၄ ဧပြီ၂၀၂၅

ရုရှား အကော်ဒီယံပညာရှင် အလက်ဇန်းဒါး ဇာဇူလင် ကို ရှင်းကျန်းမှာ တွေ့ဆုံလိုက်ကြရအောင်။

၁၉၉၁ ခုနှစ်ကတည်းက သူ၏ အကော်ဒီယံပြင်ဆိုင်သည် ကျော်ကြားလာခဲ့ပါတယ်။

နှစ် ၄၀ အတွင်း၊ နိုင်ငံ ၂၀ ကျော်မှ အကော်ဒီံယံ ၈၀၀ ကျော် ကိုသူ စုဆောင်းနိုင်ခဲ့ပြီး  သူ၏ ၁,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ပြတိုက်သည် သမိုင်းဝင် အကော်ဒီယံများဖြင့် ပြည့်နှက်နေကာ၊ တစ်ခုချင်းစီတွင် ထူးခြားသော ဇာတ်လမ်းတစ်ပုဒ် ရှိနေကြပါတယ်။

၂၀၁၃ ခုနှစ်တွင်၊ ရုရှားလူမျိုးစု၏ ဘာရန်အနုပညာ ကို ထိန်းသိမ်းခဲ့သည့်အတွက် နိုင်ငံတော်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်သူပညာရှင်အဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။

သမိုင်းကို ထင်ဟပ်နေသည့် သူ၏ သံစဉ်တိုင်းကို ခံစားကြည့်ဖို့ သူ့့ရဲ့ကမ္ဘာထဲ ဝင်ရောက်ကြည့်ရှုကြပါစို့ လား။

Source  CGTN