#World_Lifestyle
Published 14 March 2025

▪️ ငါးဖမ်းသမားတစ်ဦး ဖမ်းမိတဲ့ အထူးအဆန်း ပင်လယ်နေသတ္တဝါရဲ့ ဗီဒီယိုကို မျှဝေပြီးနောက်မှာ သတင်းရိုက်ခတ်မှု ဖြစ်ခဲ့ပါတယ်။

▪️ ရိုမန်ဖက်ဒေါ်ဆော့ဗ်ဆိုတဲ့ ရုရှားဆွဲပိုက်ချငါးဖမ်းသမားက ပင်လယ်ထဲလွှင့်နေစဉ် ဖမ်းမိခဲ့တဲ့ ပင်လယ်သတ္တဝါတွေကို ကင်မရာရိုက်ကူးကာ တင်ခဲ့တာဖြစ်ပါတယ်။

▪️ အဆိုပါ ငါးဖမ်းသမားမှာ အင်စတာဂရမ်ဖော်လိုဝါ ၆ သိန်းလောက်ရှိပြီး ပင်လယ်ရေနက်ထဲမှ ငါးသတ္တဝါအထူးအဆန်းတွေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

▪️ နောက်ဆုံးတင်ထားတဲ့ ပုံမှာဆိုရင် မီးလုံးပုံသဏ္ဍာန် သတ္တဝါတစ်ကောင်ကို တွေ့နိုင်ပါတယ်။

▪️ ဒါဟာ ကမ္ဘာဂြိုဟ်ပြင်ပမှ သတ္တဝါတည်ရှိမှု အထောက်အထားဖြစ်တယ်လို့ အင်စတာဂရမ် အသုံးပြုသူတွေကြား အငြင်းပွားနေကြပါတယ်။

▪️ "ဒါဟာ ဂြိုဟ်သားဆိုတာ လုံးဝသေချာပါတယ်။ ဂြိုဟ်သားတွေ မွေးထားတဲ့ ရေအောက်ထဲက သတ္တဝါတွေပါ" လို့ ကြည့်ရှုသူတွေ ရေးသားထားပါတယ်။

▪️ နောက်တစ်ယောက်ကတော့ အဲဒါကို သတ်ပစ်ရှို့ပစ်သင့်ပြီး နောက်ထပ်မဖမ်းဖို့ ပြောထားပါတယ်။

▪️ အချို့တွေကတော့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက အထူးအဆန်း ဂြိုဟ်ပြင်ပသတ္တဝါများနဲ့ နှိုင်းယှဉ်နေကြပါတယ်။

▪️ အဆိုပါ ငါးသတ္တဝါရဲ့ လုံးဖောင်းနေတဲ့ခန္ဓာကိုယ်က ရေမျက်နှာပြင်သို့ တက်လာချိန်မှာ ဖိအားရုတ်တရက်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။

▪️ ဒီလိုထူးဆန်းဖြစ်ရပ်က ဒါပထမဆုံးမဟုတ်ဘဲ ယခုလအစောပိုင်းကလည်း ဖမ်းရမိတဲ့ငါးတစ်ကောင် ရေမျက်နှာပြင်သို့ ကူးသွားပြီးခဏအကြာမှာပဲ သေဆုံးခဲ့တဲ့အကြောင်း ဝမ်းနည်းခဲ့သူတွေ ရှိခဲ့ပါတယ်။

#Source: New York Post