#Local_News
Published 09 July 2024
▪️ ပြင်သစ်-ဂျာမန် ရန်ပုံငွေဖြင့် လူငယ်ဖက်ရှင်သင်တန်းဖွင့်မည်ဖြစ်ပြီး ဖက်ရှင်သင်တန်းအစီအစဉ် (၂)အတွက် သင်တန်းသား(၄)ဦး ထပ်မံ ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
▪️ Goethe-Institut Myanmar နှင့် Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန)တို့ ပူးပေါင်းပြုလုပ်သည့် ဖက်ရှင်သင်တန်းအစီအစဉ် (၂) အတွက် စတင်လျှောက်ထားနိုင်ပြီ ဖြစ်သည်ဟုဆိုသည်။
▪️ ဒီဇိုင်းပိုင်း၊ ဖန်တီးချုပ်လုပ်မှုပိုင်း၊ ချုပ်ထည်ရောင်းချမှုပိုင်းများအတွက် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်၍ သင်တန်းပြီးစီးသည့်အခါ ကိုယ်ပိုင်အမှတ်တံဆိပ်များ တီထွင်ဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
▪️ လျှောက်ထားလိုသူများအနေဖြင့် ပညာရေးအနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူ၊ ဖက်ရှင်ဆိုင်ရာ အခြေခံဘာသာရပ်များဖြစ်သည့် fashion design၊ garment construction နှင့် textiles တို့ကို ပြီးစီးတတ် မြောက်ထားသူ ဖြစ်ရမည်ဖြစ်သည်။
▪️ ယင်းအပြင် အင်္ဂလိပ်ဘာသာစကားကို Intermediate အဆင့် ကျွမ်းကျင်သူ ဖြစ်ရမည်ဖြစ်ပြီးကျား/မ Pattern Making နှင့် Sewing ၌ Intermediate အဆင့် ကျွမ်းကျင်သူ၊ ဖက်ရှင်နယ်ပယ်၌ အတွေ့အကြုံ (၃) နှစ်မှ (၄) နှစ် ရှိထားသူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
▪️ လျှောက်ထားရမည့် ရက်မှာ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) မှ (၁၄)ရက်အထိဖြစ်ပြီးလျှောက်ထားရန် အီးမေး
#tthl #Yangon_Times
QINGDAO, China, July 8
Myanmar Deputy Prime Minister Vice Senior General Soe Win attended and delivered the opening remarks at the Green Development Forum of the Shanghai Cooperation Organization (SCO) Countries this morning. The event was held at the Qingdao International Conference Center in Qingdao, People's Republic of China.
The Deputy Prime Minister outlined how Myanmar has been implementing green development through national environmental strategies and policies in his remarks. He also mentioned that Myanmar is now also focusing on blue development due to its extensive coastline.
The forum was hosted by GNFCCSCO (Good-Neighborliness, Friendship, and Cooperation Commission of the Shanghai Cooperation Organization). GNFCCSCO Chairperson, Ms. Shen Yueyue, read out a congratulatory letter sent by Chinese President Xi Jinping and then delivered a keynote speech.
President Xi described the SCO as a model for a new type of international relations and regional cooperation. He noted in his letter that China has recently taken over the rotating presidency of the SCO.
Xi also highlighted that it is the consensus of SCO countries to protect the environment and promote green development.
Ms. Shen Yueyue who is also Vice-Chairperson of the National Committee of the Chinese People's Political Consultative Conference(CPPCC) explained China’s initiatives on green development and expressed sincere thanks to those who joined the forum.
Other senior and high-ranking officials from SCO countries, as well as SCO Secretary General Mr. Zhang Ming, also gave remarks at the forum.
Vice Senior General Soe Win, along with Ms. Shen Yueyue and other senior officials, visited the exhibition on Empowering Regional Cooperation and Promoting Development upon their arrival at the Forum Hall.
-ymg/knl

#Local_News
Published_9 July 2024
▪️ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party)တို့ကို ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၈ ရက်က ထုတ်ပြန်လိုက်သည်။
▪️ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄) ဆုံးဖြတ်ချက် အရ ယင်းပါ တီများ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] ၏ လျှောက် ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးပါတီ (Democracy and Human Rights Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာန များ၏ စိစစ်ပြန်ကြားချက်များ အရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် ညီ ညွတ်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက် လျက် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
#Yangon_Times/PP
#World_Health
Published 09July 2024
▪️ အရက်ကို စွဲလမ်းစွာသောက်သုံးခြင်းသည် ခန္ဓာကိုယ် ဇီဝသက်တမ်းကို လျင်မြန်စွာ အိုမင်းရင့်ရော်စေကြောင်း ကိုဘီဆေးတက္ကသိုလ်မှ သုတေသီများက မျိုးဗီဇအမှတ်အသားများကို လေ့လာပြီး တွေ့ရှိခဲ့ကြပါတယ်။
▪️ အရက်ကို မသောက်ရ မနေနိုင်တာဟာ နာတာရှည်ရောဂါများ ပိုမိုဆိုးရွားစေပြီး စောစီးစွာ သေဆုံးစေပါတယ်။
ကမ္ဘာတဝှမ်းမှာ အရက်ကြောင့် လူပေါင်း ၂ သန်းခွဲခန့် နှစ်စဉ်သေဆုံးနေကြရပါတယ်။
▪️ အရက်အလွန်အကျွံ သောက်သုံးသူတွေဟာ ခန္ဓာကိုယ်အနှံ့ အင်္ဂါများကို ထိခိုက်စေတဲ့အပြင် ဦးနှောက်အထိပါ သက်ရောက်နိုင်ပါတယ်။
▪️ DNA ပုံစံတစ်မျိုးဖြစ်တဲ့ မျိုးဗီဇအမှတ်အသားတွေကနေ ဇီဝသက်တမ်းရင့်ရော်ခြင်းကို အဓိကထား လေ့လာခဲ့ကြပါတယ်။
▪️ ထိုအမှတ်အသားတွေကို လေ့လာခြင်းဖြင့် ကျန်းမာရေးရလဒ် အမျိုးမျိုးနဲ့ ရောဂါဘယ အခြေအနေများကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီအတွက် အရက်စွဲလမ်းသူ ၂၄ ဦးနဲ့ ကျန်းမာသူ ၂၃ ဦးထံမှ နမူနာများ ရယူခဲ့ပါတယ်။
▪️ သွေးနမူနာထဲမှာ အဓိကအားဖြင့် CD3+ T ဆဲလ်ဆိုတဲ့ ရောဂါခုခံအားဆဲလ်တွေကို ရယူခဲ့တာဖြစ်ပါတယ်။
▪️ ဒီအချက်အလက်တွေကို အသုံးပြုပြီး မျိုးဗီဇအမျိုးအစား ၆ မျိုးကို တွက်ချက်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ အရက်စွဲလမ်းသူတွေက ကျန်းမာသူတွေထက် ဇီဝသက်တမ်းရင့်ရော်မှု ပိုမိုမြန်ဆန်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
▪️ ထိုသက်တမ်းဆိုတာဟာ ခန္ဓာကိုယ်ထဲက နှလုံးသွေးကြော၊ ဇီဝကမ္မဖြစ်စဉ်၊ ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ ခုခံအားစနစ်စတဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာအခြေခံတာ ဖြစ်ပါတယ်။
▪️ ထိုကဲ့သို့ ဇီဝဆိုင်ရာ အမှတ်အသားတွေကို ပြောင်းလဲခြင်းဖြင့်လည်း အရက်စွဲလမ်းမှုရဲ့ သက်ရောက်မှုတွေကို ကုသနိုင်ခြေ ရှိနေပါတယ်။
#Source: PsyPost
#World_Health
Published 09 July 2024
▪️ ကမ္ဘာတဝှမ်း အသုံးအများဆုံး အကိုက်အခဲပျောက်ဆေးတစ်မျိုးဟာ ခေါင်းကိုက်ဖျားနာကို သက်သာစေရုံမျှမက အခြားသက်ရောက်မှုတွေလည်း ရှိနေနိုင်ပါတယ်။
▪️ ပါရာစီတမောလ်လို့လည်းခေါ်တဲ့ အက်ဆီတာမီနိုဖန်ဟာ လူတွေရဲ့ သဘောထား အပြုအမူကိုလည်း ပြောင်းလဲစေကာ အရဲစွန့်တာမျိုး ပိုမိုပြုလုပ်စေတယ်လို့ ၂၀၂၀ လေ့လာချက်အရ သိရပါတယ်။
▪️ စိုးရိမ်ထိတ်လန့်တာမျိုး နည်းသွားပြီး စွန့်စားတဲ့ရွေးချယ်မှု ပြုလုပ်စေပုံရတယ်လို့ အိုဟိုင်ယိုပြည်နယ် တက္ကသိုလ်မှ အာရုံကြော သိပ္ပံပညာရှင် ဘောလ်ဝင်းဝေးက ရှင်းပြပါတယ်။
▪️ အက်စီတာမီနိုဖန်ရဲ့ အကိုက်အခဲသက်သာစေတဲ့ အာနိသင်က စိတ်ပိုင်းဆိုင်ရာအထိပါ သက်ရောက်လာနိုင်ကာ ဝမ်းနည်းခံစားချက်ကို သိရှိမှုလျော့နည်းလာခြင်း၊ ပူဆွေးနောင်တရမှု လျော့နည်းလာခြင်းတို့ပင် ဖြစ်လာစေတယ်လို့ သုတေသနမှာ တွေ့ရှိထားပါတယ်။
▪️ ဘောလ်ဝင်းနဲ့ သုတေသနအဖွဲ့က တက္ကသိုလ်ကျောင်းသား ၅၀၀ ခန့်ဖြင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
ထိုအခါမှာ အက်စီတာမီနိုဖန် အသုံးပြုတဲ့သူတွေက လေ့လာချက်အတွင်း အရဲစွန့်တဲ့ ရွေးချယ်မှုမျိုး ပိုမိုပြုလုပ်လာကြတာကို တွေ့ရပါတယ်။
▪️ ဒီစမ်းသပ်ချက်တွေက တကယ့်လက်တွေ့ဘဝမှာ ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲဆိုတာကို ဖော်ပြနေတာ မဟုတ်ပေမယ့် အက်စီတာမီနိုဖန် အသုံးပြုခြင်းနဲ့ စွန့်စားရွေးချယ်ခြင်းတို့ကြား ဆက်စပ်မှုကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
▪️ ထိုဆေးရဲ့ အဆိုပါသက်ရောက်မှုကို အခြားဆေးများနဲ့ လျှော့ချသွားနိုင်တာကိုလည်း သိရှိထားကြပါတယ်။
ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို အနာဂတ်သုတေသန လုပ်ငန်းများမှာလည်း အသုံးချသွားနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒီလိုမျိုး စွန့်စားရွေးချယ်တဲ့ သက်ရောက်မှု ရှိနေရင်တောင် အက်စီတာမီနိုဖန်ဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဆေးတစ်ခုအဖြစ် ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။
#Source: ScienceAlert
#Local_News
Published 8 July 2024
▪️ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်ရှိ မြစ်ထွက်ပေါက်များ၌ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး မေတ္တာရပ်ခံချက်ဆိုင်းဘုတ်များတပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ဒေါပုံမြို့နယ် အလင်းရောင်မြစ်ထွက်ပေါက်နှင့် မင်္ဂလာရာမမြစ်ထွက်ပေါက်များအတွင်းသို့ ပြည်သူများစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် မြောင်းများပိတ်ဆို့ပြီးရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် "ရေမြောင်းထဲအမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်"စာသားပါအနီရောင် တားမြစ်သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူထား ကြောင်းသိရသည်။
▪️ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုူး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူများအမှိုက်များစနစ်တကျစွန့်ပစ်စေရန် ရေမြောင်းထိပ်၌ စိုက်ထူထားသည့် တားမြစ်သတိပေးချက်အနီရောင်ဆိုင်းဘုတ်အောက်၌ "မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များအားမြောင်းအတွင်းသို့စွန့်ပစ်ခြင်းမပြုရန်နှင့် အမှိုက်များအားသတ်မှတ်နေရာများတွင်ရှိသော အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်" စာသားပါ မေတ္တာရပ်ခံချက်အပြာရောင်ဆိုင်းဘုတ်များထပ်မံတပ်ဆင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Politics
Published 08 July 2024
▪️ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်က ယင်းတို့ပြည်တွင်းရေး ပြဿနာတွေကနေ အာရုံလွှဲဖို့အတွက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေဖြစ်လာအောင် ပြုလုပ်နေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက စွပ်စွဲလိုက်တယ်လို့ မြောက်ကိုရီးယားမီဒီယာက တနင်္လာနေ့မှာ ဖော်ပြလိုက်ပါတယ်။
▪️ တောင်ကိုရီးယား နိုင်ငံရေးလှုပ်ရှားသူများက မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်များကို ပူစီဖောင်းများဖြင့် ဖြန့်ကျဲခဲ့တဲ့အပေါ် မြောက်ကိုရီးယားက တုန့်ပြန်တဲ့အနေဖြင့် အမှိုက်သရိုက်များပါတဲ့ ပူစီဖောင်းများကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့သလို ရုရှားနဲ့လည်း အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ရာ ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။
▪️ ယွန်ဆော့ယောလ်နဲ့ အဖွဲ့ဟာ အုပ်ချုပ်ရေးအခြေအနေ အဆိုးရွားဆုံး ဖြစ်နေတာကနေ လွတ်မြောက်ဖို့အတွက် တင်းမာမှုတွေ ဖန်တီးနေတယ်လို့ ကင်မ်ယိုဂျုံအန်က ပြောကြားလိုက်ပါတယ်။
▪️ ယွန်ဆော့ယောလ်ကို စွပ်စွဲဖို့အတွက် လူပေါင်း ၁ သန်းကျော် လက်မှတ်ရေးထိုးထားတဲ့ လျှောက်ထားချက်ကို အွန်လိုင်းကနေ ကောက်ယူရရှိခဲ့ပါတယ်။
▪️ ကင်မ်ယိုဂျုံရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကို ကိုင်တွယ်ထားတဲ့ တောင်ကိုရီးယား ညီညွတ်ပေါင်းစည်းရေးဌာနက ဝမ်းနည်းမိကြောင်း ဖော်ပြခဲ့ပါတယ်။
▪️ ပြည်သူတွေရဲ့ဘဝကို အမှောင်ချထားပြီး အခြေခံလူ့အခွင့်အရေးတွေကို ဖိနှိပ်ထားတဲ့ မြောက်ကိုရီးယား အုပ်ချုပ်ရေးအဖွဲ့က ဒီလိုပြောကြားတာဟာ ယင်းတို့အကြောင်း ပြန်လည်ထင်ဟပ်နေတယ်လို့ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကူဗြောင်ဆမ်က မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။
▪️ လတ်တလော တောင်ကိုရီးယားဘက်က နယ်စပ်အနီးမှာ စစ်ရေးပစ်ခတ် လေ့ကျင့်နေတာတွေက ခွင့်မလွှတ်နိုင်တဲ့ ရန်စမှုဖြစ်တယ်လို့လည်း ကင်မ်ယိုဂျုံက ဆိုပါတယ်။
▪️ တောင်ကိုရီးယားစစ်တပ်ဟာ ၂၀၁၈ နောက်ပိုင်း ပထမဆုံးအနေဖြင့် အနောက်တိုင်း ပင်လယ်သမုဒ္ဒရာနယ်စပ်အနီးမှာ တကယ့်အမြောက်ပစ်ခတ် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
▪️ မြောက်ကိုရီးယားဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ထိပါးလာတယ်လို့ ဆုံးဖြတ်ရပါက အခြေခံဥပဒေများအရ လက်နက်ကိုင်တပ်များ ချက်ချင်းလှုပ်ရှားရလိမ့်မယ်လို့ ကင်မ်ယိုဂျုံက ပြောသွားပါတယ်။
#Source: Reuters
၈ ဇူလိုင်၂၀၂၄
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို ယနေ့မနက်၉နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့ရှိ ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင်ကျင်းပရာ နစက ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
#ymg/knl


#Local_News
Published 08 July 2024
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ပန်းတစ်ပွင့်တောင် သာသနာ့နယ်မြေတွင် ယနေ့ ဇူလိုင်(၈)ရက်၌ 'ပန်းတစ်ပွင့်တောင်တော်မြတ် (၂၇)နှစ်ပြည့်နှစ်ပတ် လည်အခမ်းအနား'ကျင်းပလျက်ရှိကြောင်း သိရသည်။
▪️ ၂၀၂၄ခုနှစ် ဇူလိုင်လ(၈)ရက်သည် ဆရာတော်ဘုရားကြီး ပန်းတစ်ပွင့်တောင်သို့ စတင်ရောက်ရှိတဲ့နေ့ဖြစ်သည်ဟုဆိုသည်။
▪️ ယခုဆိုလျှင် ပန်းတစ်ပွင့်တောင်တော်မြတ်တွင် သာသနာတော်ထွန်းကားစည်ပင်ခဲ့သည်မှာ (၂၇)နှစ်ပြည့်ပြီဖြစ်ပြီး ဤနေ့တွင် ဒကာ/ဒကာမ ဥပထမ္ဘကအဖွဲများမှ စုပေါင်း သိက္ခာထပ် ကံဆင့်၊ ကံမြင့် မင်္ဂလာ ပြုလုပ်ကျင်းပမည် ဖြစ်သည်။
▪️ သို့ဖြစ်၍ ရပ်ဝေးရပ်နီးမှ ဒကာ/ဒကာမ များ အားလုံးကို ပန်းတစ်ပွင့်တောင်တော်မြတ် အထိမ်းအမှတ်မွေးနေ့ပွဲ သို ကြွရောက်ကြရန် ဖိတ်ကြားထားခဲ့ကြောင်းနှင့် နှစ်ပတ်လည် အခမ်းအနားကျင်းပလျက်ရှိကြောင်း သိရသည်။
#tthl #Yangon_Times
#World_Health
Published 08 July 2024
▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးတွေက ရန်လိုစိတ်တွေကို လျှော့ချပေးနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။ လေ့လာချက်ဇယားများအရ ရန်လိုစိတ်ကို ၂၈ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
▪️ ငါးနဲ့ ငါးကြီးဆီတို့မှာ တွေ့ရတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ဟာ ဦးနှောက်လုပ်ဆောင်ချက်ပိုင်းမှာ အကျိုးပြုတယ်လို့ သိရှိထားပြီး ဖြစ်ပါတယ်။
▪️ ဒါ့အပြင် ဦးနှောက်ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး ဦးနှောက်သွေးကြော စီးဆင်းမှုကိုလည်း တိုးတက်စေပါတယ်။
▪️ အစောပိုင်းစမ်းသပ်ချက်မှာလည်း ငါးကို တစ်ပတ်နှစ်ကြိမ် စားခြင်းဖြင့် နောက်နှစ် ၂၀ အကြာမှာ ရာဇဝတ်မှုကျူးလွန်နိုင်ခြေ ၃၄ ရာခိုင်နှုန်း လျော့နည်းသွားတာကိုလည်း တွေ့ရှိထားကြောင်း ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ ပရော်ဖက်ဆာ အက်ဒရီယန်ရိန်းက ရှင်းပြခဲ့ပါတယ်။
▪️ ယခုစမ်းသပ်ချက်မှာတော့ စမ်းသပ်ခံသူ ၃၉၁၈ ဦးပါဝင်ကာ ဆယ်စုနှစ် ၃ ခုနီးပါး ကြာမြင့်ခဲ့ပြီး အိုမီဂါ-၃ ဖြည့်စွက်ဆေးများဖြင့် လုံလောက်တဲ့ အချက်အလက်များ ရယူခဲ့ပါတယ်။
▪️ စမ်းသပ်ခံသူတွေရဲ့ အသက်အရွယ်၊ ကျားမ၊ ဆေးပမာဏ၊ သုံးစွဲကြာချိန်တို့ကိုလည်း ထည့်တွက်ခဲ့ကာ သက်ရောက်မှုအပေါ် ဘယ်လောက်အထိ မှီခိုသလဲဆိုတာ လေ့လာခဲ့ကြပါတယ်။
▪️ အိုမီဂါ-၃ ပမာဏတိုးမြှင့်ပေမယ့်လည်း အာနိသင်ပိုမများလာတာကြောင့် သင့်တင့်ရုံပမာဏဖြင့် အကျိုးရှိနိုင်တယ်လို့ ယူဆကြပါတယ်။
▪️ ဒါပေမဲ့လည်း အိုမီဂါ-၃ က ရန်လိုခိုက်ရန်စိတ်အတွက် လုံးဝကုသနည်းလမ်းတော့ မဟုတ်ဘဲ ရေရှည်သက်ရောက်မှု သိရှိဖို့ကိုတော့ ထပ်မံသုတေသန လုပ်ရဦးမှာ ဖြစ်ပါတယ်။
▪️ အိုမီဂါ-၃က ဦးနှောက်လုပ်ဆောင်ချက်မှာ အရေးကြီးတာကြောင့် ဦးနှောက်တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေမှာ ပြောင်းလဲထိန်းညှိပေးသွားတာ ဖြစ်နိုင်ပါတယ်။
▪️ တကယ့်လက်တွေ့ အသုံးချဖို့ကိုတော့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ပြီးမှ အကောင်အထည် ဖော်သွားနိုင်ပါတယ်။
#Source: PsyPost
#World_Health
Published 08 July 2024
▪️ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဘေစင်ရေအောက်မှာ ဆေးခြင်းက စိုက်ပျိုးရိတ်သိမ်းစဉ် အသုံးပြုခဲ့ကြတဲ့ ပိုးသတ်ဆေးများနဲ့ အခြားအန္တရာယ်ရှိ ဓာတုပစ္စည်းများကို အလုံအလောက် မသန့်စင်နိုင်ဘူးလို့ ပညာရှင်များ ဆိုလာကြပါတယ်။
▪️ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုက နမူနာ အသီးအနှံများနဲ့ ဟင်းရွက်များကို စမ်းသပ်ရာမှာ ၇၅ ရာခိုင်နှုန်းလောက်က အန္တရာယ်ရှိဓာတုပစ္စည်းများ ပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ အသီးအရွက်တွေရဲ့ အပေါ်အခွံတွေကို ဖယ်ရှားလိုက်ပါက အဆိပ်အတောက်တွေ မရှိတော့သလို အမျှင်ဓာတ်တွေနဲ့ အခြားအာဟာရဓာတ်တွေလည်း ပါသွားတယ်လို့ အာဟာရပညာရှင် ဂျက်ဆီကာရှန်းက ပြောပါတယ်။
▪️ ဒီအတွက် အဆိပ်အတောက်ဖယ်ရှားခြင်း နည်းလမ်းတစ်ခုကို တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
▪️ အသီးအရွက်တွေကို သေချာစွာ ဆေးကြောခြင်းကလည်း ဓာတုပစ္စည်းတွေကို လျှော့ချနိုင်တယ်လို့ ရှင်းပြပါတယ်။
▪️ ထိုဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို နှောင့်ယှက်နိုင်တာကြောင့် အရာရာကို မစားခင်မှာ ဆေးကြောသင့်ပါတယ်။
▪️ ရှန်းက ယင်းအသုံးပြုနေတဲ့ ဆေးကြောနည်း အဆင့် ၄ ဆင့်ကိုအကြံပြုသွားပါတယ်။
(၁) အသီးအရွက်ကို ခွက်ထဲထည့်ပြီး ရေသန့်နဲ့ ပန်းသီးရှာလကာရည် တစ်ဇွန်းခန့်ထည့်ပါ။
▪️ ပန်းသီးရှာလကာရည်က ဘက်တီးရီးယားနဲ့ ပိုးမွှားများ သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး မုန့်ဖုတ်ဆိုဒါလည်း ထည့်သွင်းနိုင်ပါတယ်။
(၂) နူးညံ့တဲ့ ဘရပ်ရှ်ဖြင့် တစ်ခုချင်းစီ ပွတ်တိုက်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ကာ ဆေးကြောရပါမယ်။
(၃) အသီးအရွက်တွေကို ပြန်စစ်ယူပြီး အဝတ်စဖြင့် အခြောက်ခံထားရပါမယ်။
(၄) ကြာရှည်လတ်ဆတ်နေစေရန် ဖန်ခွက်ထဲသို့ ပြောင်းထည့်ထားပါ။
#Source: New York Post
Qingdao, July 7
Myanmar's State Administration Council (SAC) Vice Chairman and Deputy Prime Minister, Vice Senior General Soe Win, arrived in Qingdao, People's Republic of China, to attend the Green Development Forum of Shanghai Cooperation Organisation Countries and met with Ms. Shen Yueyue, Vice-Chairperson of the National Committee of the Chinese People's Political Consultative Conference, President of the Good-Neighborliness, Friendship and Cooperation Commission of the Shanghai Cooperation Organisation at the Qingdao International Conference Center today at 5 pm.
During the meeting, Vice Senior General Soe Win and Ms. Shen Yueyue discussed enhancing Myanmar-China relations, Myanmar’s participation in the SCO as a dialogue partner, developments in Myanmar, and matters related to bilateral cooperation.
Vice Senior General Soe Win is set to attend and deliver remarks at the SCO Green Development Forum on July 8, alongside senior leaders from other SCO countries.
Senior officials, experts, and media representatives from SCO member states, observers, and dialogue partner countries are scheduled to attend the upcoming forum.
Vice Senior General Soe Win and senior officials from Myanmar arrived in Qingdao yesterday evening via flight.
ymg/knl
Page 525 of 1861