" တရုတ်နယ်စပ်ကို ဝင်ရောက်နိုင်မယ့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတွက် မူဆယ်မြို့မှာ တုံကင်လာယူသူ ၇၉၀၀ကျော်ရှိပြီး လာယူသူအများဆုံး ဖြစ်ခဲ့တယ်လို့ မူဆယ်မြိုရှိ လူမူကူညီရေးအသင်းထံက သိရပါတယ်။ "
Yangon Times/LW
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ဟားခါးမြို့မှာ(-၅) ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်မြို့မှာ (၂)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့နဲ့ကျောက်မဲမြို့တို့မှာ (၃)ဒီဂရီစင်တီဂရိတ်စီနှင့် ဟဲဟိုးမြို့၊ လွိင်လင်မြို့၊ မိုင်းယန်းမြို့၊ တီးတိန်မြို့နှင့် မိုးကုတ်မြို့တို့မှာ (၄)ဒီဂရီစင်တီဂရိတ်စီရှိခဲ့တယ်။ ပင်လယ်နဲ့ဝေးပြီး တောင်တန်းဒေသတွေနဲ့ ပိုနီးတဲ့ဒေသတွေမှာ အအေးပိုဖို့ရှိတယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon Times/tthl
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 9 January 2024
မင်းဘူးမြို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင် ပြီး ၆၄ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ထံ က သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ယခင်က နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လေ့ရှိသော်လည်း ယခု နှစ်အတွင်း မြန်မာလဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို ၆၄ ရက်သာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဘုရားပွဲ ကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း ၈၀၀ ခန့်နှင့် ဈေးဆိုင်ခန်း ပေါင်း ၄၀၀ ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများကို ညအိပ်တည်းခိုခွင့်ပြုသွား မည်ဖြစ်သည်။
ပွဲတော်ကျင်းပ နိုင်ရန် အတွက် မန်းရွှေစက်တော်ဘုရားသွားရာ (၃) မိုင်အဝင် လမ်း၌ Landscape အလှပန်းခြံ၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်ဆောင်ရွက်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ (၃)မိုင်လမ်းတစ်လျှောက် Flower Box ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် Box Culvert တံတားငယ်နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း များကို လုပ်ဆောင်နေကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 9 january 2024
ဒီဇင်ဘာလ(၃၁)ရက်မှ ဇန်နဝါရီလ(၇)ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိရသည့် COVID-19ဓာတ်ခွဲအတည်ပြုလူနာ (၄၈)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ(၉)ရက်တွင်ထုတ်ပြန်သည်။
ကိုဗစ်ပိုးတွေ့ရသူအများစုမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး စုစုပေါင်း(၃၆)ဦးတွေ့ရှိခဲ့ကြောင်းနှင့် မင်္ဂလာဒုံမြို့နယ်၊ဗဟန်းမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့သူအများဆုံးရှိခဲ့သည်။
ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ကိုဗစ်ပိုးတွေ့သူများ တွေ့ရှိရကြောင်းသိရသည်။
ဒီဇင်ဘာလ(၂၄)ရက်မှဒီဇင်ဘာလ(၃၁)ရက်အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း(၂၆)ဦးတွေ့ရှိခဲ့ရပြီး ရန်ကုန်တိုင်းတွင် (၂၁)ဦးတွေ့ရှိကာအများဆုံးဖြစ်ခဲ့သည်။
ကိုဗစ်ဖြစ်ပွားမှုများရှိလာသည့်အတွက် နှာခေါင်းစည်းများတပ်ခြင်း၊ကာကွယ်ဆေးထိုးခြင်း၊လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်းများပြန်လည်ဆောင်ရွက်ရန်လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက နှိုးဆော်ထားသည်။
Yangon Times/tthl
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published-9 January 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဆင့်မြင့်ငါးဈေးစီမံကိန်းပထမအဆင့်တည်ဆောက်ရေးအတွက် နိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်စည်ပင်
သာယာရေးအဖွဲ့မှ ဖိတ်ခေါ်ထားသည်။
အဆိုပါ အဆင့်မြင့်ငါးဈေး တည်ဆောက်ခြင်းစီမံကိန်းအတွက် နိုင်ငံသားလုပ်ငန်းရှင်/ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ယင်းအဆိုပြုလွှာမှာ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ မြေဧရိယာ ၄.၀၆ ဧကပေါ်တွင် တည်ဆောက်မည့် စီမံကိန်းပထမအဆင့်ကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် စိတ်ဝင်စားသည့် နိုင်ငံသားတိုင်း တင်သွင်းခွင့်ရှိကြောင်းကြေညာထားသည်။
တင်ဒါခေါ်ယူမှုနှင့် စပ်လျဉ်းပြီး ယှဉ်ပြိုင်သည့် ကုမ္ပဏီမှသာ သိစေအပ်သည့် အသေးစိတ်အချက်အလက်များကို အခြားလူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုပါကြောင်း သဘောတူညီချက်တင်ပြမှုနှင့် လျှောက်လွှာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပြုလျှောက်လွှာများကို ဇန်နဝါရီလ ၉ ရက်မှ ၂၅ ရက်အထိ နံနက် ၉နာရီခွဲ မှ ညနေ ၄ နာရီအထိ တစ်စောင်လျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာလျှောက်လွှာ များကိုဇန်နဝါရီလ ၃၀ ရက်နေ့တွင်နောက်ဆုံးတင်သွင်းရမည် ဖြစ်သည်။
အဆိုပြုလွှာတင်သွင်းသူများထံ အဆိုပြုလွှာဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်းကြားပေးမည်ဟု ဆိုထားပြီး အသေးစိတ်အချက်အလက်များကို မွန်ပြည်နယ်စည်ပင်သာယာရေးရုံးအဖွဲ့သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း-၀၉-၅၂၃၂၂၅၂ နှင့် ၀၉-၄၂၀၇၀၁၉၆၀ တို့ကိုဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" မျှင် ဖမ်းစီးရရှိမှုမှာ ယခင်နှစ်များထက် ရရှိပေမယ့် စက်သုံးဆီနဲ့ အခြားကုန်ကျစရိတ်တွေကြောင့် မျှင်ဝယ်ယူရာမှာ ဈေးတတ်သလို ငါးပိပြုလုပ်ရာမှာပါဝင်တဲ့ ပစ္စည်းတွေလည်း ဈေးမြင့်တတ်လာတယ်လို့ ဆိုပါတယ်။ "
Yangon Times/LW
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
' ပြည်တွင်းစားဆန်က လကုန်ပိုင်းဆိုတော့ အရောင်းအဝယ်ကောင်းပေမယ့် အတက်အကျမရှိဘူး၊ ဈေးငြိမ်တယ်၊ ဆန်အကြမ်းတွေက ပြည်ပရဲ့လိုအပ်ချက် တင်ရမယ့်ကာလရယ်၊ ဝင်ရောက်မှုရဲ့ လျော့နည်းမှုရယ်ပေါ့၊ ဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မှာပဲ အခြေခံတော့ ဝယ်လိုအားရှိတဲ့အချိန် ပစ္စည်းရဲ့တက်ရောက်မှု နည်းတဲ့အခါမှာ ဈေးနှုန်းက မြှင့်ပြီးတော့ ဝယ်ရတာ သဘောသဘာဝပါပဲ၊ ရန်ကုန်ဝင်ရောက်မှုက အကြမ်းကနည်းတဲ့အခါကျတော့ ဈေးကွက်ကမြှင့်တာလည်း ပါပါတယ် '
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
‘‘ ဘဏ်တစ်ခုနဲ့ချိတ်ဆက်ပြီး တစ်ရွေးစ နှစ်ရွေးစတော့ စတင်ရောင်းချနေပြီဖြစ်ပြီး အခြားဘဏ်တွေ၊ ရွှေဆိုင်တွေ၊ရွှေလုပ်ငန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဦးမှာဖြစ်တယ်’’ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်
Yangon Times/tthl
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 09 January 2024
ယူနိုက်တက်လေကြောင်းနဲ့ အလက်စ်ကာလေကြောင်းတို့ဟာ လေယာဥ်တက်ခွင့်ပိတ်ထားတဲ့ ဘိုးအင်းကုမ္ပဏီထုတ် MAX 9 လေယာဉ်အများအပြားမှာ အစိတ်အပိုင်းများ လျော့ရဲချောင်ကျနေတာကို တွေ့ရှိခဲ့ကြပြီးနောက် ဘိုးအင်းရဲ့ နောက်ဆုံးပေါ် 737 MAX ပြဿနာက ပိုမိုဆိုးရွားလာကာ ရောင်းအားအကောင်းဆုံး လေယာဥ်ကုမ္ပဏီအနေနဲ့ ဘယ်လိုထုတ်လုပ်နေသလဲဆိုတဲ့အပေါ် စက်မှုပညာရှင်များကြား စိုးရိမ်မှုမြင့်တက်နေကြပါတယ်။
အလက်စ်ကာလေကြောင်းလိုင်းမှ ပြေးဆွဲတဲ့ လေယာဥ်တစ်စင်းဟာ သောကြာနေ့က ပို့တ်လန်း အော်ရီဂွန် လေဆိပ်ကနေ ထွက်ခွာပြီးမကြာမီမှာပဲ တံခါးချပ်တစ်ခု ကျွတ်ထွက်သွားခဲ့ကာ အမေရိကန်အာဏာပိုင်များက 171 MAX 9 လေယာဥ်များကို ဘေးကင်းစွာ ဆင်းသက်ခိုင်းခဲ့ပါတယ်။
အလက်စ်ကာလေကြောင်းလိုင်းမှ နည်းပညာရှင်များ လေယာဥ်တွေကို စစ်ဆေးတဲ့အခါမှာ အချို့လေယာဥ်နေရာတွေမှာ အစိတ်အပိုင်းတွေ လျော့ရဲနေတာတွေကို တွေ့ရှိခဲ့ကြတယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ကြပါတယ်။
တရားဝင်စစ်ဆေးမှုများ မလုပ်ခင် ဘိုးအင်းကုမ္ပဏီနဲ့ အမေရိကန်ဖက်ဒရယ် လေကြောင်းကွပ်ကဲရေး (FAA)မှ နောက်ဆုံးမှတ်တမ်းတင်မှုများကို စောင့်ဆိုင်းနေပါတယ်။
အဆိုပါ လေယာဉ်အမျိုးအစားတွေ ပျံသန်းနေတဲ့ ယူနိုက်တက်လေကြောင်းကလည်း ကနဦးစစ်ဆေးမှုများ ပြုလုပ်ရာမှာ တံခါးချပ်အများအပြားမှာ တံခါးဂျက်များကြပ်ဖို့ လိုအပ်နေတယ်လို့ တွေ့ရှိထားပါတယ်။
ယူနိုက်တက်က ကနဦးစစ်ဆေးမှုပြုလုပ်စဉ် အစိတ်အပိုင်းလျော့ရဲနေတဲ့ လေယာဉ် ၁၀ စင်းနီးပါး တွေ့ရှိထားပြီး ဒီထက်တိုးလာနိုင်ဖွယ်ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ဆေးရေးလမ်းညွှန်ချက်များနဲ့ ပတ်သက်ပြီး ဘိုးအင်း၊ FAA ၊ လေကြောင်းလိုင်းများကြား ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
ဘိုးအင်းက MAX 9 အော်ပရေတာများနဲ့ အနီးကပ် ရှိနေပြီး တွေ့ရှိလာတဲ့ ပြဿနာများ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
ဘိုးအင်းလေယာဥ်တိုင်းက ထုတ်လုပ်ပုံ စံချိန်မီအချက်အလက်များ၊ အမြင့်မားဆုံးလုံခြုံမှုနဲ့ အရည်အသွေးစံနှုန်းများနဲ့အညီ ရှိနေစေရန် ကတိပြုထားကြောင်း၊ ဒီကိစ္စကြောင့် လေယာဥ်ဝယ်ယူထားသူများနဲ့ ခရီးသည်များအပေါ် သက်ရောက်မှုရှိခဲ့တာကို နောင်တရမိကြောင်း လေယာဥ်ထုတ်လုပ်သူများက ဆိုပါတယ်။
လေယာဥ်ပျက်ကျမှု ၂ ခုဖြစ်ပွားခဲ့ကာ လူ ၃၄၆ ဦးသေဆုံးခဲ့ပြီးနောက် 737 MAX အမျိုးအစားတွေကို ၂၀၁၉ မတ်လကတည်းက လေယာဥ်ပျံတက်ခွင့် မပြုထားတာကြောင့် ယခုလိုပြဿနာတွေ ကြာရှည်လာပါက ဘိုးအင်းအတွက် ဖိအားပိုများလာစေမှာ ဖြစ်ပါတယ်။
အကြောင်းအရင်းကို ဆုံးဖြတ်ဖို့ စောလွန်းသေးတယ်လို့ စစ်ဆေးရေးများက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး ဘိုးအင်းရှယ်ယာတွေ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
Source: Reuters
#World_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published-9 January 2024
သင်္ဃန်းကျွန်းခရိုင်ဈေးများ၌ သား/ငါး အစားအစာဘေးကင်းလုံခြုံစေရေးကွင်းဆင်းစစ်ဆေးမှုများယမာန်နေ့က ပြုလုပ် ခဲ့ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်စားသုံးသည့် အသား/ငါးများကတစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများကိုဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ပဒေသာဈေးနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/ရတနာဈေးများအတွင်းရောင်းချသည့် အသား/ငါး/ပုဇွန်များသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊လိုင်စင်စီများမြှဖန့်ဖြူးရောင်းချခြင်း၊တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေး၍လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#World_Health
Published 09 January 2024
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ခံစားနေရသူတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မပြုလုပ်သင့်ကြောင်း၊ ကြွက်သားများကို ထိခိုက်စေကာ ဇီဝကမ္မဖြစ်စဥ်တွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ပိုမိုနွမ်းနယ်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုဒဏ်များ ဖြစ်လာနိုင်တယ်လို့ သိထားပေမယ့် အကြောင်းအရင်းဇာစ်မြစ်ကိုတော့ မသိသေးဘူးလို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးနောက် အားအင်ကုန်ခမ်းခြင်း ခံစားခဲ့ရတဲ့ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားရသူ ၂၅ ဦးနဲ့ ကိုဗစ်ကူးစက်မှုမှ အပြည့်အဝ သက်သာလာသူ ၂၁ ဦးတို့ကို စမ်းသပ်ခဲ့ကြပါတယ်။
တွေ့ရှိချက်အရ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာရှိသူတွေဟာ ကျန်းမာသူတွေထက် လေ့ကျင့်မှုခံနိုင်ရည် နည်းပါးပြီး ၇ လောက်ကြာတဲ့အထိ ကြွက်သားနာခြင်း၊ အဆုံးစွန်နွမ်းနယ်ခြင်း၊ ဦးနှောက်အသိဉာဏ်ပြဿနာများ ခံစားခဲ့ကြပါတယ်။
နှလုံးနှင့်အဆုတ် လေ့ကျင့်ခန်း ပြုလုပ်ခိုင်းရာမှာ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာရှိသူတွေက အောက်ဆီဂျင်အများဆုံး အသုံးပြုနိုင်စွမ်းနဲ့ စွမ်အားအမြင့်ဆုံး ထုတ်လုပ်နိုင်စွမ်းတို့မှာ အတော်လေးလျော့နည်းနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ တစ်ခုခုမှားယွင်းနေပြီဆိုတာ သေချာပေါက်ပြောနိုင်တယ်လို့ အမ်စတာဒမ် ဗီယူတက္ကသိုလ်မှ သုတေသနပြုစုသူ ဒေါက်တာရော့ဘ်ဝက်စ်က ပြောပြသွားပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားရသူများက လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားထိခိုက်ခြင်း၊ ဇီဝကမ္မဖြစ်စဥ် ဆိုးရွားလာခြင်းတို့ကြောင့် ဒီလိုမျိုးဖြစ်ရတာလို့ တွေ့ရှိရတာဖြစ်ပါတယ်။
#World_Health #ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူ #လေ့ကျင့်ခန်းအပြင်းအထန်မလုပ်သင့် #Source: WION
#World_Health
Published 09 January 2024
အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ကြား ဆက်စပ်မှုကြီးမားပုံကို လေ့လာတွေ့ရှိထားကြပါတယ်။
အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာအများအပြား ပေါ်ပေါက်လာတယ်လို့ သုတေသနတွေ တွေ့ရှိလာကြပါတယ်။
အစာအိမ်အူလမ်းကြောင်းမှာ နေထိုင်တဲ့ ဘက်တီးရီးယားများနဲ့ ပိုးမွှားအစုအဝေးကြီးဟာ ကျန်းမာတဲ့သူတွေနဲ့ယှဥ်ရင် ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့သူတွေမှာ ကွဲပြားနေပါတယ်။
ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တာဟာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ အခြားအကြောင်းအရာများနဲ့ ဆက်စပ်နေပေမယ့် အူလမ်းကြောင်း ပိုးမွှားအစုအဝေးရဲ့ အရေးပါပုံကို အိုင်ယာလန် ကော့ခ်တက္ကသိုလ်ကောလိပ်မှ သုတေသီများ အသစ်တွေ့ရှိဖော်ပြထားပါတယ်။
အဓိကကတော့ လူမှုရေးဆိုင်ရာ ဦးနှောက်ပုံမှန် အလုပ်လုပ်နိုင်ရန် အူလမ်းကြောင်းပိုးမွှားတွေကို ထိန်းသိမ်းစောင့်ရှောက်သင့်တာပဲ ဖြစ်တယ်လို့ သုတေသနပြုစုသူ ပရော်ဖက်ဆာ ဂျွန်ခရိုင်ယန်က ပြောပြခဲ့ပါတယ်။
ကျန်းမာသူ ၆ ဦးရဲ့ မစင်နမူနာများနဲ့ ပေါင်းသင်းဆက်ဆံရေးစိုးရိမ်သူ ၆ ဦးရဲ့ မစင်နမူနာများကို နှိုင်းယှဥ်ခဲ့ကြရာ သူတို့ရဲ့ အူလမ်းကြောင်းပိုးမွှားများ ကွဲပြားနေတာကို ဆန်းစစ်တွေ့ရှိခဲ့ပါတယ်။
နမူနာတစ်မျိုးဆီကို ဓာတ်ခွဲခန်းသုံးကြွက် ၆ ကောင်ဆီ ထည့်ပေးခဲ့ကာ သူတို့ရဲ့သဘာဝ အူလမ်းကြောင်းပိုးမွှားများကို ပဋိဇီဝဆေးများပေးပြီး သတ်ပစ်ခဲ့ပါတယ်။
ထိုအခါမှာ ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့ သူတွေထံမှ အူလမ်းကြောင်းပိုးမွှားများ ရရှိတဲ့ကြွက်တွေဟာ မတူညီတဲ့ ဘက်တီးရီးယားမျိုးစိတ် ၃ မျိုးရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
ကျန်းမာတဲ့လူတွေထံမှ ပိုးမွှားများရရှိထားတဲ့ ကြွက်တွေဟာ နောက်ရက်တွေမှာ ပုံမှန်အတိုင်းပြုမူပေမယ့် ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့ လူတွေထံမှ ပိုးမွှားများရရှိထားတဲ့ ကြွက်တွေဟာ အခြားကြွက်တွေနဲ့ ရင်ဆိုင်ရာမှာ ကြောက်ရွံ့တဲ့ပုံ ပေါ်နေပါတယ်။
ဒါဟာ အူလမ်းကြောင်းပိုးမွှားတွေအကြောင်း နောက်ထပ်သုတေသနများ ပြုလုပ်ရန် အရေးကြီးကြောင်း ဖော်ပြနေပြီး ကျန်းမာတဲ့ အူလမ်းကြောင်းရရှိဖို့ ကုသနည်းတွေ၊ အစားအစာတွေ လေ့လာဖို့လည်း လိုအပ်နေပါတယ်။
#World_Health #အူလမ်းကြောင်းနှင့်ဦးနှောက် #ဆက်စပ်မှုကြီးမားပုံ #သုတေသီများလေ့လာဖော်ထုတ် #Source: India Today
Page 545 of 1644