'အောက်ကားတွေနည်းနည်းကျတယ်၊ အရင် သိန်း၈၀၀၊ ၉၀၀ခေါ်ထားတဲ့ကားတွေ အခုဆို ၅၀၀ ကျော် ၆၀၀လောက်ဖြစ်သွားတယ်၊ ကားကောင်းမကောင်းပေါ်မူတည်ပြီးကျတာ၊ မော်ဒယ်နိမ့်ပေမယ့် ကားအရမ်းကောင်းပြီးအတိုက်အခိုက် မရှိရင်ဈေးကမြောက်တယ်'
#Local_News
Published_ 28 February 2024
#လူကြိုက်နည်းကားများဈေးနှုန်းကျဆင်း
#YMG/NN #Yangon_Times
#Local_News
Published_ 28 February 2024
တစ်နှစ်လျှင်ဂျပန်ယန်း ၃၆၀၀၀၀ ပေးအပ်မည့် Daiozu Memorial Foundation ပညာသင်ဆုကိုမြန်မာကျောင်းသားကျောင်းသူများပါဝင်လျှောက်ထားနိုင်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်လိုက်သည်။
လျှောက်ထားနိုင်မည့်သူများကတော့ဂျပန်နိုင်ငံ၏ Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi နှင့် Gunma စီရင်စုများရှိ တက္ကသိုလ်များမှ ဘွဲ့ရကျောင်းသားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်းပေးသွင်းထားသူများ၊
တစ်နှစ်လျှင် မိသားစုဝင်ငွေ-ယန်း (၆,၀၀၀,၀၀၀) အောက်ရှိသူများ၊
၂၀၂၃ခုနှစ်၊ ဧပြီလတွင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်စာရင်း သွင်းထားသည့် နိုင်ငံတကာကျောင်းသားများအား Daiozu Memorial Foundation ပညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ပါကြောင်းနှင့် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင်
Daiozu Memorial Foundation မှ ၂၀၂၄ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာကြောင်း ၊
အဆိုပါ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံ၏ Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi နှင့် Gunma စီရင်စုများရှိ တက္ကသိုလ်များမှ ဘွဲ့ရကျောင်းသားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်းပေးသွင်းထားသူများ၊ တစ်နှစ်လျှင် မိသားစုဝင်ငွေ-ယန်း (၆,၀၀၀,၀၀၀)အောက်ရှိသူများ၊ ၂၀၂၃ခုနှစ်၊ ဧပြီလတွင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်စာရင်း သွင်းထားသည့် နိုင်ငံတကာကျောင်းသားများအား Daiozu Memorial Foundation ပညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ပါကြောင်းနှင့် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားကြောင်း၊
အဆိုပါ Daiozu Memorial Foundation ပညာသင်ဆု ချီးမြှင့်ရန်အတွက် နိုင်ငံတကာ ကျောင်းသား (၂၅)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး၊ ထောက်ပံ့ကြေးအား တစ်နှစ်ကို နှစ်ကြိမ် ပေးအပ် မည်ဖြစ်ပါကြောင်း၊ တစ်နှစ်လျှင် ယန်း ၃၆၀,၀၀၀/-(တစ်လလျှင် ယန်း ၃၀,၀၀၀)ပေးအပ်သွား မည်ဖြစ်ကြောင်းနှင့် မတ်လ ၁ရက်နေ့မှမေလ၂၀ရက်နေ့ နောက်ဆုံး ထား၍ http://www. daiohs-zaidan.or.jp သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ် အချက်အလက်များအား သိရှိလိုပါက info@ daiohs-zaidan.or.jp သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။
#Local_News #ပညာသင်ဆုမြန်မာမှပါဝင်လျှောက်ထားနိုင် #tthl #Yangon_Times
မတ်လထဲမှာ ပုံမှန်ထက်ပိုပူမည့် ဒေသ (၅)ခုရှိတယ်။ နေပြည်တော်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့ဖြစ်ပြီး ပုံမှန်မတ်လပျမ်းမျှအပူချိန်ထက် (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်တယ်။
#Local_News
Published_ 28 February 2024
#ပုံမှန်ထက်ပိုပူပြင်း #ဒေသ(၅)ခု
#tthl #Yangon_Times
#World_News
Published 28 February 2024
Meta ကုမ္ပဏီအကြီးအကဲ မာ့ခ်ဇူကာဘတ်ခ်က ဂျပန်ကို သွားရောက်လည်ပတ်စဥ် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ တွေ့ဆုံခဲ့ပြီး မှတ်သားဖွံ့ဖြိုး AI နဲ့ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
AI နဲ့ အနာဂတ်နည်းပညာအကြောင်း ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုမှု ရခဲ့တယ်လို့ ဇူဘာဘက်ခ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ကြောင်း ပြည်တွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
ဆွေးနွေးမှုမှာ Meta ကမ္ဘာ့ပေါ်လစီဆိုင်ရာ ဒုဥက္ကဌ ဂျိုယယ်ကပ္ပလန်လည်း ပါဝင်ခဲ့ပြီး ဂျပန်မှာ လုပ်နေတဲ့အရာတွေအတွက် တကယ်စိတ်လှုပ်ရှားမိတယ်လို့ ဇူကာဘက်ခ်က ဆိုပါတယ်။
OpenAI ရဲ့ ChatGPT မှဦးဆောင်တဲ့ မှတ်သားဖွံ့ဖြိုး AI စနစ်ဟာ စာသားတွေ ပုံရိပ်တွေ အသံတွေကို စက္ကန့်ပိုင်းအတွင်း ဖန်တီးပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။
ထိုစနစ် လျင်မြန်စွာတိုးတက်လာခြင်းကြောင့် အရာရာတိုင်းမှာ ပြောင်းလဲလာနိုင်ပေမယ့် ကောင်းတဲ့အကျိုးဆက်ရော မကောင်းတဲ့ အကျိုးဆက်တွေပါ ရှိလာနိုင်ပါတယ်။
ယခုနှစ် ကမ္ဘာတဝှမ်းမှာ အရေးကြီးတဲ့ ရွေးကောက်ပွဲတွေ ရှိနေတာကြောင့် မဲဆန္ဒရှင်တွေကို လှည့်ဖြားရန် ရည်ရွယ်ထားတဲ့ AI အကြောင်းအရာများကို ဖြိုခွဲဖို့အတွက် အဓိကနည်းပညာကုမ္ပဏီကြီး ၂၀ မှ ကတိပြုလက်မှတ် ရေးထိုးထားရာ Meta လည်း အပါအဝင် ဖြစ်ပါတယ်။
AI အက်ပ်လီကေးရှင်းတွေကနေ ထုတ်လုပ်လိုက်တဲ့ ပုံတွေမှာ ဘုံတူအမှတ်အသားတစ်ခု အသုံးပြုရန် ယခင်က သဘောတူညီခဲ့ကြပါတယ်။
အသက် ၃၉ နှစ်ရှိ ဇူကာဘခ်ဟာ ဂျပန်ကိုရောက်နေတာ ရက်ကြာနေပြီဖြစ်ပြီး စီးပွားရေးနဲ့ အပန်းဖြေခရီး ရောနှောနေတာ ဖြစ်ပါတယ်။
ဒီနောက် တောင်ကိုရီးယားသို့ သွားရောက်ကာ သမ္မတ ယွန်ဆော့ယောလ်၊ ဆမ်ဆောင်း၊ LG တို့လို နည်းပညာကုမ္ပဏီကြီးတွေရဲ့ ခေါင်းဆောင်များနဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Apple ရဲ့ Vision Pro နဲ့ယှဥ်ပြိုင်မယ့် လက်တွေ့ပုံရိပ်ဖော်နားကြပ် ထုတ်လုပ်ဖို့အတွက် LG အီလက်ထရွန်နစ် အမှုဆောင်အရာရှိချုပ်နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
#World_News #ဂျပန်ဝန်ကြီးချုပ် #ဇူဘာဘတ်ခ်တွေ့ဆုံဆွေးနွေး #Source: CNA
#World_Health
Published 28 February 2024
မျက်ကပ်မှန်ကြောင့် မျက်စိရောင်ရမ်းခြင်းများ မဖြစ်စေရန် သေချာစွာသန့်ရှင်းရပါတယ်။
လတ်တလော ဆယ်စုနှစ်များအတွင်း တစ်ကမ္ဘာလုံးမှာ မျက်ကပ်မှန်တပ်ဆင်လာသူ ပိုမိုများပြားလာပါတယ်။
လက်ရှိအသုံးပြုနေကြတဲ့ သန့်စင်ရည်တွေဟာ မျက်ကပ်မှန်မျက်နှာပြင်ကို ကာကွယ်ပေးဖို့ မလုံလောက်ပါဘူး။
အခုဆိုရင် အချို့သစ်ပင်တွေရဲ့ အခေါက်မှာတွေ့ရတဲ့ သဘာဝပစ္စည်းတစ်ခုက မျက်ကပ်မှန်တွေကို ပိုးသတ်သန့်စင်ရာမှာ ထိရောက်တယ်လို့ တွေ့ရှိထားပါတယ်။
ဟိုက်ဒရိုကွီနင်း အော်ဂဲနစ်ဒြပ်ပေါင်းဟာ ရောဂါပိုးမွှား အများအပြားကို ထိရောက်စွာ သန့်ရှင်းနိုင်ပါတယ်။
အင်္ဂလန်နဲ့ ထိုင်းနိုင်ငံတို့မှ သုတေသီများက ဟိုက်ဒရိုကွီနင်းပါဝင်တဲ့ ဘက်စုံသုံး ဖော်မြူလာများကို မျက်ကပ်မှန် သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ရေးကို ရှာဖွေနေကြပါတယ်။
စမ်းသပ်ကြည့်ရာမှာ အဆိုပါ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို ၉၉.၉ ရာခိုင်နှုန်း သန့်စင်ပေးနိုင်ပါတယ်။
လက်ရှိရောင်းချနေကြတဲ့ သန့်စင်ဆေးတွေက ဓာတုပစ္စည်းများစွာ ပါဝင်ပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ကြောင်း၊ သဘာဝပစ္စည်းတွေက ထုတ်လုပ်တဲ့ သန့်စင်ဆေးကတော့ မျက်ကပ်မှန် ပိုးမွှားကူးစက်မှုတွေကို လျှော့ချနိုင်ကြောင်း ပို့စ်မောက်တက္ကသိုလ်မှ ဒေါက်တာ ရောဘတ်ဘယ်ဒေါ့ခ်က ဆိုလိုက်ပါတယ်။
မျက်စိရောဂါကူးစက်မှုတွေက နှစ်တိုင်း ပိုမိုများပြားလာပြီး မျက်ကပ်မှန်ကို အချိန်ကြာမြင့်စွာ တပ်ဆင်ထားပါက ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။
ဟိုက်ဒရိုကွီနင်းဖြင့် ပြုလုပ်တဲ့ သန့်စင်ရည်က ရောဂါကူးစက်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပေမယ့် ဟိုက်ဒရိုကွီနင်းကိုယ်တိုင်က ဘေးဖြစ်စေတတ်လားဆိုတာ လေ့လာရဦးမှာ ဖြစ်ပါတယ်။
#World_Health #အော်ဂဲနစ်ဒြပ်ပေါင်း #မျက်လုံးရောဂါကူးစက်မှု #Source: The Jerusalem Post
#Local_News
Published 28 February 2024
သထုံမြို့နယ် မိုးကောင်ကျေးရွာအုပ်စု(ဖရဲသီးတန်းအနီး) ရန်ကုန်-မော်လမြိုင်လမ်းကြီးပေါ်မှ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ အကြားရှိ တံတားတစ်စင်း ယနေ့နံနက်ပိုင်းကမိုင်းခွဲခံရသဖြင့် ကျိုးကျပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူ များထံက သိရသည်။
အဆိုပါ တံတားကျိုးကျပျက်စီးသွားသဖြင့် ယာဉ်များဖြတ်သန်းသွားလာလို့ မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး အတွက် အခက်အခဲဖြစ်ကာ လမ်းပေါ်တွင် ယာဉ်များရပ်တန့်ထားရကြောင်း သိရသည်။
"ဒီမနက် ၁နာရီခွဲလောက်က မိုင်းခွဲခံရပြီး တံတား ကျိုးသွားတာ ယာဉ်ကြီးရော ယာဉ်ငယ်ရော ဖြတ်လို့ မရတော့ဘူး အခုမနက်ပိုင်းတော့ ကားအသေးတွေ ၆ဘီးကားတွေကတော့ ရွာလမ်းထဲကနေဖြတ်ပြီး သွားကျတယ် မှန်လုံကား တွေ ၁၀ဘီး ၁၂ဘီး ကားတွေကတော့ သွားလို့မရသေးဘူး။ လမ်းပေါ် မှာရပ်ထားရတယ်"ဟု မိုးကောင်းရွာမှ ဒေသခံ တစ်ဦးကပြောသည်။
ယခုကဲ့သို့ တံတားကျိုးသွားကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေသောကြောင့် ရန်ကုန်-မော်လမြိုင် လမ်းအသုံးပြုရန် လိုအပ်သူများ အနေဖြင့် လမ်းအခြေနေစုံစမ်းပြီးမှသာ သွားလာရန်အတွက် ဒေသခံလူမှုကူညီရေးအသင်းများက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်အသိပေးထားသည်။
#Local_News #တံတားတစ်စင်းမိုင်းခွဲခံရ #ယာဉ်များသွားလာရန်အခက်အခဲဖြစ်နေ #YMG/LW #Yangon_Times
#World_Health
Published 28 February 2024
ကိုဗစ်နောက်ဆက်တွဲဝေဒနာ ခံစားရသူတွေမှာ ဦးနှောက်ထိုင်းမှိုင်းခြင်းနဲ့ သွေးကြောယိုစိမ့်ခြင်းတို့ ဆက်စပ်နေနိုင်ဖွယ်ရှိကြောင်း သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်က လူတွေရဲ့ သွေးနှင့်ဦးနှောက် အတားအဆီးကို နှောင့်ယှက်ကာ ဒါဟာ ကိုဗစ်နောက်ဆက်တွဲဝေဒနာ ခံစားရသူတွေမှာ အသိဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ရတဲ့ အကြောင်းအရင်း ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ ယူဆနေကြပါတယ်။
သုတေသနအဖွဲ့က ကိုဗစ်ကြောင့် ဆေးရုံတက်ခဲ့တဲ့ လူ ၇၆ ယောက်ထံမှ သွေးရည်ကြည်နဲ့ ပလတ်စ်မာနမူနာများ ရယူပြီး ကပ်ရောဂါမတိုင်ခင်က လူ ၂၅ ဦးတို့ရဲ့ နမူနာများကို ဆန်းစစ်ခဲ့ကြပါတယ်။
ထိုအခါမှာ သွေးနှင့်ဦးနှောက် အတားအဆီး ယိုစိမ့်နေတဲ့သူတွေမှာ ဦးနှောက်ထိုင်းမှိုင်းခြင်း ခံစားရကြောင်း တွေ့ရှိခဲ့ပါတယ်။
ဦးနှောက်ထဲမှာ သွေးကြောယိုစိမ့်ပြီး ကိုယ်ခံအားစနစ် အလွန်လှုံ့ဆော်သူတွေမှာ ဦးနှောက်ထိုင်းမှိုင်းခြင်း အဓိကဖြစ်ကြပါတယ်။
ရောဂါအရင်းအမြစ်ကိုသိမှ အနာဂတ်မှာ ကုသနည်းတွေ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
အနီးအနားတစ်ရှူးတွေထဲသို့ သွေးကြောစိမ့်ထွက်ခြင်းဟာ ရောင်ရမ်းခြင်းရောဂါတွေမှာ အဖြစ်များပါတယ်။
ကိုဗစ်နောက်ဆက်တွဲရဲ့ အာရုံကြောလက္ခဏာတွေဟာ ဦးနှောက်အတွင်း လက်တွေ့ပြောင်းလဲမှုများဖြင့် တိုင်းတာနိုင်တယ်လို့ အတည်ပြုထားပါတယ်။
ကိုဗစ်ကူးစက်ပြီးနောက် ၁၂ ပတ်ကျော်ကြာတဲ့အထိ ပင်ပန်းလွယ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မှတ်ဉာဏ်ပြဿနာ၊ ကြွက်သားနာခြင်းတို့ ခံစားနေရတယ်ဆိုရင် ကိုဗစ်နောက်ဆက်တွဲဝေဒနာလို့ သတ်မှတ်နိုင်ပါတယ်။
#World_Health #ဦးနှောက်ထိုင်းမှိုင်းခြင်း #သွေးကြောစိမ့်ထွက်ခြင်းတို့ကြားဆက်စပ်မှု #Source: WION
၂၇ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံသည် ခေတ်ပြိုင်အခြားနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်းဖြည်း ကျန်ခဲ့သည့် အတွက် သင်ခန်းစာ ဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ကြရန် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက်အရပ်ဘက် အရာရှိကြိးများကို ပြောကြားပါတယ်။
နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ၂၇ ရက် မနက်ပိုင်းက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်လျက်ရှိတဲ့ သင်တန်းသားတွေဖြစ်တဲ့ တပ်မတော်နှင့် အရပ်ဘက် နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများကို Video Conferencing ဖြင့် အမှာစကားပြောကြားရာမှာ ယင်းကဲ့သို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပါတယ်။
မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့် သမိုင်း ကြောင်းရှိသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတော်အနေဖြင့်ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများ ဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင်ရ ကြောင်းဗိုလ်ချုပ်မှူးကြီးကပြောကြားခဲ့ပါတယ်။
ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက် ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက်များကို အခြေ ခံ၍ သင်ခန်းစာ ဖော်ထုတ်ကာနိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများမှသည် နစကအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့ တာဝန်များကိုထမ်းဆောင်ခဲ့ရမှုအခြေအနေများအထိ သမိုင်းကြောင်း ကို ဗိုလ်ချုပ်မှူးကြီးက အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ယင်းအပြင်မြန်မာနိုင်ငံကိုပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက် လျှောက်လှမ်းလျက်ရှိမှုနှင့်
လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ ကိုလည်း ဗိုလ်ချုပ်မှူးကြီးက သင်တန်းသားအရာရှိကြီးများကို ရှင်းလင်းပြောပြခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများလည်းတက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်ရန်ယခင်ကတပ်မတော်အရာရှိကြီးများကိုသာ ရွေးချယ်ခဲ့သော် လည်း ယခုအချိန်တွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကိုလည်း တက်ရောက်စေခဲ့ကြောင်း သိရှိရပါတယ်။
@ymg/knl
လစာအငြင်းပွားမှုနှင့်ပတ်သက်၍ ဗြိတိန်အငယ်တန်းဆရာဝန်များ (၁၀)ကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြ
အစိုးရနဲ့လစာအငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အင်္ဂလန်မှ အငယ်တန်းဆရာဝန်တွေဟာ ပြီးခဲ့တဲ့ မတ်လကစလို ၁၀ ကြိမ်မြောက် ဆန္ဒပြသပိတ်မှောက်မှုကို စနေနေ့က ပြုလုပ်ခဲ့ပါတယ်။
#World_Industry
Published 27 February 2024
#ဗြိတိန်အငယ်တန်းဆရာဝန် #သပိတ်မှောက်ဆန္ဒပြ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 27 February 2024
၁။ ဝိဇ္ဇာလိုင်းပုံတူဆီလီကွန်ရုပ်တုတော်များကို အိန္ဒိယအပါအဝင် ပြည်ပမှမှာယူလာ
၂။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများယနေ့ စတင်ထုတ်ပေး
၃။ နေပြည်တော် အိမ်ခြံမြေအရောင်းဝယ် ဈေးကွက်အေးနေပြီး အငှားဈေးကွက် သွက်နေ
၄။ လစာအငြင်းပွားမှုနှင့်ပတ်သက်၍ ဗြိတိန်အငယ်တန်းဆရာဝန်များ(၁၀)ကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 27 February 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုလအတွင်း လုပ်သား ၁၀၀ ဝန်းကျင်ခန့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှု(၄) ခုကို ခွင့်ပြုပေးခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှသိရသည်။
အဆိုပါ လုပ်ငန်းများကို ဖေဖော်ဝါရီလ တတိယအပတ်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၄)မှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီးယင်းခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု နှင့် ဖက်စပ်နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁) ခု ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းသစ် (၄) ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်( ၉၁၅၁ ဒသမ ၈)သန်းနှင့် အမေရိကန်ဒေါ်လာ (၀ ဒသမ ၇၁၄)သန်း တို့ဖြစ်ပြီး၊ လုပ်ငန်းများအနေဖြင့်ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်းပြည့် ပြည်တွင်း၌ ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရောင်းချရေးလုပ်ငန်းနှင့် ဆန်အမျိုးမျိုး ကြိတ်ခွဲတင်ပို့ရောင်းချသည့်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
#လုပ်သား၁၀၀ဝန်းကျင် #ရင်းနှီးမြှုပ်နှံမှု ၄ ခု #YMG/ NN #Yangon-Times
'တစ်ပိသာ၄၀၀၀ ဖြစ်တာကမြစ်သားကြက်သွန်နီပါ၊ ဈေးတက်လာတာကတစ်ခြားနိုင်ငံထွက်လို့ပါ၊ခါတိုင်းနှစ်တွေဆိုဖေဖော်ဝါရီလလယ်လောက်ဆိုမိုးကြက်သွန်နီတွေများပြီးကြမ်းခင်းဈေးအထိအိသွားတာ၊ဒီနှစ်ကအဲ့လို့မကျဘဲမာခံနေတယ်၊ အဓိကမြစ်သားကြက်သွန်နီကပြည်တွင်းဈေးကွက်သိပ်မသွားနိုင်ဘူး၊အားလုံးနီးပါးအပြင်ပြည်ပထွက်နေတယ်'
#Local_News
Published 27 February 2024
#မြစ်သားကြက်သွန်နီ #ကြက်သွန်နီဈေးတက်
#YMG/NH #Yangon_Times
Page 527 of 1697