သီး
ခရမ်းချဥ်သီးမှာ လိုင်ကိုပင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အခြားဗိုက်တာမင်များ စုပ်ယူမှုကို အားကောင်းစေကာ နှလုံးရောဂါနဲ့ ကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။
(၈) ငရုတ်ပွသီး
သူ့မှာပါဝင်တဲ့ ဗိုက်တာမင်စီက သံဓာတ်စုပ်ယူမှုကို အားကောင်းစေကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
(၉) ပန်းဂေါ်ဖီစိမ်း
ဗိုက်တာမင်စီနဲ့ ကယ်လ်စီယမ်တို့ပါဝင်ကာ သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး အရိုးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
(၁၀) ပဲအမျိုးမျိုး
ပဲကြီး၊ ပဲနီကလေး၊ ကုလားပဲတို့ဟာ အမျှင်ဓာတ်၊ ပရိုတိန်း၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အာဟာရစုပ်ယူမှုကို အားပေးပါတယ်။
လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ရရှိဖို့ မျှတစွာ စားသောက်ရန် လိုအပ်ပါတယ်။
#World_Health #ဗိုက်တာမင်စုပ်ယူမှုမြှင့်တင် #Source: DoctorNDTV
ဂေါ်ရန်ဂျီနဲ့ငွေဆောင်၊ ချောင်းသာကမတူဘူး၊ လမ်းပန်းဆက်သွယ်ရေးစကားပြောတာကိုး၊ ခရီးသွားကစနေ၊ တနဂ်နွေပိတ်ရက်လောက်ပဲလာတယ်၊ ကျန်ရက်တွေကမရှိသလောက်ပဲ၊ expressတွေမှာလည်းနည်းနည်းပဲပါတယ်၊ကိုယ်ပိုင်ကားနဲ့လာ ပြန်လည်းလမ်းကနည်းနည်းဆိုးတဲ့အခါကျတော့ လမ်းကြောင့်လည်းနည်းနည်းလေးတိုင်ပတ်နေတာပေါ့၊ လမ်းကသုံးနှစ်လောက်ပျက်တာကို အခုတော့ပြန်ပြင်နေတယ်၊ နဂိုထက်စာရင်နည်းနည်းတော့ကောင်းလာပြီ
အခုရက်ပိုင်းလေးမှာပေါ့၊
#Local_News
Published_7 January 2024
#ဂေါ်ရန်ဂျီနဲ့ငွေဆောင် #လမ်းပန်းဆက်သွယ်ရေးခက်ခဲ
#YMG/NN #Yangon-Times
#World_Health
Published 07 January 2024
မာဒါဂက်စ်ကာ အရှေ့ပိုင်းရှိ ရီယူနီယံကျွန်းမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက တစ်ပတ်ကျော်ကြာအောင် ဝမ်းဗိုက်နာြခင်း ခံစားရပြီးနောက် ဆေးရုံအရေးပေါ်ဌာနမှာ အကူအညီတောင်းခဲ့ရာမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရနေတာကို သိရှိလိုက်ရပါတယ်။
ကိုယ်ဝန်သက်တမ်း ၂၃ ပတ်ရှိပြီဖြစ်ပေမယ့် သားအိမ်ထဲမှာ ဘာမှမရှိပါဘူး။
သန္ဓေသားက ဝမ်းခေါင်းအမြှေးပါးမှာ သန္ဓေတည်နေခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ရှုပ်ထွေးတဲ့အတွက် အထူးကုဆေးရုံသို့ လွှဲပြောင်းလိုက်ရပါတယ်။
၂၉ ပတ်မြောက်မှာ ကလေးကို ခွဲစိတ်မွေးထုတ်ခဲ့ပြီး အထူးကြပ်မတ် ထိန်းသိမ်းထားကာ ၂ လကြာပြီးနောက် အိမ်ပြန်ခွင့်ရခဲ့ပါတယ်။
သားအိမ်ဆိုတာက သန္ဓေသား ဖွံ့ဖြိုးမှုအတွက် ကာကွယ်မှုပေးတာဆိုပေမယ့် အယောက် ၁၀၀ မှာ ၁ ယောက်က လမ်းလွဲသွားတတ်ပါတယ်။
ဒီလိုမျိုး နေရာမမှန်ဘဲ သန္ဓေတည်ခြင်းက မိခင်ရော ကလေးအတွက်ပါ အသက်အန္တရာယ် ရှိတတ်ပါတယ်။
ကိုယ်ဝန်သက်တမ်း ၂၀ ပတ်ကျော်လာရင် မိခင်အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေက ၅ ယောက်မှာ ၁ ယောက်နှုန်း ရှိလာပါတယ်။
ယခုဖြစ်ရပ်မှာတော့ အရေးပေါ်ဌာနသို့ အချိန်မီရောက်လာတာက အသက်ဘေးကင်းဖို့ ဖြစ်လာခဲ့ပါတယ်။
ဓာတ်မှန်ရိုက်ရာမှာ သားအိမ်ထဲမှာ ဘာမှမရှိပေမယ့် သန္ဓေသားဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးနိုင်ပါတယ်။
ဒီလိုရှားပါးဖြစ်ရပ်တွေ ဖြစ်ရတဲ့ အကြောင်းအရင်းတွေက သိပ်ပြီးမရှင်းလင်းသေးဘဲ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများ၊ တင်ပါးရောင်ရမ်းခြင်း ရောဂါများနဲ့ ဆက်စပ်နေတယ်လို့ ယခင်က တွေ့ရှိထားပါတယ်။
#World_Health #သားအိမ်ပြင်ပနေရာ #ကိုယ်ဝန်သန္ဓေတည်ခဲ့သည့်ကလေး #Source: India Today
၂၀၂၃ နောက်ဆုံး ၃ လမှာ တရုတ်ကုမ္ပဏီ BYD က တစ်ကမ္ဘာလုံးအတိုင်းအတာ လျှပ်စစ်ကားရောင်းချမှုမှာ အီလွန်မက်စ်ရဲ့ တက်စ်လာထက် ပိုများနေကြောင်း BYD ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
#Asia_Industry
Published_6 January 2024
#လျှပ်စစ်ကားကုမ္ပဏီBYD #အီလွန်မက်စ်ရဲ့တက်စ်လာလျှပ်စစ်ကား
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_6 January 2024
၁။ တောင်ငူကေတုမတီရှိ မျက်မမြင်ဘိုးဘွားများကို လှူဒါန်းမည့်သူနည်းပါးနေ၍ စားဝတ်နေရေးခက်ခဲနေ
၂။ ငါးသလောက်ဈေးကောင်းသဖြင့် ဖမ်းစီးသူများသောကြောင့် မဲစနစ်ဖြင့်အလှည့်ကျ ငါးဖမ်းထွက်နေရဟုဆို
၃။ လေပြင်းဒဏ်ခံနိုင်အောင် ဒေသ(၉)ခုမှနေအိမ် (၁၉၅၄၀)လုံးကိုစီမံချက်ဖြင့် အားဖြည့်ပြင်ဆင်ပေးမည်ဟုဆို
၄။ တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD အီလွန်မက်စ်ရဲ့တက်စ်လာလျှပ်စစ်ကားများထက် ပိုမိုရောင်းချနေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၆ ဇန်နဝါရီ ၂၀၂၄
အလာစကာလေကြောင်းလိုင်းလေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှာပျံသန်းနေစဉ် လေယာဉ်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ပြတင်းမှန်ပြုတ်ထွက်သွားတဲ့အတွက် ခရီးသည်တွေရဲ့ပစ္စည်းတွေ လေထဲကိုစုပ်ယူခံလိုက်ရပြီး လေယာဉ်လည်း ပေါ့တ်လန်းမှာ အရေး ပေါ်ဆင်းသက်ခဲ့ရပါတယ်။
သောကြာနေ့(ဇန်နဝါရီ၅ရက်) ကာလီဖိုနီးယားပြည်နယ် အွန်တာရီယိုကိုပျံသန်းတဲ့အဆိုပါ လေယာဉ်ဟာ ပို့တ်လ်လန်းမှာ ထွက်ခွာပျံတက်ပြီး ၃၅မိနစ်အကြာမှာ အဆိုပါကြောက်ဖက်ဘွယ်ရာ မတော်တဆမှုနှင့်ကြုံရတဲ့အတွက် လေဆိပ်ကိုပြန်လှည့် ခဲ့ရတာဖြစ်ပါတယ်။
ခရီးသည် ၁၇၁ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါစီးနင်းလာတဲ့ အဆိုပါလေယာဉ်ဟာ မတော်တဆမှုနှင့်ကြုံခဲ့ရတာလို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပေမယ့် အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
ခရီးသည်တွေရဲ့ ဆဲလ်ဖုန်းတွေနှင့်ကိုယ်ပိုင်ပစ္ဏည်းတွေဟာ ပေါက်ပြဲသွားတဲ့ လေယာဉ်ကိုယ်ထည်အပေါက်ကြီးထဲကနေ အပြင်ကိုစုပ်ယူသွားခြင်းခံခဲ့ကြရပါတယ်။အဲဒီအပေါက်ကြီးအနားထိုင်နေတဲ့ကလေးငယ်တစ်ဦးရဲ့ အင်္ကျီလေထဲပါသွားပြီး သူ့ အရေပြားတွေနှင့် တိုက်ခတ်တဲ့လေကြောင့် နီမြန်းသွားကုန်ပါတယ်။
လေယာဉ်အရေးပေါ်ဆင်းသက်ပြီးနောက် မီးသတ်ဌာနဟာ ဒဏ်ရာအနည်းအကျဉ်းရရှိခဲ့သူတွေကို ပြုစုစောင့်ရှောက် ပေးခဲ့ပါတယ်။
အဆိုပါလေယာဉ်ဟာ မကြာသေးမီကတည်ဆောက်ခဲ့တဲ့ ဘိုအင်း ၇၃၇ -၉ မက်စ်737-9 Max အမျိုးအစားဖြစ်ပြီး အန္တရာယ် ကင်းကြောင်းလကမှတ်လည်း ၂၀၂၃ အောက်တိုဘာ ၂၅ရက်ကရရှိခဲ့ပြီးဖြစ်ပါတယ်။ ယခုဖြစ်ရပ်ကြောင့် အလာစကာ လေကြောင်းဟာ ယင်းရဲ့ 737-9 Max လေယာဉ်အားလုံးကို ပျံသန်းခွင့်ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး သိရတာနှင့်ချက်ခြင်းသတင်းထုတ်ပြန်ပေးမယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
Source NYP
#USNews
#Local_News
Published 6 January 2024
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ခန်းမ၌ လာမည့်ဖေဖော်ဝါရီ (၃)ရက် စနေနေ့တွင်ကျင်းပသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲကို MICC-1 တွင်ကျင်းပခြင်းသည် ပထမဆုံးဖြစ်ပြီး ယမန်နှစ်က နေပြည်တော် မြို့တော်ခန်းမအနီးရှိလဟာပြင်ကဇာတ်ရုံတွင် ၂၀၁၉၊၂၀၂၀နှင့်၂၀၂၂ခုနှစ်များအတွက် (၃)နှစ်စာ ဆုများကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။
အကယ်ဒမီရွှေစင်ရုပ်တုတွင် တပ်ဆင်မည့် ရွှေကြယ်များနှင့် အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမည့် အကယ်ဒမီဆုရအနုပညာရှင်၊ အတတ်ပညာရှင်များကို ရွှေစင်ရုပ်တု ရင်ထိုးတံဆိပ်များ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည့် ရွှေများကို နိုင်ငံတော်ကကျခံသွားမည်ဖြစ်ပြီး လုပ်ငန်းအပ်နှံခြင်းကို ဆောင်ရွက်ပြီး ဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ယခုနှစ်အကယ်ဒမီပွဲကို Forever Group Co.,Ltd အနေဖြင့် အဓိကကူညီပံ့ပိုးသူအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည့်အတွက် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခြင်းကို ဇန်နဝါရီ ၃ ရက်က ချုပ်ဆိုခဲ့ပြီး လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ဇာတ်ကားစိစစ်အကဲ ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ထားသည့် ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီ ၃ ရက်က အပြီးအစီး စိစစ်ဆောင်ရွက်ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
ယင်းအပြင်ရွှေကြိုမောင်မယ်များကို နောက်ဆုံးဆန်ခါတင်အနေဖြင့် ရွှေကြိုမောင်မယ်အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကို အပြီးသတ် ရွေးချယ်ပြီးခဲ့ပြီး ယခုနှစ်၏ ထူးခြားမှုအနေဖြင့် ရွှေကြိုများကို ရွေးချယ်ခြင်းအပြင် ရုပ်ရှင် အနာဂတ်အတွက် သရုပ်ဆောင်များကို မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရွှေကြိုရွေးချယ်ရေးအဖွဲ့၊ ရုပ်ရှင်ထုတ်လုပ်ရေးများနှင့် ရုပ်သံလိုင်းများက သရုပ်ဆောင် ၄၃ ဦးကို ရွေးချယ်ထားကြောင်းလည်း သိရပါတယ်။
#Local_News #နေပြည်တော်MICC-1 #ဇာတ်ကား၁၂ကားအပြီးသတ်ရွေးချယ်ပြီး #-ymg/knl
#Local_News
Published 6 January 2024
တာမွေမြို့နယ်ရှိ လျှပ်စစ်ဆိုင်မှအမျိုးသမီးနှစ်ဉီး အား ရို-က်နှ-က်၍ရွှေနှင့်ငွေများလုယက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO)မှသိရသည်။
ဖြစ်စဉ် မှာဇန်နဝါရီ (၅)ရက်၊ ညနေပိုင်းက တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ်ကွက် ၁၅၆လမ်းနေအိမ်တိုက်ခန်း မီးပစ္စည်းဆိုင်မှအမျိုးသ္မီး ၂ဉီးအားရိုက်နှက်၍ရွှေနှင့်ငွေများလုယက်ထွက်ပြေးသွားပါသဖြင့် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
'မနေ့က ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာဖုန်းဆက်ခေါ်လို့ကျွန်မတို့ကသွားပြီးကူညီခဲ့တာပါ၊တစ်ယောက်ကို စံပြဆေးရုံနဲ့ တစ်ယောက်ကိုတော့မေဓာဝီဆေးရုံကိုပို့ခဲ့တာပါ၊လက်ရှိအခြေအနေတော့ မသိပါဘူး 'ဟု မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါဒဏ်ရာရရှိသူနှစ်ဦးအားသင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ပို့ဆောင်၍ ထိုမှတဆင့်ဒဏ်ရာပြင်းထန်သူ(ဉီးခေါင်းထိခိုက်) ၁ဉီးအားမြောက်ဥက္ကလာမြို့နယ် မေဓါဝီဆေးရုံသို့ထပ်မံကူညီပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူမှာလွန်မြောက်သွားကြောင်း သိရသည်။
#Local_News #လျှပ်စစ်ဆိုင်မှအမျိုးသမီးနှစ်ဉီး #ရွှေနှင့်ငွေများလုယက်မှုဖြစ် #YMG/NN #Yangon-Times
တောင်ငူမျက်မြင်ဘိုးဘွားရိပ်သာမှာ ခိုလုံနေရတဲ့ အသက်(၈၀) မျက်မမြင်ဘိုးဘွားလေးဦးသာကျန်ရှိတော့ပြီး မျက်မမြင်ဘိုးဘွားတွေ အသက်ဆက်ရှင်သန်ဖို့အတွက် အလှူရှင်တွေရဲ့ စားနပ်ရိက္ခာနဲ့ ငွေကြေးလှူဒါန်းမှုတွေ လိုအပ်လျက်ရှိတယ်
#Local_News
Published_6 January 2024
#တောင်ငူကေတုမတီ #မျက်မမြင်ဘိုးဘွားများ #စားဝတ်နေရေးခက်ခဲနေ
#tthl #Yangon_Times
Page 548 of 1644