၇ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့သို့ရောက်ရှိနေသည့် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ ဇူလိုင်(၇)ရက် ဒေသစံတော်ချိန်(၅)နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်အမျိုးသားကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ SCO အိမ်နီးချင်း ကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization) ဥက္ကဋ္ဌ ဖြစ်သူ မစ္စရှန်ယွဲယွဲ Ms. Shen Yueyue နှင့် ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် Ms. Shen Yueyue တို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှုများ၊ SCO အဖွဲ့ကြီးတွင် မြန်မာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်နေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မနက်ဖန် ဇူလိုင် ၈ရက်တွင်ကျင်းပမည့် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲတွင် အခြား SCO နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့်အတူ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
အဆိုပါဖိုရမ်သို့တက်ရောက်ရန် SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဆင့်နှင့် ဆွေးနွေးဖက်အဆင့်နိုင်ငံများမှ တာဝန်ရှိသူများ၊ပညာရှင်များနှင့်မီဒီယာကိုယ်စားလှယ်များတက်ရောက်ကြမည်ဟုသိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ဇူလိုင် ၆ရက်နေ့ ညနေပိုင်းက ချင်းတောင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေရဲ့ လိုင်စင်အာမခံစပေါ်ငွေတွေကို နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းဆောင်ရွက်သွားမယ်လို့ အလုပ်သမားညွန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ရက်နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။
#Local_News
Published 07 July 2024
#လိုင်စင်ပိတ်ခံရသည့်အေဂျင်စီ #နိုင်ငံတော်ဘဏ္ဍာသို့ပေးသွင်း
#NN #Yangon_Times
#World_Health
Published 07 July 2024
▪️ နို့ထွက်ပစ္စည်းလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ အပူပေးပိုးသတ်ခြင်းနည်းလမ်းဟာ နို့ထဲမှာပါလာတဲ့ ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ထိထိရောက်ရောက် သတ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ကြကြောင်း အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
▪️ ဒါကြောင့် အနည်းဆုံး ပြည်နယ် ၈ ခုမှ နို့စားခြံတွေမှာ အလွန်ကူးစက်တတ်တဲ့ ငှက်တုပ်ကွေး၊ HPA1 H5N1 တို့ ပျံ့နှံ့နေပေမယ့် စတိုးဆိုင်တွေမှာရောင်းချတဲ့ ပိုးသတ်ပြီးနို့တွေကို သောက်သုံးခြင်းက စိတ်ချရဆဲဖြစ်တယ်လို့ FDA က ပြောပါတယ်။
▪️ အမေရိကန် စိုက်ပျိုးမွေးမြူရေးဌာက အချိန်များများပေးပြီး လေ့လာချက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
▪️ အပူပေးပေါင်းသတ်ခြင်း နည်းလမ်းက နောက်ဆုံးအဆင့် မရောက်မီမှာပင် ဗိုင်းရပ်စ်ကို သတ်ပစ်နိုင်တယ်လို့ စမ်းသပ်ချက်များအရ သိရပါတယ်။
▪️ ထိုဗိုင်းရပ်စ်မျိုးက ရောဂါကူးစက်တဲ့ နွားတွေကနေ နို့စားခြံတွေမှာအလုပ်လုပ်နေတဲ့ သူတွေနဲ့ အခြားတိရိစ္ဆာန်တွေထံ နို့စက်များစင်ရာကနေ ကူးစက်နိုင်ပါတယ်။
▪️ ရောဂါကူးစက်ခံထားရတယ်လို့ အတည်ပြုထားတဲ့ နွားတွေထံကနေ နို့စိမ်းတွေ မထုတ်လုပ်ထားဘူးလို့ အမေရိကန် စိုက်ပျိုးမွေးမြူရေးဌာနမှ အကြီးတန်းအကြံပေး အဲရစ်ဒီဘယ်လ်က ပြောပါတယ်။
▪️ စတိုးဆိုင်တွေမှာ ရောင်းချနေပြီး FDA မှ စမ်းသပ်ထားတဲ့ ပိုးသတ်ပြီးသားနို့တွေနဲ့ အခြားနို့ထွက်ပစ္စည်းတွေမှာတော့ ယခုအချိန်အထိ ကူးစက်နိုင်တဲ့ဗိုင်းရပ်စ် မတွေ့ရှိရပေမယ့် သေပြီးသားဗိုင်းရပ်စ် အပိုင်းအစတွေတော့ မြင်တွေ့ရပါတယ်။
▪️ ဒုတိယစမ်းသပ်ချက်ကိုလည်း ပြုလုပ်နေပြီး နို့စိမ်းကနေ ပြုလုပ်တဲ့ ဒိန်ခဲတွေကိုပါ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
#Source: CBS News
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ဟာ မြို့(၁၉) မြို့မှာ မြစ်ရေတွေဆက်တက်ဖို့ရှိနေပြီး စိုးရိမ်ရေအမှတ် အထက်ကျော်လွန်ပြီး မြစ်ရေတက်မယ့် မြို့(၃)မြို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 07 July 2024
#ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေ #မြို့(၁၉)မြို့တွင်ဆက်တက်နိုင်
#tthl #Yangon_Times
#World_Health
Published 07 July 2024
▪️ ဆေးခြောက်ပင် အသုံးပြုခြင်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြင်းထန်စေနိုင်ဖွယ်ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
▪️ ကိုဗစ်ပြင်းထန်စွာ ဖြစ်ပွားနိုင်ခြေ များစေတဲ့အထဲမှာ ဆေးခြောက်သုံးစွဲခြင်းလည်း ပါဝင်တယ်လို့ JAMA Network ဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ မစ်ဆူရီနဲ့ အီလီနွိုက်တို့ရှိ BJC HealthCare ဆေးရုံဆေးခန်းများမှ အချက်အလက်များကို ရယူခဲ့ပါတယ်။
▪️ ထိုအခါမှာ ဗိုင်းရပ်စ်မကူးစက်ခင်နှစ်တွေမှာ ဆေးခြောက်ကို တစ်နည်းနည်းသုံးစွဲထားသူတွေက ဆေးရုံတက်ရောက်ကုသမှုနှုန်း ပိုများနေခဲ့ပါတယ်။
▪️ ဆေးခြောက်ပင်ဟာ သုံးစွဲရန် ဘေးကင်းစိတ်ချရပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့လို ကျန်းမာရေးမထိစေဘူးလို့ အများကထင်ကြကြောင်း စိတ်ကျန်းမာရေးဆရာဝန် ပရော်ဖက်ဆာ လီရွှန်ချန်းက ဆိုပါတယ်။
▪️ ကိုဗစ်မကူးစက်ခင် ဆေးခြောက်သုံးစွဲခဲ့သူတွေဟာ ဆေးရုံတက်ကုသခံယူရမှု ၈၀ ရာခိုင်နှုန်းနဲ့ အထူးကြပ်မတ် ကုသရမှု ၂၇ ရာခိုင်နှုန်း ပိုမိုလိုအပ်ခဲ့ပါတယ်။
▪️ ဆေးလိပ်သောက်ခြင်းကတော့ ကိုဗစ်ကူးစက်တဲ့အခါ ပို၍ပင် အသက်အန္တရာယ်ပိုများပါတယ်။
▪️ ဆေးရွက်ကြီးသောက်ခြင်းက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသမှုနှုန်း ၇၂ ရာခိုင်နှုန်းနဲ့ အထူးကြပ်မတ်ကုသမှုနှုန်း ၂၂ ရာခိုင်နှုန်း ပိုမိုလိုအပ်ခဲ့ပါတယ်။
▪️ ဆေးခြောက်က ကိုဗစ်ပိုမိုဆိုးရွားစေတဲ့ အကြောင်းအရင်းကတော့ ဆေးခြောက်ရှူတဲ့အခါ အဆုတ်တစ်ရှူးကို ထိခိုက်စေတာကြောင့် ဖြစ်နိုင်ပါတယ်။
▪️ ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ကောင်းတယ်လို့ အထောက်အထားတွေလည်း ရှိထားပေမယ့် ယခုလေ့လာချက်က တကယ့်လက်တွေ့ အချက်အလက်တွေကို အချိန်ကြာမြင့်စွာ လေ့လာထားတာ ဖြစ်ပြီး သေချာအတည်ပြုထားတာ ဖြစ်ပါတယ်။
▪️ ဆေးခြောက်ရွက်ကို ဝါးစားတာကလည်း ခန္ဓာကိုယ်ခုခံအားကို နိမ့်ကျစေပြီး ဗိုင်းရပ်စ်ကို မတိုက်ထုတ်နိုင်ဘူးလို့ သုတေသီများက ဆိုပါတယ်။
#Source: The Jerusalem Post
ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းနေတာကြောင့် ဂျပန်နိုင်ငံမှာ စားသောက်ကုန် အမျိုးအစားပေါင်း ၄၀၀ ကျော် ဈေးတက်နေသလို အမျိုးမျိုးသော တင်သွင်းအသီးအနှံများလည်း စံချိန်တင်မြင့်တက်နေပါတယ်။
#World_Business
Published 06 July 2024
#ဂျပန်ယန်းငွေတန်ဖိုးကျဆင်း #အမျိုးအစားပေါင်း(၄၀၀)ကျော်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 July 2024
၁။ ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျောလူနာထက် ကလေးဖျားနာလူနာနှင့် သွေးလွန်တုပ်ကွေးလူနာများပိုများနေ
၂။ စက်သုံးဆီ ဈေးများဆက်တက်၊ တစ်လတာအတွင်းတစ်လီတာကို ကျပ် ၁၀၀ ကျော်မှ ၅၀၀ကျော်အထိမြင့်တက်လာ
၃။ ဘောလုံးနည်းပြဖြစ်လိုသူများ နိုင်ငံတကာအသိအမှတ်ပြုဘောလုံးနည်းပြ ဒီပလိုမာသင်တန်း တက်ရောက်နိုင်ပြီ
၄။ ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခြင်းကြောင့် စားသောက်ကုန်အမျိုးအစားပေါင်း(၄၀၀)ကျော်ဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဘောလုံးနည်းပြဖြစ်လိုသူတွေအတွက် နိုင်ငံတကာကအသိအမှတ်ပြုတဲ့ ဘောလုံးနည်းပြဒီပလိုမာသင်တန်း ရန်ကုန်မှာတက်ရောက်နိုင်တော့မှာဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 06 July 2024
#ဒီပလိုမာသင်တန်း #ဘောလုံးနည်းပြ
#tthl #Yangon_Times
#Local_News
Published 06 July 2024
▪️ ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောလူနာနှင့် ဝမ်းလျှော၍ သေဆုံးလူနာများဆေးရုံပို့ဆောင်ပေးရခြင်းရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
▪️ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင်စသည့်မြို့နယ်များမှ ဝမ်းလျှော၍ ဆေးရုံပို့ပေးရသူများ သေဆုံးသူများ ရှိနေသည်ဟုဆိုသည်။
▪️ "လူနာငါးယောက်မှာ ၃ယောက်လောက်က ဝမ်းပျက်ဝမ်းလျောဖြစ်နေသို့ သယ်ပေးနေရပါတယ်။ ဝမ်းလျောဝမ်းပျက်လူနာတွေသယ်ဆောင်ပေးနေရတွေများနေပါတယ်။ ဒေါပုံ သဲကုန်းကမ်းနားလမ်းမှာ နှစ်ယောက်လောက်သယ်ပေးရတယ်။ သုံးယောက်လောက်တော့ဆုံးသွားတယ်လို့ ပြောတယ်။ သာကေတမှာတော့ ကာလဝမ်းရောဂါ ကာကွယ်ဆေးထိုးပေးနေပြီတော့ကြားတယ်"ဟု ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ဝမ်းရောဂါမဖြစ်ပွားအောင် ယင်နားစာနှင့် မသန့်ရှင်းသောအစားအသောက်များကို မစားသောက်ရန်နှင့် လက်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေးများကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်းနှင့် ဆန်ဆေးရည်ကဲ့သို့ အရည်ကျဲကျဲ ဝမ်းသွားပါက ဆေးရုံသို့ အချိန်မီသွားရောက်ကြရန်လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
ရန်ကုန်ဈေးကွက်ထဲမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဖြစ်တဲ့ စက်သုံးဆီဈေးတွေဆက်တက်ဆက်တက်နေပြီး တစ်လတာအတွင်း တစ်လီတာကိုကျပ် ၁၀၀ ကျော်မှ ၅၀၀ကျော်အထိမြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 06 July 2024
#စက်သုံးဆီဈေးဆက်တက် #စက်သုံးဆီဈေးကွက်
#NN #Yangon_Times
ရန်ကုန်မှာ ဝမ်းလျောလူနာတွေထက် မိုးတွင်း တုပ်ကွေးဖြစ်ကာ ဖျားနာတဲ့ လူကြီး၊ ကလေးလူနာတွေနဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးငယ်တွေကိုသာ ဆေးရုံပို့ဆောင်ပေးနေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
#Local_News
Published 06 July 2024
#ကလေးဖျားနာလူနာ #သွေးလွန်တုပ်ကွေးလူနာ
#tthl #Yangon_Times
#Local_News
Published 7 July 2024
▪️ ယခုရက်သတ္တပတ်အတွင်း မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေဝင်နစ်မြု-ပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက သတိပေး ကြေညာထားသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်တွင် ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့ရန် ပြုလုပ်ထားခြင်း၊ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားခြင်း၊ ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားခြင်း၊ လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားခြင်းများကို လုပ်ဆောင်ထားရန်လိုအပ်ကြောင်း သိရသည်။
▪️ ထို့အပြင် အဓိကအားဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းပေးခြင်း၊ သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားခြင်း၊ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားခြင်းတို့ကိုလည်း ကြိုတင်ပြင်ဆင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက်စစ်ဆေးနေကာထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများကြိုတင်ပြင်ဆင်ထားရန်လိုကြောင်းလည်း ဆိုထားသည်။
▪️ ရေကြီးနစ်မြု-ပ်မှုများ အတွက်လည်း အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းနှင့် နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသသတိပေးချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက်နားထောင်ကာ ပြည်တွင်းထုတ်နေ့စဉ် သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြရန်လိုကြောင်းလည်း သိရသည်။
#YMG/ NN #Yangon_Times
Page 526 of 1861