ဥရောပနိုင်ငံ စျေးကွက်တချို့ကို တင်ပို့နိုင်ဖို့အတွက် အဝယ်လိုက်နေတာကြောင့် ပဲတီစိမ်စျေးကွက် ပြန်ကောင်းလာတယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။
#Local_News
Published_8 January 2024
#ပဲတီစိမ်းဈေးပြန်တက်
#YMG/LW #Yangon_Times
#Local_News
Published 8 January 2024
ရန်ကုန်မြို့တွင်း ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် စီးတီးတက္ကစီအငှားယာဉ်များနှင့် နယ်တက္ကစီအငှားယာဉ်များတွင်ဘေးအဝါရောင်လိုင်း စတေကာများ မတပ်ဆင်ပါက ပညာပေးကာလကျော်လွန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ဒဏ်ကြေးငွေသတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။
အဆိုပါ တက္ကစီအငှားယာဉ်များတွင် ဘေးနှစ်ဖက်အဝါရောင်စတေကာများ တပ်ဆင်ရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ပေးထားသည်။
လက်ရှိစီးတီးတက္ကစီယာဉ်များ နည်းတူရန်ကုန်မြိုတွင်း၌ ပဲခူးနှင့် ဧရာဝတီ၊ တိုင်းဒေသကြီး မွန်နှင့် ကရင်ပြည်နယ်တို့မှ နယ်တက္ကစီအငှား ယာဉ်များမောင်းနှင်မှုများကို တွေ့ရှိနေရသောကြောင့် ၎င်းတို့ကိုလည်းဘေးနှစ်ဖက်ဘေးအဝါရောင်စတေကာ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။
အထက်ပါ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီယာဉ်များအနေဖြင့် ပညာပေးကာလကျော်လွန်ပြီး အဝါရောင်လိုင်း စတေကာမတပ် ဆင်ထားပါက ဒဏ်ကြေးငွေအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဘီးခွန်ပါ ကောက်ခံသွား မည်ဖြစ်သည်။
YRTC အနေဖြင့်၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့အထိစာရင်းများအရ ဘေး အဝါရောင် လိုင်းစတေကာတပ်ဆင် ပြီးစီးမှု ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းအစီး ရေ ၄၂၀၀၀ ခန့် တပ်ဆင်ပြီးစီးကြောင်းသိရပြီး လက်ရှိတွင် စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၅၈,၄၈၁ စီးရှိရာ YRTC တွင် မှတ်ပုံတင်ထားသည့် စီးတီးတက္ကစီ ၅၅,၂၂၇ စီးရှိကြောင်း သိရသည်။
#Local_News #အဝါရောင်လိုင်းစတေကာ #ဒဏ်ကြေးကောက်မည် #YMG/LW #Yangon_Times
#World_Health
Published 08 January 2024
အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးပါပေမယ့် လူအများက သိပ်ပြီးဦးစားမပေးကြပါဘူး။
တစ်ညကို အိပ်ချိန် ၇ နာရီ ၈ နာရီခန့်ရှိခြင်းက ကျန်းမာပျော်ရွှင်ဖို့အတွက် သိသိသာသာ သက်ရောက်နေပါတယ်။
ညသန်းခေါင်မတိုင်ခင် အိပ်တဲ့သူတွေက ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေတာကို လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
စောစီးစွာ အိပ်စက်ခြင်းက ခန္ဓာကိုယ်တွင်း ဇီဝလည်ပတ်ဖြစ်စဥ်နဲ့ ကိုက်ညီပြီး ခွန်အားနဲ့ စိတ်အင်အားတို့ကို မြှင့်တင်ပေးပါတယ်။
ညဥ့်နက်မှ အိပ်စက်လေ့ရှိသူတွေဟာ စောစီးစွာ အိပ်စက်တဲ့ အလေ့အကျင့်ပြောင်းလဲလိုက်ပါက စိတ်ဓာတ်ကျခြင်းနဲ့ ဖိစီးမှုတို့ လျော့ကျစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ညဘက်နောက်ကျမှ အိပ်တဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သွားလဲဆိုတာကို ဒေါက်တာဆူရက်ဘ်ဆယ်ထီက ရှင်းပြသွားပါတယ်။
ပထမဆုံးအနေနဲ့ ကိုယ်အလေးချိန် တက်လာပြီး စိတ်အခြေအနေကို ထိခိုက်လာစေပါတယ်။
ဒီနောက် စိတ်ဖိစီးမှုမြင့်တက်လာပြီး နေ့ဘက်အချိန်မှာ အာရုံစူးစိုက်တွေးတောဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
မှတ်ဉာဏ်ပိုင်း၊ အာရုံစူးစိုက်မှု၊ နိုးကြားတက်ကြွနေစေဖို့ လုံလောက်စွာ အိပ်စက်ရန် အလွန်အရေးကြီးပါတယ်။
အိပ်စက်ခြင်းက ဇီဝကမ္မဖြစ်စဥ် ထိန်းညှိခြင်းနဲ့ ကိုယ်ခံအားစနစ်တို့မှာလည်း အရေးပါပြီး အိပ်ချိန်မလုံလောက်ပါက အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ အချို့ကင်ဆာရောဂါတို့ပင် ဖြစ်လာစေနိုင်ပါတယ်။
အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကျန်းမာရေးအပြင် လူတစ်ယောက်ရဲ့ အကဲဖြတ်နိုင်စွမ်း၊ တုန့်ပြန်မှုတို့ကို သက်ရောက်နေကာ မတော်တဆမှုများ ဖြစ်နိုင်ခြေများပြီး လုပ်ငန်းခွင်၊ စာသင်ကျောင်း၊ လူမှုဆက်ဆံရေးတို့မှာပါ အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။
အိပ်နေစဥ်မှာ လူခန္ဓာကိုယ်က မလှုပ်ပေမယ့် ဦးနှောက်ကတော့ အလုပ်လုပ်နေပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။
ကောင်းစွာအိပ်စက်နိုင်ရန်အတွက် အိပ်ချိန်ပုံမှန်သတ်မှတ်ထားရှိခြင်း၊ သက်တောင့်သက်သာ အိပ်ပျော်စေမယ့် အိပ်ခန်းဝန်းကျင်ထားရှိခြင်း၊ ညဘက် ကဖင်းဓာတ် ရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
မနက်ပိုင်းလေ့ကျင့်ခန်း ပြုလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာစားခြင်းတို့က အိပ်စက်ခြင်းနဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေကို မြှင့်တင်နိုင်တယ်လို့ ဖော်ပြသွားပါတယ်။
#World_Health #ညဘက်နောက်ကျမှအိပ်ရာဝင် #ကျန်းမာရေးပညာရှင်ရှင်းပြ #Source: India Today
#World_Politics
Published 08 January 2024
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို ၅ ကြိမ်မြောက် ဆက်လက်ရရှိသွားကာ သူမရဲ့ အဝါမီပါတီက လွှတ်တော်နေရာ အနည်းဆုံးတဝက်ရရှိထားပြီး ဆက်လက်ရေတွက်နေကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အာဏာရ အဝါမီပါတီက နေရာ ၅၀ ရာခိုင်နှုန်းကျော် ရရှိထားတယ်လို့ ရွေးကောက်ပွဲအရာရှိတစ်ဦးက ဆိုပါတယ်။
ရှိတ်ခ်ဟာဆီနာဟာ ပြိုင်ဘက်တွေ သပိတ်မှောက်နေတဲ့ကြားက ၄ ကြိမ်ဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ပါတီက လိုအပ်တဲ့အရေအတွက်ကို ကျော်လွန်ထားပြီဖြစ်ပြီး ဆက်လက်ရေတွက်လျက်ရှိကာ ဒါဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ၅ ကြိမ်မြောက် အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။
မဲဆန္ဒမကောက်ခင်က ဟာဆီနာရဲ့အစိုးရဟာ ပြိုင်ဘက်နိုင်ငံရေးသမားများ ထောင်နဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ခါလိဒါဇိုင်ယာ ဦးဆောင်တဲ့ အတိုက်အခံ BNP ပါတီက မဲကောက်ခံမှုတွေကို သပိတ်မှောက်ခဲ့ပါတယ်။
အသက် ၇၈ နှစ်ရှိ ဇိုင်ယာဟာ အကျင့်ပျက်ခြစားမှုတစ်ခုမှာ တရားစွဲခံရပြီး နေအိမ်အကျယ်ချုပ် ခံခဲ့ရပါတယ်။
ထိုအချိန်မှာ ဝန်ကြီးချုပ် ဟာဆီနာက Gopalganj-3 အခြေခံဖွဲ့စည်းပုံအားဖြင့် ထပ်မံရွေးချယ်ခံရတာ ဖြစ်ပါတယ်။
ဟာဆီနာက မဲဆန္ဒပေါင်း ၂၄၉,၉၆၅ ရရှိချိန်မှာ ဘင်္ဂလားဒေ့ရှ်စူပရင်းပါတီမှ အနီးကပ်ဆုံးပြိုင်ဘက် အမ်နစ်ဇမ်အူဒင်လက်ရှ်ကာက ၄၆၉ မဲသာ ရရှိခဲ့ပါတယ်။
ဟာဆီနာဟာ ၁၉၈၆ ခုနှစ်ကတည်းက Gopalganj-3 ဖွဲ့စည်းပုံအားဖြင့် ရွေးကောက် ပွဲမှာ ၈ ကြိမ်မြောက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
စုစုပေါင်းနေရာ ၃၀၀ ရဲ့ ၂၆၄ နေရာထဲမှာ အဝါမီပါတီက ၂၀၄ နေရာရရှိထားပြီး မဟာမိတ် ဂျာတီယာပါတီက ၉ နေရာရရှိထားပါတယ်။
မဲပေးစာရင်းများအရ ဟာဆီနာက လွှတ်တော်ရဲ့ ၃ ပုံ ၂ ပုံကျော်ကို ရရှိထားပါတယ်။
အဓိကအတိုက်အခံပါတီ BNP က ထိုအထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်ထားကာ ဟာဆီနာက အကြမ်းဖက် အဖွဲ့အစည်းလို့ ခေါ်ဆိုလိုက်ပြီး ဒီတိုင်းပြည်မှာ ဒီမိုကရေစီဆက်လက် တည်မြဲစေရန် အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ ပြောကြားသွားပါတယ်။
ရွေးကောက်ပွဲရလဒ် ကြေညာပြီးတဲ့အခါ အောင်ပွဲခံခြင်းများ မပြုလုပ်ဖို့ ပါတီခေါင်းဆောင်များ၊ လှုပ်ရှားသူများ၊ ထောက်ခံသူများကို ဟာဆီနာက အစောပိုင်းမှာ မှာကြားထားခဲ့ပါတယ်။
#World_Politics #(၂၀၂၄)ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ #ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာ #Source: WION
#World_Health
Published 08 January 2024
ဗြိတိန်ပြည်ထောင်စုမှ ဆရာဝန်တစ်ဦးက နားရွက်အထဲကို ဘယ်လိုသန့်ရှင်းရမလဲဆိုတာကို အကြံပြုပြောကြားသွားပါတယ်။
နားတွေဟာ သူ့အလိုလို သန့်ရှင်းရေးလုပ်ကြပြီး တံတောင်ဆစ်ထက်သေးတဲ့ ဘယ်အရာမဆို နားထဲသို့ မထည့်သင့်ဘူးလို့ အသက် ၃၁ နှစအရွယ် ဒေါက်တာဆူဂျာက တစ်တော့မှာ ရှင်းပြသွားပါတယ်။
၁၉၉၀ မှ ၂၀၁၀ အတွင်း နားကြားထိုးဂွမ်းတံကြောင့် ဒဏ်ရာရပြီး အမေရိကန် အရေးပါ်ဌာနများသို့ ကလေးပေါင်း နှစ်သိန်းခွဲကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုထဲမှာ နားသန့်ရှင်းရေးလုပ်ရင်း ဒဏ်ရာရသူက ၇၃ ရာခိုင်နှုန်းရှိပြီး ၁၀ ရာခိုင်နှုန်းက ဂွမ်းတံနဲ့ ဆော့ကစားရင်း ဖြစ်ကြတာပါ။
လူတွေကြား မှားယွင်းတဲ့ အယူအဆတွေက နားအတွင်းကို အိမ်မှာပဲ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ဂွမ်းတံဖြင့် သန့်ရှင်းရေးလုပ်ကြတာ ဖြစ်တယ်လို့ စာတမ်းပြုစုသူ ဒေါက်တာ ခရစ္စယာတာနာက ပြောပြသွားပါတယ်။
ဒါ့အပြင် ဂွမ်းတံတွေ အသုံးပြုတာဟာ နားဖာချေးတွေကို နားစည်ထံသို့ ပိုမိုနီးကပ်စွာ ရောက်သွားစေပြီး ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်လို့ ဆိုလိုက်ပါတယ်။
ထိုကနေ အသံကြားရန်ခက်ခဲခြင်း၊ နားရောင်ခြင်း၊ မူးဝေခြင်းတို့ပင် ခံစားရနိုင်တယ်လို့ ဒေါက်တာဆူဂျာက ဆိုပါတယ်။
နားဖာချေးတွေကို ဖယ်ထုတ်ဖို့အတွက် အတံရှည်ဇွန်း၊ ညှပ်၊ စုပ်ထုတ်တဲ့ကိရိယာတို့ဖြင့် အသုံးပြုသင့်တယ်လို့ ကျန်းမာရေးပညာရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။
ဖယောင်းတိုင်ဖြင့် နားဖာချေးဖယ်ထုတ်တဲ့ နည်းလမ်းကိုတော့ ဆူဂျာက လုံးဝမသုံးသင့်ဘူးလို့ ဆိုလိုက်ပါတယ်။
#World_Health #နားရွက်အတွင်းထိခိုက်ဒဏ်ရာမရစေဘဲ # ဗြိတိန်ဆရာဝန်အကြံပြု #Source: New York Post
#Local_News
Published-7 January 2024
မြဝတီနယ်စပ်မှ တင်ပို့ခြင်းနှင့်တင်သွင်းခြင်းပြုလုပ်မည့် ကုန်သွယ်ရေးလုပ်ငန်းအားလုံးကို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ယနေ့ကြေညာချက်အရသိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသော ပစ္စည်းများအား မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေး စခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် မတိုင်မီ မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ကုန်ပစ္စည်းများအား မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ကွန်တိန်နာဖြင့် သယ်ဆောင်ရသည့် စက်မှုကုန်ကြမ်းပစ္စည်းများကို ကိစ္စရပ်တစ်ခုချင်း အပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
#Local_News #စခန်းပြောင်းလဲတင်ပို့ခွင့်ပြု #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
မြန်မာနိုင်ငံအတွင်းပြုလုပ်မည့် အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းတွင် ပါဝင်သည့် မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်း အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းကို နိုင်ငံတော်အစိုးရက ကျေးရွာသုံးရွာ ရွေးချယ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ဒေသခံပြည်သူများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၄ ရက်က ပြုလုပ်ခဲ့ပြီး ရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိလာမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းဖော်ဆောင်ရာတွင် ကျေးရွာ ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် တာဝန်များ၊ စီမံကိန်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး စီမံကိန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းတွင်မြင်းကပါကျေးရွာအပြင် နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာကို ဒစ်ဂျစ်တယ် ကျေးရွာ လုပ်ငန်းအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းပေါခုံကျေးရွာကို ဒေသတစ်ခု ထုတ်ကုန်တစ်ခုလုပ်ငန်းအဖြစ်လည်းကောင်းသတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အာဆီယံကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်း #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးသို့ နိုင်ငံခြားသားဘုရားဖူးဧည့်သည် ရှစ် သောင်းကျော် ဝင်ရောက်ခဲ့ပြီးအာရှနိုင်ငံများမှအများဆုံးလာရောက်ဖူးမြှော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ထိုသို့ဝင်ရောက်ရာတွင် ထိုင်း၊ တရုတ်၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ အများဆုံးဖြစ်ပြီး အခြားဥရောပနိုင်ငံများမှ လည်း လာရောက်ဖူးမြော်ခဲ့ကြပြီး ဇန်နဝါရီလတွင် ၅၃၀၉ ဦး၊ဖေဖော်ဝါရီလတွင် ၆၁၆၂ ဦး၊ မတ်လတွင် ၉၄၁၄ ဦး၊ ဧပြီလတွင် ၅၃၉၅ဦး ၊ မေလတွင် ၆၃၁၅ဦး ၊ ဇွန်လတွင် ၅၈၅၀ဦး ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ဇူလိုင်လ၌၆၆၈၁ဦး ၊ ဩဂုတ်လ၌ ၆၄၄၂ဦး ၊ စက်တင်ဘာလ၌ ၆၁၁၅ဦး ၊ အောက် တိုဘာလ၌ ၇၀၈၀ ဦး၊ နိုဝင်ဘာလ၌ ၈၂၁၈ဦး နှင့်ဒီဇင်ဘာလ၌ ၇၃၉၉ဦး စုစုပေါင်း ၈၀၃၈၀ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်၊၊
ပြည်တွင်းဘုရားဖူးဝင်ရောက်မှုအနေဖြင့်မူ သံဃာတော် တစ်သိန်းခွဲကျော် ၊ သာသနာနွယ်ဝင်သီလရှင် ခုနှစ်သောင်း ၊ အမျိုးသား ၄၇ သိန်းကျော်နှင့် အမျိုးသမီး ၅၅ သိန်းကျော်ရှိကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ကာလများ၌ ဖူးမြော်ခွင့်ခေတ္တပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ရက်နေ့ မနက် ၆ နာရီမှည ၆ နာရီအထိ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူတွေအဆင်ပြေစေရန်ဘုရားဖူးချိန်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ထို့ နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး မနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်၊၊
#ပြည်ပဘုရားဖူး ရှစ်သောင်းကျော်ဝင်ရောက်ခဲ့ #Local_News #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ရန်ကုန်မြို့ဒဂုံဆိပ်ကမ်း၌ယမန်နေ့ညနေကဆောင်းခို လဒငှက်ကြီး များအုပ်စုဖွဲ့လာရောက်ခိုနားရာလူအချို့မှ နမိတ်မကောင်းဟုယူဆပြီးရို-က်သ-တ် မှုကြောင့်အုပ်စုကွဲသွားကြောင်းဒေသခံများဆီကသိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၌ဇန်နဝါရီ ၆ရက် ညနေ (၆)နာရီခန့်က လာရောက်ခိုနားကြခြင်းဖြစ်ကြောင်းသိရသည်။
'ဒဂုံဆိပ်ကမ်းမှာ မြင်ရခဲတဲ့လဒငှက်ကြီးအုပ်စု လာရောက်ခိုနားသွားကြတာပါ၊ အတောင်ပံ ဖြန့်ပျံရင် အလျား၇ပေ လောက်ရှိတဲ့အကောင်ကြီးမျိုးစိတ်တွေပါ 'ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ လဒငှက်များသည် တရုတ်၊တိဘတ်၊ဟိမဝန္တာ၊မွန်ဂိုလီယား၊အိန္ဒိယစသည့် နိုင်ငံများဘက်မှ မြန်မာနိုင်ငံသို့ဆောင်းခိုလာကြသည့် ဆောင်းခိုငှက်များဖြစ်ကြောင်း Responsible animal keeping page ၌ ရေးသားထားသည်။
'ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံကို တရုတ်၊ တိဘတ်၊ ဟိမဝန္တာ၊ မွန်ဂိုလီယား၊ အိန္ဒိယ ဘက်ကနေ အလည်လာပြီးဆောင်းခိုကြတဲ့ကောင်တွေပါ စိတ်မကောင်းစရာက ဒါကို နိမိတ်မကောင်းဘူးတို့ဘာတို့နဲ့ အတွေးမှားတွေကြောင့် ရို-က်သတ်လိုက်ကြတာ ၃ကောင်သေပြီလို့သိရပါတယ် အကောင်ရေ ၅၀ ဝန်းကျင် မှာ လူတွေပရောဂကြောင့်အုပ်စုကွဲသွားပါတယ် အဲ့လိုတွေမလုပ်ကြပါနဲ့ဗျာ ငှက်တွေမှာ ဘာအပြစ်မှမရှိပါဘူး ပါတ်ဝန်းကျင်အကျိုးပြုငှက်တွေပါ ဒဂုံဆိပ်ကမ်းဘက်မှာ တွေ့လိုက်ရပါတယ်။'ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် လင်းတငှက်မျိုးစိတ်များသည်Old World Vulture အုပ်စု နှင့် New World Vulture အုပ်စုဟူ၍ အုပ်စု (၂) မျိုးဖွဲ့ပြီး နေထိုင်ကျက်စားကြလေ့ရှိကြောင်း၊Old World Vulture အုပ်စုတွင် လင်းတငှက်မျိုးစိတ်ပေါင်း - ၁၆ မျိုးရှိပြီး New World Vulture အုပ်စုမှာမူ လင်းတငှက်မျိုးစိတ်ပေါင်း - ၅ မျိုး ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လင်းတမျိုးစိတ် (၆) မျိုး ကျက်စားပြီး အရှေ့ တောင်အာရှထဲ၌ လင်းတမျိုးစိတ် အများဆုံးကျက်စားကြောင်း၊ ဟိမဝန္တာလင်းတ (Himalayan Griffon) နှင့် လင်းတမည်း (Cinereous Vulture) တို့မှာ မြန်မာနိုင်ငံကို နှစ်စဉ်ဆောင်းခိုရန် ရောက်လာတက်ကြကြောင်းသိရသည်။
#Local_News #ဆောင်းခိုလဒငှက်ကြီးအုပ်စုဖွဲ့လာရောက် #YMG/NN #Yangon_Times
၇ ဇန်နဝါရီ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ “ အကြမ်းဖက်အဖွဲ့အစည်း” လို့ တံဆိပ်ကပ်ခံရတဲ့အတိုက်အခံပါတီကြီးက သပိတ်မှောက်ပြီးနောက် ယနေ့ဇန်နဝါရီ (၇)ရက် တနင်္ဂနွေနေ့မှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ငါးကြိမ်မြောက် ဆက်လက်အုပ်ချုပ်ခွင့်အာမခံနေတဲ့ ရွေးကောက်ပွဲတစ်ခုကိုကျင်းပနေပါတယ်။
ဟာဆီနာဟာ တစ်ချိန်တုန်းက ဆင်းရဲခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပေမယ့် သူမရဲ့ အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်းမှုတွေနှင့် အတိုက်အခံတွေအပေါ်ရက်စက်စွာ နှိမ်နှင်းနေမှုတွေနှင့် စွပ်စွဲခံ နေရပါတယ်။
သူမရဲ့ပါတီဟာ ထိရောက်တဲ့ ပြိုင်ဘက်တွေမရှိသလောက်နှင့် ရွေးကောက်ပွဲပြိုင်နေတာဖြစ်ပြီး အချို့သော မဲဆန္ဒနယ်တွေမှာတော့ ဝင်မပြိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လာမည့်ဥပဒေပြုလွှတ်တော်ကို တစ်ပါတီလွှတ်တော်လို့ အမည်တံဆိပ်အကပ်ခံရမှာ စိုးလို့ဖြစ်ပါတယ်။
အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးဝါဒီပါတီ ဘီအင်န်ပီမှာ လူအမြောက်အများဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘီအင်န်ပီက အထွေထွေသပိတ်ကြီးနှင့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ဆော်ဩခဲ့ကြပါတယ်။
ဒါပေမယ် အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟာဆီနာကတော့ ဒီမိုကရေစီဖြစ်စဉ်အပေါ်သက်ဝင်ယုံကြည်ကြောင်း ပြသဖို့ မဲပေးကြပါလို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
“ ဘီအင်န်ပီဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်” လို့ မဲပေးပြီးပြန်အထွက်စောင့်ဆိုင်းနေကြတဲ့ သတင်းသမားတွေက သူမကို အမေးမှာ ဟာဆီနာကဖြေကြားခဲ့ပါတယ်။
“ ကျွန်မအနေနှင့် ဒီနိုင်ငံမှာ ဒီမိုကရေစီဆက်သွားဖို့အာမခံနိုင်အောင် အကောင်းဆုံးကြိုးစားနေတယ်” လို့လည်း သူမက ဖြည့်စွက်ပြောပါတယ်။
မဲရုံတွေကို ညနေ ၅နာရီအထိဖွင့်ပေးထားပြီး မဲရလဒ်တွေကို တော့ ညသန်းခေါင်ကျော်မှ သိနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အစောပိုင်းအခြေအနေတွေအရ ထွက်ပြီးမဲလာပေးကြသူတွေ နည်းနေပါတယ်။ ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ဆုပေး ဒဏ်ပေးပုံစံလုပ်နေကြတယ်လို့ ပြောဆိုမှုတွေရှိနေတဲ့ကြားထဲက မဲပေးသူတွေနည်းနေခဲ့တာပါ။
ဒါကာမြို့တော် အနောက်ပိုင်းက မဲရုံတစ်ရုံမှာဆိုရင် မဲပေးရမယ့်သူ ၄၂၀၀ခန့်ထဲမှာ မဲရုံဖွင့်ပြီး (၂)နာရီကြာသည်အထိ မဲပေးသူ (၁၁၁)ဦးပဲရှိပါသေးတယ်လို့ အရာရှိတစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။
“ ဒီလိုရယ်စရာကြီးထဲမှာ ဝင်ပါဖို့စိတ်မဝင်စားဘူး။ အိမ်မှာနေပြီးရုပ်ရှင်တွေထိုင်ကြည့်နေတာကပိုကောင်းသေးတယ်” လို့ ပရဟိတအလုပ်သမားတစ်ဦးဖြစ်တဲ့ အသက်၃၂နှစ်အရွယ် ရှာရီယာကပြောပါတယ်။
ဘီအင်န်ပီရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဖွဲ့လုံးအပါအဝင် အတိုက်ခံ၂၅၀၀ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။ အစိုးရကတော့ ၁၁,၀၀၀ ဦးဖမ်းဆီးထားတယ်လို့ပြောပါတယ်။
မဲပေးတဲ့ ယနေ့တနင်္ဂနွေနေ့မှာ ကားတာယာတွေမီးရှို့ပြီးလမ်းတွေပိတ်ဆန္ဒပြကြချီတက်ကြတဲ့ အတိုက်အခံ၆၀ဦးခန့်ကို သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့ စစ်တကောင်းဆိပ်ကမ်းမြို့ရဲတွေကပြောပါတယ်။
ရွေးကောက်ပွဲမှာ တရားဥပဒေစိုးမိုးရေးထိန်းသိမ်းပေးဖို့အတွက်မဲပေးတဲ့နေရာတွေမှာ ရဲတပ်သား ခုနှစ်သိန်းနီးပါးခန့်နှင့်အတူ စစ်သား တစ်သိန်းနီးပါးကို ဖြန့်ကျက်နေရာချထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
Source AFP/AP
"တရုတ်နိုင်ငံရဲ့လန်ချန်း-မဲခေါင်ရုပ်ရှင်ပွဲတော်မှာ 'မှောင်တိုက်'နဲ့'တိမ်တွေပေါ်ကပန်း'ဇာတ်ကားအတွက် Out Stadingfilmဆုအဖြစ်ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုတံဆိပ်တွေချီးမြှင့်ခဲ့တာဖြစ်တယ်"
#Local_News
Published_7 January 2024
#'မှောင်တိုက်' #တိမ်တွေပေါ်ကပန်း #လန်ချန်း-မဲခေါင်ရုပ်ရှင်ပွဲတော်၌ဆုရ
#tthl #Yangon_Times
#Local_News
Published 7 January 2024
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကလေးငယ်တစ်ဦးယမန်နေ့က မြွေကို-က်သေဆုံးခဲ့ကြောင်း Medical လူငယ်များ လှုမူကူညီရေးပရဟိတအသင်းမှ သိရသည်။
မြောက်ဒဂုံ (၄၈)ရပ်ကွက်နေအိမ်မှ အသက်၅နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မြွေကို-က်ခံရသည့်သတင်းအရ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
'မြွေအမျိုးအစားကိုတော့ မြွေကိုမတွေ့တဲ့အတွက်ကျွန်တော်တို့မသိပါဘူး၊ကလေးဆုံးတဲ့အချိန်မှမိသားစုကအကြောင်းကြားလို့ သွားရောက်ကူညီသယ်ဆောင်ပေးတာပါ၊ ' ဟု Medical လူငယ်များ လှုမူကူညီရေးပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါသေဆုံးသူအား (၄၈)ရပ်ကွက်နေအိမ်မှရွှေသမီး ကမာ-ကား(001)ယာဉ်ဖြင့် မေဓာဝီဆေးရုံအအေးခန်းသို့အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ကလေးငယ်တစ်ဦးမြွေကို-က်သေဆုံး #Local_News #YMG/NN #Yangon_Times
Page 547 of 1644