#World_Health
Published 14 March 2025

▪️ ယနေ့ခေတ် ရုံးထိုင်အလုပ်တွေမှာ အထိုင်များလာခြင်းကြောင့် ကျန်းမာရေးအပေါ် တိုက်ရိုက်ထိခိုက်လာနိုင်ပါတယ်။

▪️ နာရီများစွာ ထိုင်ခြင်းကြောင့် ဆိုးကျိုးဖြစ်ပေါ်မှုများကို လျှော့ချဖို့အတွက် ကိုယ်လက်လှုပ်ရှားခြင်း အရေးကြီးပုံကို American Academy of Neurologyမှ သုတေသီများ လေ့လာဖော်ပြခဲ့ကြပါတယ်။

▪️ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေဟာ ဒီမန်ရှာရောဂါ၊ လေဖြတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်စက်မှုပြဿနာတွေကနေ ခံစားရနိုင်ခြေ နည်းစေတယ်လို့ ဆိုပါတယ်။

▪️ ပျမ်းမျှအသက် ၅၆ နှစ်ရှိတဲ့ လူပေါင်း ၇၃,၄၁၁ ဦးကို ၇ ရက်ဆက်တိုက် ကိရိယာများတပ်ဆင်ပြီး လှုပ်ရှားမှုများကို တိုင်းတာကာ လေ့လာခဲ့ကြပါတယ်။

▪️ ကိုယ်လက်လှုပ်ရှားမှု သာမန်ကနေ အပြင်းအထန်ပြုလုပ်ပြီး စွမ်းအားအသုံးချသူတွေမှာ အထက်ပါ ရောဂါပြဿနာ ၅ မျိုးဖြစ်နိုင်ခြေ ၁၄ ကနေ ၄၀ ရာခိုင်နှုန်းအထိ လျော့နည်းတာ တွေ့ရပါတယ်။

▪️ အထိုင်များတဲ့သူတွေကတော့ အဆိုပါရောဂါများ ဖြစ်နိုင်ခြေ ၅ ကနေ ၅၄ ရာခိုင်နှုန်းအထိ ပိုများနေပါတယ်။

▪️ အထက်ပါ ရောဂါအခြေအနေတစ်ခုမှ မဖြစ်ခဲ့သူတွေက နေ့စဉ်လှုပ်ရှားမှုများ ပြုလုပ်ကြပြီး ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ စွမ်းအင် ၁.၂၂ ကီလိုဂျိုးလ်အသုံးချနိုင်ပြီး ဒီမန်ရှာဖြစ်တဲ့သူတွေကတော့ ၀.၈၅ သာရှိပါတယ်။

▪️ လေ့လာချက်မှာ ပါဝင်စမ်းသပ်သူ အများအပြားပါဝင်ပြီး ကိရိယာများအသုံးပြုပြီးတော့ ရောဂါဖြစ်ပွားမှုကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။

▪️ နေထိုင်စားသောက်မှုပုံစံများကို ပြောင်းလဲခြင်းဖြင့် အနာဂတ်မှာ ရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်စေမယ်လို့ လူတွေကို တိုက်တွန်းရာရောက်မယ်လို့ ရှန်ဟိုင်း ဖူဒန်တက္ကသိုလ်မှ ကျားယိဝူက ပြောပါတယ်။

▪️ ဒီလေ့လာချက်နဲ့ ပတ်သက်ပြီး သတိထားစရာတစ်ခုက စမ်းသပ်ပါဝင်သူတွေဟာ လူဖြူလူမျိုးတွေသာ ဖြစ်ပါတယ်။

#Source: India Today