မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးမော်တော်ဆိုင်ကယ်များအတွက် ရောင်းချပေးမည့် စွမ်းအင်ဝန်ကြီးဌာနပိုင်ဓာတ်ဆီဆိုင် (၃)ဆိုင်ကို ယနေ့ဇန်နဝါရီ (၄)ရက်နေ့တွင် နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ပေးခဲ့ပါတယ်။
#Local_News
Published 4 January 2025
#ပြည်တွင်းထုတ်ဓာတ်ဆီ #စွမ်းအင်ဝန်ကြီးဌာနပိုင်
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတာချီလိတ်မြို့ရှိ မိုင်းဖုန်းကျေးရွာတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရ၏ သက်တော် (၆၁) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော် ကျင်းပနေတယ်လို့ သိရပါတယ်။
#Local_News
Published 4 January 2025
#မိုင်းဖုန်းဆရာတော်ကြီး #ဝိဇာတမွေးနေ့ပွဲတော်
#YMG/NN #Yangon_Times
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲတွေကိုနေပြည်တော်ခရိုင်၊ ပုဗ္ဗသီရိမြို့နယ်က တပေါင်းကွင်းမှာ ဖေဖော်ဝါရီလ ၁၂ရက်ကစတင်ပြီး ငါးရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 4 January 2025
#ပြည်ထောင်စုအဆင့် #MSMEထုတ်ကုန်ပြပွဲ
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်ကိုးလတာအတွင်း မြေဩဇာတန်ချိန် ၁၄ သိန်းကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် နှစ်သောင်းကျော်တင်သွင်းခဲ့တယ်လို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက သိရပါတယ်။
#Local_News
Published 4 January 2025
#ပိုးသတ်ဆေး #ယူရီးယားမြေဩဇာ
#YMG/NN #Yangon_Times
ငွေတောင်ကမ်းခြေသို့ ဒီဇင်ဘာလအတွင်း ခရီးသွားဧည့်သည်လေးသောင်းကျော်လာရောက်လည်ပတ်ခဲ့ပြီး ရန်ကုန်တိုင်းကနေအများဆုံးလာရောက်ခဲ့ကြတယ်လို့ ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 4 January 2025
#ငွေတောင်ကမ်းခြေ #ခရီးသွားလုပ်ငန်း
#YMG/NN #Yangon_Times
#Local_News
Published 4 January 2024
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင်စာချဆရာတော်များ၊ ဝိပဿနာဓုရပရိပဋိပတ္တိဝန်ဆောင် ကမဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းလိုက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့နှင့်တံဆိပ်များ ချီးမြှင့် လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇန်နဝါရီ၄ ရက် ရက်စွဲနှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်အရသိရသည်။
▪️ ထိုသို့သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းရာတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၉ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၉ပါးနှင့် ပြည်ပဘွဲ့ခံဆရာတော်ကြီး ၁ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုဆရာတော်ကြီး ၂၅ပါး၊ သီလရှင်ဆရာကြီး၂ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၃၈ပါး၊ သီလရှင်ဆရာကြီး ၇ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၅၂ပါးနှင့် သီလရှင်ဆရာကြီး ၁၅ ပါးတို့ကို ဆက်ကပ်လှူဒါန်းလိုက်ကြောင်း ဖော်ပြထားသည်။
▪️ ဆက်လက်ပြီး ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၃ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇာတိက ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၆ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၁ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲတံဆိပ်တော်ကို ဆရာတော်ကြီး ၅၃ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၁ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၇၈ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၄ပါး၊ သီလရှင်ဆရာကြီး ၆ပါး၊ ပြည်ပဘွဲ့ခံသီလရှင်ဆရာကြီး ၁ပါး၊ လူပုဂ္ဂိုလ် ၆ဦးနဲ့ ပြည်ပဘွဲ့ခံလူပုဂ္ဂိုလ် ၃ဦး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၇၉ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၄ပါး၊ သီလရှင်ဆရာကြီး ၅ပါး၊ လူပုဂ္ဂိုလ် ၆ဦး၊ ပြည်ပဘွဲ့ခံလူပုဂ္ဂိုလ် ၁ဦး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၀ပါး၊ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၁ပါး၊ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၂၁ပါးတို့ကို ဆက်ကပ်လှူဒါန်းအပ်နှင်းလိုက်ကြောင်း သိရသည်။
▪️ ထို့အပြင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ်၃ဦး၊ သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၁ဦး၊ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၆ဦး၊ သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၄ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ်၆ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၅ဦးနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၁၂ဦးတို့ကို အပ်နှင်းလိုက်ကြောင်း သိရသည်။
▪️ ထို့အပြင် စည်သူဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့များ အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့များ ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်းသိရသည်။
▪️ အဆိုပါကဲ့သို့ ချီးမြှင့်အပ်နှင်းရာတွင် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် စည်သူဘွဲ့ကို ၄ဦး၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ကို ၁ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ၁၇ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့၁၄ဦး၊ အလင်္ကာကျော်စွာဘွဲ့၁ဦး ၊ သိပ္ပကျော်စွာဘွဲ့ကို ၂ဦး ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။
▪️ ၎င်းအပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိတံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၉ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ် ၁ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲသူရိန်တံဆိပ် ၁၀ဦး၊ နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ်ဖြစ်သည့် သီရိသီဟကျော်တံဆိပ် ၁ဦး ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။
▪️ အလားတူ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ဖြစ်သည့် စီမံထူးချွန်တံဆိပ်(ပထမအဆင့်)၂၆ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၄၇ဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ၅၃ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ၁၃ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၅ဦး၊ လူမှုထူးချွန်တံဆိပ်(တတိယအဆင့်) ၁၃၇ဦးတိုကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။
▪️ စီးပွားထူးချွန်တံဆိပ်များဖြစ်သည့် လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၁၃ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၈ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၁ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၇၇ဦးတိုကို ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်သည်။
▪️ ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များဖြစ်သည့် ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၃ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(တတိယအဆင့်) ၁ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၁၃ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၂၄ဦး၊ ဆေးပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၈ဦး၊ နည်းပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၁ဦး၊ နည်းပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၅ဦး၊ နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်) ၃၄ဦး၊ အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၂ဦး၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၄ဦး၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၂ဦးတို့ကို ချီးမြှင့်အပ်နှင်းလိုက် ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
#YMG/NN #Yangon_Times
#World_Politics
Published 04 January 2025
▪️ ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်ထရာက သူမရဲ့ ဒီဇိုင်နာ လက်ကိုင်အိတ် ၂၁၇ လုံးနဲ့ တန်ဖိုးကြီး လက်ပတ်နာရီ ၇၅ လုံးအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပိုင်ဆိုင်မှုအကြောင်း ဇန်နဝါရီ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
▪️ ပေထုံတန်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီးဖြစ်ပြီး စက်တင်ဘာလက ဝန်ကြီးချုပ်ဖြစ်လာကာ ထိုင်းနိုင်ငံကို ဦးဆောင်လာတဲ့ ယင်းတို့မိသားစုရဲ့ ၄ ဦးမြောက် ဖြစ်လာပါတယ်။
▪️ ပြည်သူ့အစိုးရဌာနမှာ အလုပ်လုပ်တဲ့သူတွေ အမှားအယွင်းမရှိ ဖြစ်စေရန်ရည်ရွယ်တဲ့ နိုင်ငံတော် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးကော်မရှင်(NACC)ထံ ပေထုံတန်က သူမရဲ့ကြွယ်ဝမှုကို ထင်ပြခဲ့တာ ဖြစ်ပါတယ်။
▪️ တင်ပြချက်ထဲမှာ ပေထုံတန်က ရင်းနှီးမြှုပ်နှံမှု ပေါင်သန်း ၂၅၀ ကျော်နဲ့ အပ်ငွေနဲ့ ငွေသား ပေါင် ၂၃ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် ဂျပန်မှ သူမပိုင်ဆိုင်ထားတဲ့ မြေ၊ လန်ဒန်မှ ပိုင်ဆိုင်မှုများ၊ ပေါင် ၃.၈ သန်းတန် လက်ပတ်နာရီ ၇၅ လုံး၊ ပေါင် ၁.၈ သန်းတန် လက်ကိုင်အိတ် ၂၁၇ လုံးလည်း ပါဝင်ပါတယ်။
▪️ မော်တော်ယာဉ် ၂၃ စီးက ပေါင် ၁.၆ သန်း၊ နားကပ်ပေါင်း ၂၀၅ စုံက ပေါင် ၁.၂ သန်း၊ ဆွဲကြိုး ၆၇ ကုံးက ပေါင် ၈ သိန်းတို့လည်း ပိုင်ဆိုင်ထားပါတယ်။
▪️ သူ့အဖေဖြစ်သူ သက်ဆင်က တယ်လီဆက်သွယ်ရေးဖြင့် ချမ်းသာကြွယ်ဝလာပြီး မန်ချက်စတာစီးတီး ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ခဲ့ဖူးကာ ထိုင်းနိုင်ငံမှ အချမ်းသာဆုံးလူတွေထဲမှာ နံပါတ် ၁၀ နေရာရှိပါတယ်။
▪️ ပေထုံတန်ရဲ့ အဆင့်အတန်းမြင့် အသုံးအဆောင်ပစ္စည်းတွေထဲမှာ Chanel အင်္ကျီ၊ အိတ်ကစလို့ Gucci ဖိနပ်အဆုံး မြင်တွေ့ရတတ်ပါတယ်။
#Source: WION
#Local_News
Published_4 Jan 2025
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၈ဝဝ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆ဝ ကီလိုဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
▪️ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်ညနေ ၃ နာရီခွဲ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်း မှ ကျိုင်းတုံဘက်သို့ စိုင်းထွန်းကျောက်မောင်းနှင်လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလိုသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကိုမိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ ယခုအခါဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#Local_News
Published_4 Jan 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် နေအိမ်နှင့် စာသင်ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိ သည့် PDF များနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ ငါန်းဇွန်မြို့၊ အနောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ကုလားကျေးရွာအတွင်း၌ ခိုအောင်း နေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ၂ ရက် ည ၁၁ နာရီခန့်တွင် အဆိုပါ ကျေးရွာအတွင်း သို့ ရုတ်ချည်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF များနှင့် ရင်ဆိုင်ထိတွေ့မှုများဖြစ် ပွားခဲ့ရာ ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကာ၎င်းတို့ခိုအောင်းနေထိုင်လျက်ရှိသည့်နေအိမ်နှင့်စာသင်ကျောင်း အတွင်းမှဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများ၊ ၎င်းတို့အ သုံးပြုလျက်ရှိသည့်ကျန်းမာရေးနှင့် လူမှုကူညီရေး အသင်းစာတမ်းပါ NISSAN XTRAIL အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#World_Science
Published 04 January 2025
▪️ ရေနွေးထဲ စိမ်ထည့်ထားရတဲ့ လက်ဖက်ရည်ထုပ်လေးတွေက အသုံးပြုရတာ လွယ်ကူသက်သာပေမယ့် အထုပ်အပြင်ဘက်လွှာမှာ ပါဝင်တဲ့ ပစ္စည်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
▪️ ဖြန့်ဝေရောင်းချနေကြတဲ့ လက်ဖက်ရည်ထုပ်လေးတွေမှာ ပိုလီမာအခြေပြုပစ္စည်းဖြင့် ပြုလုပ်ထားပြီး စိမ်လိုက်တဲ့အခါ နာနိုပလတ်စတစ်နဲ့ မိုက်ခရိုပလတ်စတစ် သန်းနဲ့ချီထွက်လာပါတယ်။
▪️ အစားအစာ ထုပ်ပိုးမှုတွေက အဆိုပါပလတ်စတစ်များ ပါဝင်ရာရင်းမြစ်ဖြစ်နေပြီး လူသားတွေ ရှူမိမျိုချမိခြင်းဖြင့် ခန္ဓာကိုယ်ထဲ ရောက်ရှိလာကြတယ်လို့ ဘာစီလိုနာ အော်တိုနိုမတ်စ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
▪️ အူလမ်းကြောင်းဆဲလ်တွေက အဆိုပါ ပလတ်စတစ်အမှုန်တွေကို စုပ်ယူပြီးတော့ သွေးထဲရောက်ရှိစေပါတယ်။
▪️ သုတေသီတွေက လက်ဖက်ရည်ထုပ် အမျိုးမျိုးမှရတဲ့ ပလတ်စတစ်မှုန်တွေကို စမ်းသပ်ရယူခဲ့ရာ လက်ဖက်ရည်ထုပ်တွေကို ရေနွေးထဲစိမ်လိုက်တဲ့အခါ နာနိုအရွယ်အစား အမှုန်အမြောက်အများ ထွက်လာတာကို တွေ့ခဲ့ကြပါတယ်။
▪️ လက်ဖက်ရည်ထုပ်တွေကို ပိုလီမာတွေဖြစ်တဲ့ နိုင်လွန်-၆၊ ပိုလီပရိုပိုင်လင်း၊ ဆဲလူးလို့စ်တို့ဖြင့် ပြုလုပ်ထားကာ ရေနွေးထဲပျော်ဝင်တဲ့အခါ အမှုန်ပေါင်းသန်းနဲ့ချီ ထွက်ရှိစေပါတယ်။
▪️ ဒီအမှုန်တွေကို အဆင့်မြင့်နည်းပညာများဖြင့် ပုံဖော်နိုင်ခဲ့ပြီး လူ့ကျန်းမာရေးအပေါ် သက်ရောက်မှုများကို သုတေသနလုပ်ဖို့အတွက် အလွန်အရေးပါတဲ့အရာ ဖြစ်လာမယ်လို့ အဏုဇီဝပညာရှင် အယ်ဘာဂါစီယာရိုဒရီဂွက်ဇ်က ပြောသွားပါတယ်။
#Source: NDTV
#World_Health
Published 04 January 2025
▪️ အမေရိကန်စစ်တပ်မှာ အသုံးပြုခဲ့ကြတဲ့ အိပ်မက်ကြိုမက်ခြင်း နည်းလမ်းဖြင့် ညဘက်လျင်မြန်စွာ အိပ်မောကျစေနိုင်မယ်လို့ အိပ်စက်မှုဆရာဝန်တစ်ဦးက ပြောပါတယ်။
▪️ သိုးတွေကို ရေတွက်တဲ့နည်းလမ်းထက် ပိုကောင်းပြီး သိုးတွေနဲ့ လုံးဝမဆိုင်တော့တာတော့ မဟုတ်ပါဘူး။
▪️ စိတ်ထဲမှာ ပုံဖော်မြင်ယောင်ကြည့်တာဟာ အိပ်မက်ကြိုမက်တာနဲ့ အများကြီးဆင်တူတယ်လို့ ကယ်လီဖိုးနီးယားမှ စိတ်ကျန်းမာရေးနဲ့ အိပ်စက်မှုဆရာဝန် ဒေါက်တာ အဲလက်စ်ဒီမစ်ထရူက ရှင်းပြပါတယ်။
▪️ အိပ်မက်ဆိုတာက စိတ်ကူးထဲပေါ်လာတဲ့ ပုံရိပ်တွေဖြစ်ပြီး ထိုပုံရိပ်တွေမြင်အောင် ပိုပြီးလှုံ့ဆော်နိုင်လေ မြန်မြန်အိပ်ပျော်လေဖြစ်တယ်လို့ ဆိုပါတယ်။
▪️ သိုးတွေကို ရေတွက်တာထက်စာရင် စိတ်ကိုပြေလျော့စေမယ့် သာယာလှပတဲ့ မြင်ကွင်းကို ပုံဖော်ကြည့်သင့်ပါတယ်။
▪️ သိုးရေတွက်ရတာ စိတ်စွဲနေရင်လည်း ရေတွက်မယ့်အစား စိတ်ကူးထဲသာ ပုံဖော်မြင်ယောင်ကြည့်ဖို့ ရှင်းပြပါတယ်။
▪️ စိတ်ငြိမ်သက်စေမယ့် မြင်ကွင်းမျိုးက စိတ်ရောကိုယ်ပါ ပြေလျော့စေပြီး စိတ်ပျံ့လွင့်ခြင်းကို တားဆီးပေးပါတယ်။
▪️ အရင်ကရောက်ဖူးတဲ့ ကမ်းခြေအလှတွေ၊ တောင်တက်ခဲ့စဉ်က သစ်တောစိမ်းလန်းမှုတွေကို မြင်ယောင်သင့်တယ်လို့ ဆိုပါတယ်။
▪️ ဒါတွေကို စိတ်ကူးယဉ်ပုံဖော်ကြည့်တဲ့အခါ စိတ်ထဲမှာ လျှောက်စဉ်းစားပြီး ပူပန်စိတ်ဖြစ်ပေါ်တာတွေ လျှော့ချနိုင်မယ်လို့ ဒီမစ်ထရူက ယူဆနေပါတယ်။
▪️ အမေရိကန်တပ်မှ အကြီးအကဲတွေက ဖိစီးမှုဒဏ်ခံနေရတဲ့ စစ်သားတွေ လျင်မြန်စွာအိပ်မောကျစေဖို့ ဒီနည်းလမ်း အကောင်အထည်ဖော်ခဲ့ကြတယ်လို့ ၁၉၈၁ ခုနှစ်ထုတ် စာအုပ်တစ်အုပ်မှာ ဖော်ပြထားပါတယ်။
▪️ တစ်ကိုယ်လုံး နဖူးကနေ ခြေဖျားအထိ တစ်ပိုင်းချင်းစီကို အာရုံစိုက်စေကာ အသက်ဖြည်းဖြည်းရှူပြီး စိတ်ပြေလျော့အောင် စိတ်ကူးယဉ်ပုံဖော်ခဲ့ကြပါတယ်။
#Source: New York Post
၂၀၂၄ ကဲချောင် နိုင်ငံတကာ ဒရုန်းပြိုင်ပွဲကို တရုတ်အရှေ့ပိုင်း ကျဲကျန်းပြည်နယ် ရှောင်ရှင်မြို့မှာ တနင်္လာနေ့မှာ စတင်ကျင်းပခဲ့ပါတယ်။
#World_Event
Published 3 January 2025
#ကမ္ဘာ့ဒရုန်းပြိုင်ပွဲကြီး #ရှောင်ရှင်မြို့
#YMG #Yangon_Times #Yangon_Media_Group
Page 549 of 2058