#Local_News
Published 14 March 2025

▪️ ဂျပန်က မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင်သင်တန်းသားများ ခေါ်ယူရာတွင် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ်ထပ်မံဖြည့်စွက်လိုက်‌ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်ထားသည်။

▪️ ဂျပန်နိုင်ငံအနေဖြင့် နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားများ ခေါ်ယူလျက်ရှိ‌ရာ လုပ်ငန်းအမျိုးအစားများနှင့် စပ်လျဉ်း၍ Organization for Technical Intern Training (OTIT) မှ အကြောင်းကြားလာခြင်းကို တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာပေးခြင်းဖြစ်သည်။

▪️ ထိုအကြောင်းကြားစာ၌ (က) လုပ်ငန်းနယ်ပယ်အမှတ်စဉ် (၇)၊ Others ၏ အောက်တွင် Code No. 7-14-2 ဖြင့် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ် ထပ်မံဖြည့်စွက်ထားပြီး ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန် (Operation) မှာ Laundry Work for General Households ဖြစ်ကြောင်း၊(ခ) Code No. 7-14-1 (Linen Supply) ကို Laundry ဟု အမည်ပြောင်းလဲသတ်မှတ်ထားကြောင်း ဖော်ပြပါရှိသည်။

▪️ ထို့ကြောင့် တိုကျိုမြို့ရှိ မြန်မာသံရုံးက နည်းပညာအလုပ်သင်သင်တန်း အစီအ စဉ်ဖြင့် လာရောက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ ပြင်ဆင်၊ ဖြည့်စွက် ထားခြင်းအပေါ် သိရှိနိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times