#World_News
Published 07 December 2024
▪️ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်ကို စွဲချက်တင်ဖို့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်မှု မပြုလုပ်ခင် နာရီပိုင်းလောက်မှာ စစ်အုပ်ချုပ်ရေးအမိန့် ချမှတ်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အများပြည်သူ စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့တဲ့အတွက် သမ္မတက စနေနေ့မှာ တောင်းပန်လိုက်ပါတယ်။
▪️ အမိန့်ကြေညာချက်အတွက် ဥပဒေရေးရာနဲ့ နိုင်ငံရေးအကျိုးဆက် တာဝန်များကို ရှောင်လွှဲမှာမဟုတ်သလို ထပ်မံချမှတ်ဖို့လည်း ကြိုးပမ်းမှာမဟုတ်ဘူးလို့ ကတိပြုခဲ့ကြောင်း စနေနေ့နံနက်ပိုင်း ရုပ်သံအစီအစဉ်ကနေ ပြောသွားပါတယ်။
▪️ ယင်းရဲ့ သမ္မတရာထူးသက်တမ်းနဲ့ ပတ်သက်တဲ့ ကိစ္စများ အပါအဝင် နိုင်ငံရေး မတည်ငြိမ်မှုတွေကို ကျော်ဖြတ်လမ်းပြဖို့ ကွန်ဆာဗေးတစ် နိုင်ငံရေးပါတီကို လွှဲသွားမယ်လို့ ဆိုပါတယ်။
▪️ နိုင်ငံတဝှမ်းမှာ ယင်းကိုရာထူးမှ ဖယ်ရှားဖို့ ဆန္ဒပြနေကြရာ တောင်ကိုရီးယား လွှတ်တော်အမတ်များက စစ်အုပ်ချုပ်ရေးအမိန့်ချမှတ်ရန် ခဏတာကြိုးပမ်းခဲ့တဲ့ သမ္မတကို စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
▪️ စွဲချက်တင်ဖို့ရာ အတိုက်အခံ လွှတ်တော်အမတ်များမှ ကြိုးပမ်းခဲ့ခြင်းက လိုအပ်တဲ့မဲ ၃ ပုံ ၂ ပုံရရှိခြင်း ရှိမရှိ သေချာမသိရပါဘူး။
▪️ ဒါပေမဲ့ သမ္မတရဲ့ပါတီခေါင်းဆောင်ကပင် ယွန်ဆော့ယောလ်ဟာ ဒီထက်ပြင်းထန်တဲ့ လုပ်ရပ်တွေ ကိုင်တွယ်ဖို့နဲ့ သမ္မတရာထူး ဆက်လက်ထိန်းသိမ်းဖို့ မသင့်လျော်ဘူးလို့ ပြောလာကာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ဆိုင်းငံ့ရန် တောင်းဆိုလာပါတယ်။
▪️ သမ္မတကို စွဲချက်တင်ဖို့အတွက် နိုင်ငံတော် လွှတ်တော်ညီလာခံ အဖွဲ့ဝင် ၃၀၀ ထဲမှ ထောက်ခံမဲ ၂၀၀ ရရှိရန်လိုအပ်ပြီး အတိုက်အခံပါတီတွေက နေရာစုစုပေါင်း ၁၉၂ နေရာရှိပါတယ်။
▪️ ဒါကြောင့် သမ္မတရဲ့ ပြည်သူ့အာဏာပါတီ(PPP)မှ အနည်းဆုံး ၈ မဲရရှိရင် ဆုံးဖြတ်မဲအရေအတွက် ပြည့်မီပါပြီ။
▪️ ယွန်ဆော့ယောလ်က အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ပါလီမန်ကို ရာဇဝတ်သားများ ခိုအောင်းတဲ့နေရာလို့ ပြောလိုက်ပြီး ရုပ်သံကနေ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက် ထုတ်လိုက်ပြီးနောက် ၃ နာရီမတိုင်ခင်မှာပဲ ဗုဒ္ဓဟူးနေ့မှာ ထိုအမိန့်ဥပဒေကို ပါလီမန်က ကန့်ကွက်မဲမရှိ ၁၉၀-၀ မဲဖြင့် တညီတညွတ်တည်း ဖျက်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။
#Source: AP News
#Local_News
Published 7 December 2024
▪️ ယနေ့မနက်အစောပိုင်း၌ စမ်းချောင်းမြို့နယ်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ရဲသူရိန် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဒီဇင်ဘာလ ၇ ရက်နေ့၊ မနက်၃နာရီ ၈ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အလုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ငြိမ်းသတ်ခဲ့ရာ မနက်၃ နာရီ၂၂ မိနစ်အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး
၃ နာရီ၃၇မိနစ်အချိန်တွင် မီးငြိမ်းခဲ့ ကြောင်း ၊မီးလောင် ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဖြစ်စဥ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား ဆက်လက်စုံစမ်းလျှက်ရှိ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 07 December 2024
▪️ လွန်ခဲ့တဲ့နှစ် ၁ သန်းခွဲလောက်က လူသားမျိုးနွယ် ၂ မျိုး ယှဉ်တွဲနေထိုင်ခဲ့ပြီး အပြန်အလှန် ပြုမူခဲ့ကြဟန်ရှိတယ်လို့ လေ့လာတွေ့ရှိလာပါတယ်။
▪️ ယနေ့ခေတ် ကင်ညာနိုင်ငံရှိနေတဲ့ ရေကန်တစ်ခုနားမှာ ရှေးခေတ်လူသားမျိုးစိတ် ၂ မျိုး သွားလာခဲ့ကြကာ ထိုရေကန်က ကူဘီဖိုရာ ရုပ်ကြွင်းနေရာမှာ ရှိပါတယ်။
▪️ သဲပြင်နေရာတွေထဲမှာ ရုပ်ကြွင်းခြေရာများကို မထင်မှတ်ဘဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ယင်းမျိုးစိတ် ၂ မျိုးဟာ အိမ်နီးချင်းတွေလိုမျိုး ရင်းနှီးစွာ နေထိုင်ခဲ့ဟန်ရှိတယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။
▪️ မျက်နှာပြင်တစ်မျိုးထဲမှာ ၂ မျိုးစလုံးကို တူညီတဲ့အချိန်အတွင်း နီးစပ်စွာ တွေ့ရတယ်လို့ အမေရိကန် ရုဂျာစ်တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် ခရိတ်ဖေဘယ်က ပြောသွားပါတယ်။
▪️ ရေကန်ရဲ့ အနီးတဝိုက်မှာ နီးကပ်စွာတွေ့ရပြီး ၂ ရက်လောက်အထိ နာရီပိုင်းအတွင်း ဖြတ်သန်းသွားကြတယ်လို့ ယူဆရကြောင်း ချာသမ်တက္ကသိုလ်မှ ဇီဝဗေဒတွဲဖက်ပရော်ဖက်ဆာ ကယ်ဗင်ဟာတယ်လာက ပြောသွားပါတယ်။
▪️ တစ်ဖက်နဲ့ တစ်ဖက်သိနေကြပြီး အပြန်အလှန် ဆက်သွယ်ခဲ့ကြဟန်ရှိတယ်လို့ ဆိုပါတယ်။
▪️ ကူဘီဖိုရာရှိ ခြေရာများကို ၂၀၀၇ မှာ စတင်တွေ့ရှိခဲ့ပြီး ယနေ့ခေတ် လူသားတွေလိုမျိုး မတ်တပ်ရပ်လမ်းလျှောက်ကြတဲ့ သက်တမ်းအရင့်ဆုံး လူသားမျိုးနွယ်များလို့ သိထားပါတယ်။
▪️ ထိုနေရာမှာပဲ ရှေးခေတ်လူသားမျိုးနွယ် အများအပြားရဲ့ ရုပ်ကြင်းများကိုလည်း တွေ့ရှိထားပါတယ်။
▪️ တွေ့ရှိခဲ့တဲ့ မျိုးစိတ် ၂ ခုဟာ မတူညီတဲ့ နေထိုင်စားသောက်မှုပုံစံ ရှိကြပေမယ့် တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတယ်လို့ သုတေသီများ ဆိုပါတယ်။
#Source: WION
#World_Health
Published 07 December 2024
▪️ မျက်လုံးသွေးယို ဗိုင်းရပ်စ်လို့ခေါ်တဲ့ မားဘာ့ဂ်ဗိုင်းရပ်စ်အပြင် မျောက်ကျောက်နဲ့ အော်ရိုပေါ့ချ်အဖျားရောဂါတို့ ပျံ့နှံ့နေတာကြောင့် နိုင်ငံ ၁၇ နိုင်ငံမှာ ခရီးသွားဧည့်သည်များကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။
▪️ မားဘာ့ဂ်ဗိုင်းရပ်စ်ကြောင့် ရဝမ်ဒါမှာ ၁၅ ဦးသေဆုံးထားကာ ရာနဲ့ချီ ကူးစက်ထားတယ်လို့ ခန့်မှန်းရပါတယ်။
▪️ မားဘာ့ဂ်ဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာပြင်းထန်ပြီး ဗိုင်းရပ်စ်သွေးလွန်တုပ်ကွေး ဖြစ်နိုင်ကာ သွေးကြောများ ထိခိုက်တတ်ပြီး သွေးထွက်တတ်ပါတယ်။
▪️ အီဘိုလာမျိုးနွယ်ဝင်ဖြစ်ပြီး အသီးစားလင်းနို့တွေကနေ အစပြုကာ လူသားတွေမှာတော့ ခန္ဓာကိုယ်ထဲက အရည်များဖြစ်တဲ့ သွေး၊ တံတွေး၊ ဆီးတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီး ကူးစက်နိုင်ပါတယ်။
▪️ ကူးစက်ခံရသူတွေဟာ အဖျားကြီးခြင်း၊ အပြင်းအထန် ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်ကာ ဒီထက်ပြင်းထန်ရင် ကိုယ်တွင်းသွေးထွက်ခြင်း၊ အင်္ဂါပျက်ခြင်းနဲ့ သေဆုံးခြင်းအထိပါ ဖြစ်နိုင်ပါတယ်။
▪️ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဗိုင်းရပ်စ်မျိုးနွယ်အပေါ် မူတည်ပြီး အသက်အန္တရာယ်က ၂၄ ကနေ ၈၈ ရာခိုင်နှုန်းအထိ ပြောင်းလဲနိုင်ပါတယ်။
▪️ အောက်တိုဘာလအတွင်း ရဝမ်ဒါ ကျန်းမာရေးအရာရှိများက ရောဂါပိုးကူးစက်သူများကို သီးသန့်ခွဲထားခဲ့ပြီး ထိတွေ့မိသူများကို ခြေရာခံလိုက်ခဲ့ပါတယ်။
▪️ အီဘိုလာနဲ့ လက္ခဏာတွေ ကူးစက်ပုံတွေ ဆင်တူတာကြောင့် ပျံ့ပွားမှုကို ကာကွယ်ဖို့ အရေးကြီးပါတယ်။
▪️ ရောဂါပြင်းထန်တဲ့သူတွေမှာ ရင်ဘတ်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊ ဝိတ်ကျခြင်း၊ သွေးအန်ခြင်း၊ နှာခေါင်း မျက်လုံး ပါးစပ် ယောနိတို့ကနေ သွေးထွက်ခြင်းတို့ပင် ဖြစ်နိုင်ပါတယ်။
▪️ ထိုအချိန်မှာ လူနာရဲ့ပုံပန်းသဏ္ဍာန်က သရဲလိုပုံစံမျိုးဖြစ်နေပြီး မျက်တွင်းကျခြင်း၊ မျက်နှာခံစားချက်မဲ့ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ ဖြစ်နိုင်တယ်လို့ WHOက ဆိုပါတယ်။
#Source: India Today
#News&Views
News
ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျော်ဂျီယာဆီးနိတ်အမတ်ဟောင်း ဒေးဗစ် ပါဂျူးကို တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုရွေးချယ်လိုက်ပါတယ်။ ယခုအခါ အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ပါဂျူးဟာ အမတ်ဟောင်းတစ်ဦးဖြစ်သလို့ စီပွားရေးလုပ်ငန်းတွေရဲ့ အကြီးတန်း အမှုဆောင်ရာထူးများထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။သူသာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာရင် တရုတ်-အမေရိကန်ဆက်ဆံရေးအခြေအနေကောင်းလာမလား ဆိုးလာမလား။
Views
အမြင်တွေက နှစ်မျိုးစလုံးရှိနေပါတယ်။ ပထမဦးဆုံး အကောင်းမြင်သူတွေက ဘာကို အခြေခံပြီး ပြောကြသလဲဆန်းစစ်ကြည့်ကြရအောင်။
စီးပွားရေးလုပ်ငန်းနောက်ခံ-
ပါဂျူးရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ခေါင်းဆောင်အဖြစ် အဲဒီအထဲမှာ Reebok နှင့် Dollar General ကုမ္ပဏီကြီးတွေမှာ ဆောင်ရွက်ခဲ့တဲ့ ကြီးမားလှတဲ့ အတွေ့အကြုံတွေရှိနေတဲ့သူဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အရေးပါလှတဲ့နေရာမှာရှိနေတဲ့ ဆိုးရွာရှုပ်ထွေးလှတဲ့ စီးပွားရေးအပေးအယူတွေ လုပ်ကြ ရတော့မယ်ဆိုရင် ကျွမ်းကျင်လိမ္မာစွာကိုင်တွယ်နိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။
မဟာဗျူဟာအမြင်-
သူဟာဆီးနိတ်အမတ်လည်းလုပ်ခဲ့စဉ်က တရုတ်နိုင်ငံရဲ့ စိန်ခေါ်မှုတွေဖြေရှင်းဖို့ အမေရိကန်ရဲ့စစ်ရေး အရည်အသွေးတွေမြှင့်တင်ဖို့ စည်းရုံးလုပ်ရှားဖူးခဲ့ပါတယ်။ အဲဒါတွေက လုံခြုံရေးကိစ္စတွေနှင့်ပတ်သက် လို့ အမေရိကန်ရဲ့အနေအထားကို အားကောင်းအောင်လုပ်ပေးနိုင်ပါလိမ့်မယ်။
မကောင်းတဲ့အမြင်ရှိသူတွေကတော့ ဒီလိုသုံးသပ်ကြပါတယ်။
စီပွားရေးနှင့်စစ်ရေးမူဝါဒ-
မကောင်းတဲ့ဘက်ကမြင်သူတွေကတော့ သူဟာ တရုတ်ဆန့်ကျင်ရေးသမားတစ်ဦးလို့ တံဆိပ်ကပ်ကြ ပါတယ်။ သူ့ရဲ့ စီးပွားရေးရဲ့စစ်ရေးမူဝါဒတွေအပေါ် ခိုင်မာစွာရပ်တည်တဲ့သဘောထားအပေါ် သုံးသပ် ကြတာဖြစ်ပါတယ်။ အဲဒါတွေကြောင် တရုတ်နှင့်ဆက်ဆံရေးအပေါ် ထိခိုက်ဆိုးရွားစေနိုင်တယ်လို့ မြင်ထားကြပါတယ်။
တစ်ဘက်တည်းရပ်သူ-
သူဟာထရမ့်နှင့်နီးကပ်သူဖြစ်ပြီး အမေရိကန်ရွေးကောက်ပွဲ ဂုဏ်သိက္ခာရှိရဲ့လားလို့မေးခွန်းထုတ်ခဲ့တာ မျိုးအပါအဝင် အငြင်းပွားဖွယ်မူဝါဒတွေနှင့် ထရမ့်ဘက်မှာပဲရှိခဲ့ပါတယ်။ အဲဒါကြောင့် သူဟာ မျှတတဲ့ သံတမန်ရေးဆိုင်ရာချည်းကပ်မှုတွေလုပ်နိုင်ပါ့မလားလို့ သံသယရှိနေကြပါတယ်။
သုံးသပ်ချက်
တရုတ်နိုင်ငံအတွက်တော့ သူ့ကိုခန့်လိုက်တဲ့အပေါ် စိန်ခေါ်မှုတစ်ခုလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြုသဘောဆောင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာချည်းကပ်တတ်မှုတွေဟာ အကယ်၍ နှစ်နိုင်ငံက အပြန်အလှန်အကျိုးစီးပွားကို အာရုံစိုက်လာရင် စီးပွားရေးအပေးအယူလုပ်ရာမှာ အသုံး ပိုတည့် လာနိုင်ပါတယ်။
ထရမ့်ကတော့ “ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနှင့် တရုတ်ခေါင်းဆောင်တွေနှင့် အလုပ်ဖြစ်တဲ့ လုပ်ငန်းပိုင်း ဆိုင်ရာဆက်ဆံရေးတစ်ခုထိန်းသိမ်းနိုင်ရေးအတွက် ကျွန်တော့်ရဲ့ မဟာဗျူဟာကို အကောင်အထည်ဖော် ရာမှာ သူဟာ အရေးပါလာပါလိမ့်မယ်” လို့ ပြောထားပါတယ်။
#knl/ymg
#Daily_News
Published 6 December 2024
၁။ Level 1 အဆင့်ရှိ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ Exporterနှင့် Importer များအားစံနှုန်းကိုက်ညီပါက Level 2 အဆင့်သို့ တိုးမြင့်ပေးမည်
၂။ ယခုအပတ်အတွင်း ရွှေရည်ညွှန်း ဈေးကျပ်ရှစ်သောင်းကျော်အထိ ကျဆင်းလာ
၃။ 92 ဈေးတက်လာပြီး ဒီဇယ်ဈေးကျဆင်းလာ
၄။ (၁၂)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗီဒီယိုမီဒီယာဖိုရမ် တရုတ်ပြည်ကွမ်ကျိုးမြို့တွင်ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
(၁၂)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗီဒီယိုမီဒီယာဖိုရမ် (VMF)ကို အင်္ဂါနေ့က တရုတ်ပြည် ဖူကျန်ပြည်နယ်အရှေ့ဘက် ကွမ်ကျိုးမြို့မှာ ဖွင့်လှစ်ခဲ့ကာ ကမ္ဘာ့တောင်ပိုင်းအသံ ပိုမိုကြားစေရန်နဲ့ ဖလှယ်ရေးများ မြှင့်တင်ရန် ရည်ရွယ်တဲ့ မီဒီယာပူးပေါင်းဆောင်ရွက်မှု အပါအဝင် သိသာထင်ရှားတဲ့ ရလဒ်များ ထွက်ပေါ်ခဲ့ပါတယ်။
#World_Entertainment
Published 6 December 2024
#ဗီဒီယိုမီဒီယာဖိုရမ် #တရုတ်ပြည်ကွမ်ကျိုးမြို့
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 6 December 2024
▪️ ယနေ့မွန်းလွဲပိုင်း မြန်မာစံတော်ချိန် (၁၄) နာရီ၊ (ဝ၉) မိနစ်၊ (၂၀) စက္ကန့် အချိန်တွင် တိုက်ကြီးမြို့အနီး မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄) နာရီ၊ (ဝ၉) မိနစ်၊ (၂၀) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ( တိုက်ကြီးမြို့၏ အရှေ့ဘက် (၁၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ အင်အား အနည်း ငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားသည်ကို တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။
▪️ ယခုမြေငလျှင်လှုပ်ခတ်မှုသည် ဒီဇင်ဘာလအတွင်း သုံးကြိမ်မြောက်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်မွန်းလွဲပိုင်းကကြံခင်းမြို့ အနောက်-အနောက်မြောက်ဘက် (၄) မိုင်ခန့် အကွာနှင့်ဒီဇင်ဘာ လ၂ ရက်မနက်ပိုင်းကရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့ကိုဗဟိုပြု၍ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/SW#Yangon_Times
#Local_News
Published 6 December 2024
▪️ အိန္ဒိယနိုင်ငံ၊ မီဂါလာယာ (Meghalaya) ပြည်နယ်အစိုးရ၊ အရှေ့မြောက်ဒေသ ကောင်စီ၊ အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းဖြစ်သည့် Invest India တို့နှင့် ပူးပေါင်း၍ 7thAct East Business Show ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ အိန္ဒိယနိုင်ငံ၊ မီဂါလာယာပြည်နယ် မြို့တော် ဖြစ်သည့် ရှီလောင်မြို့တွင် ကျင်းပမည်ဖြစ်ရာ ထိုစီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်များ အတွက် တည်းခိုစရိတ်များ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ 7th Act East Business Show သည် အိန္ဒိယအရှေ့မြောက်ဖျား ဒေသ၏ အရှေ့တောင်အာရှနိုင်ငံများသို့ ချိတ်ဆက်မှုလမ်းကြောင်း အလားအလာများ ဆိုင်ရာ ဆွေးနွေးပွဲများ၊ ပြည်နယ်အစိုးရနှင့် တက်ရောက်လာသူများအကြား တွေ့ဆုံဆွေးနွေးပွဲ များ၊ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲများနှင့် ကုန်စည်ထုတ်ကုန် ပစ္စည်းမျိုးစုံ ခင်းကျင်းပြသခြင်းများကို (၃) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း၊ ထို ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် ကဏ္ဍ၊ နည်းပညာ (IT) ကဏ္ဍ၊ အခြေခံအဆောက်အဦ၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ လက်ယက်ကန်းနှင့် လက်မှုပညာပစ္စည်းကဏ္ဍတို့မှ ဝယ်ယူသူများ၊ ရင်းနှီးမြှုပ်နှံသူများ အပါအဝင် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်နိုင်ကြောင်း၊ တက်ရောက်လာသူများအား ရှီလောင်တွင် တည်းခိုနေထိုင်ရေးနှင့် အာသံပြည်နယ်၊ ဂူဟာတီမြို့မှ ရှီလောင်မြို့သို့ အသွား၊ အပြန်၊ သယ်ယူပို့ဆောင်ရေးကိစ္စများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
▪️ အဆိုပါ 7th Act East Business Show သို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ဝ၆၇-၄၀၈၆၂၂၊ E-mail:
#YMG/SW#Yangon_Times
#Local_News
Published 6 December 2024
▪️ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသော ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ ကလေးပျော်စင်တာများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
▪️ အဆိုပါ ကလေးပျော်စင်တာများကိုမြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ပြီးရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိယာယီနေရပ်စွန့်ခွါနေရာများမှ ကလေးငယ်များအတွက် ကလေးပျော်စင်တာကို နိုဝင်ဘာလက တောင်ကြီးမြို့တွင် (၂) ကြိမ်တိုင်တိုင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
▪️ ကလေးပျော်စင်တာကို ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးနိုင်စေရန်၊ ကျန်းမာရေး၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်စေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလေးပျော်စင်တာသို့ ကလေးငယ် (၁၃၀) ဦးလာရောက် ကစားခဲ့ေကြာင်း၊ ရှေ့ဆက်၍လည်း ကလေးပျော်စင်တာများ ထပ်မံဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
#YMG/SW#Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ထုတ်ပြန်ချက်အရ 92 အမျိုးအစား ဓာတ်ဆီဈေးတက်ပြီး ဒီဇယ်ဈေးကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 6 December 2024
#ဒီဇယ်ဈေးကျ #92ဈေးတက်
#YMG/NN #Yangon_Times
အခုအပတ်အတွင်း ရန်ကုန်ရွှေရည်ညွှန်းဈေး အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ရှစ်သောင်းကျော်အထိကျဆင်းလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက နေသိရပါတယ်။
#Local_News
Published 6 December 2024
#ရွှေရည်ညွှန်းဈေး #ရှစ်သောင်းကျော်အထိကျဆင်း
#YMG/NN #Yangon_Times
Page 458 of 1935