#Daily_News
Published 05 Apirl 2025
၁။ ဧပြီလဆန်ရည်ညွှန်းဈေးများတွင် ဆန်ကြမ်းအုပ်စုအားလုံးဈေးကျဆင်း
၂။ ငလျင်ကြောင့် မိသားစုဝင်များကို ရှာဖွေရန်အကူအညီလိုအပ်ပါက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ဆက်သွယ်နိုင်
၃။ မန္တလေးမြို့၌ ဂျပန်အပါအဝင် နိုင်ငံတကာမှ ယာယီဆေးရုံများဖွင့်လှစ်
၄။ (၂၀၂၅)ပထမသုံးလအတွင်း Tesla လျှပ်စစ်ကားရောင်းချမှု(၁၃)ရာခိုင်နှုန်းနီးပါးကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၅ ဧပြီ ၂၀၂၅
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၅ရက်က မလေးရှား နှင့်ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့သည် မတ်၂၈ ရက်က မြန်မာနိုင်ငံတွင်လှုပ်ရှားခဲ့တဲ့ ငလျင်ကြီးကြောင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးရန်အတွက် ပူးတွဲခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်တယ်လို့ ဘာနာမား သတင်းအေဂျင်စီက သတင်းရေးသားပါတယ်။
မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့်လည်း တွေ့ဆုံခဲ့ ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မလေးရှားနှင့်ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးမှုမစတင်မီ ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးအစိတ်အပိုင်းတွေကို ပြသခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ မလေးရှားနိုင်ငံဟာ နိုင်ငံအဖြစ် ရော အာဆီယံဥက္ကဋ္ဌ အဖြစ်နှင့်ပါ တက်ကြွစွာကူညီမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ထားပါတယ်။
#knl/ymg


#Local_News
Published 5 April 2025
▪️ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် ထိခိုက်မှုများအတွက် အတွက် အမေရိကန်မှ ကန်ဒေါ်လာ ၇သန်းခန့်ထပ်တိုးပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှယနေ့ ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်၌ မိမိတို့၏ ဘေးအန္တရယ်ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင်းမှ ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းများကို ပံ့ပိုးကူညီရန် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၇သန်းခန့်ကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် မတ် ၃၁ တွင် ကြေညာခဲ့သည့် အမေရိကန်ဒေါ်လာ ၂သန်း နှင့် ယခုထပ်လောင်းပေးအပ်မည့် အထောက်အပံ့များမှ တဆင့်ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများနှင့် သောက်သုံးရေတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 April 2025
▪️ ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းရန် ရန်ကုန်ဒေသခံ တစ်ထောင်ကျော်မှ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက ပေးပို့နိုင်ရေးအတွက် ပြည်သူများမှပြီးခဲ့သည့်ရက်ပိုင်းက သွေးလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
▪️ ထိုသို့လှူဒါန်းရာတွင်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူ(၃၉၉)ဦးနှင့် အမျိုးသားသွေးလှူဘဏ်တွင်မူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက ပေးပို့နိုင်ရေးအတွက် ပြည်သူ(၁၁၆၀)ဦးက လာရောက်သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လှူဒါန်းခဲ့သည့် သွေးများအား သွေးလှူဘဏ်တွင် ထိန်းသိမ်းထားရှိကာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ ခွဲစိတ်ကုသမှုခံယူသူများ၊ သွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များအပြင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဘေးသင့်ဒေသများသို့လည်း လိုအပ်ပါက အချိန်မီ ပေးပို့နိုင်ရေးကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 April 2025
ယနေ့ ဧပြီလ ၅ရက် နေ့မနက်ပိုင်းမှ နေ့လယ် ၂နာရီ ကျော်အထိ တစ်ရက်ထဲ ငလျင်လေးကြိမ် ထိ ထပ်မံ လှုပ် ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင် ကြိမ်ရေ၈၀အထိရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည်အမြင့်ဆုံး ရစ်(ခ်) တာစကေး ၇ ဒဿမ ၅ အဆင့်မှ အနိမ့်ဆုံး ရစ်(ခ်) တာစကေး၂ ဒသမ ၈ အဆင့်အထိ ရှိကြပြီး မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး ၊ပင်လောင်း၊ ပြင်ဦးလွင် စသည်တို့တွင် လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
ယနေ့မတ်လ၅ ရက်မနက်အစောပိုင်းမှ နေ့လယ်ပိုင်းအချိန်အထိ ငလျင်ငယ် လေးကြိမ်အထိလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ငယ်များမှာ မနက်ပိုင်း၆ နာရီ ၂၉မိနစ်၀၅ စက္ကန့်အချိန်တွင်ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်အကွာတွင် ရစ်(ခ်) တာစကေး ၃ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုနှင့် မနက် ၁၀ နာရီ ၄၁မိနစ်၃၀စက္ကန့်အချိန်၌ ပင်လောင်းမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်) တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု၊
နေ့လယ် ၁၂ နာရီ ၂၀မိနစ်၈ စက္ကန့် အချိန်၌ မတ္တရာမြို့၏ အရှေ့မြောက်ဘက် (၁၇) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး၃ ဒသမ ၃အဆင့်ရှိ တစ်ခု၊နေ့လယ် ၁နာရီ ၉မိနစ် ၄၄စက္ကန့် အချိန်၌ဖြူးမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့် အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး၄ ဒသမ ၁အဆင့်ရှိ တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 April 2025
▪️ ငလျင်ဒဏ်ခံ အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးအတွက်
မန္တလေးမြို့တော်စည်စည်ပင်သာယာရေးကော်မတီ MCDC မှအခမဲ့ဆောင်ရွက်ပေးနေ၍ ဆက်သွယ် နိုင်ကြောင်း MCDC မှသိရသည်။
▪️ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မန္တလေးမြို့အတွင်းငလျင်ဘေးဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုံးမှုများအား လူအင်အား၊ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ပေးရယတွင် အခကြေးငွေ တောင်းခံခြင်းမရှိကြောင်းနှင့် ကယ်ဆယ်ရေး၊ အဆောက်အဦပျက်များ ဖယ်ရှားရှင်းလင်းရေးများနှင့်ပက်သက်၍ ကွပ်ကဲရေးရူံး၊ ၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးကြီးသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မန္တလေးမြို့ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်တာ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာက ဆေးပညာရှင်အဖွဲ့တွေအပြင် ပြည်တွင်းက ဆေးပညာရှင်အဖွဲ့တွေက ယာယီစင်တာနဲ့ ဆေးရုံတွေ တည်ဆောက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 05 Apirl 2025
#မန္တလေး #နိုင်ငံတကာမှယာယီဆေးရုံများဖွင့်လှစ်
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်မယ့် လေပွေလှိုင်းကြောင့် ရှမ်းပြည်အပါအဝင်ဒေသအချို့မှာ ဧပြီ ၅ ရက်နေ့ လယ်ကနေ ၂၄နာရီအတွင်း မိုးများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားပါတယ်။
#Local_News
Published 05 Apirl 2025
#လေပွေလှိုင်း #ဒေသအချို့မိုးများနိုင်
#YMG/NN #Yangon_Times
ငလျင်ကြောင့် ပျောက်ဆုံးနေတဲ့ မိမိချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ရှာဖွေဖို့ အကူအညီလိုအပ်နေခဲ့ပါက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 05 Apirl 2025
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #ရှာဖွေရန်အကူအညီလိုအပ်ပါက
#YMG/SW #Yangon_Times
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်တဲ့ ဧပြီလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဆန်ရည်ညွှန်းစျေးနှုန်းတွေကို ထုတ်ပြန်ရာမှာ ဆန်ကြမ်းအုပ်စုအားလုံးဈေးကျဆင်းခဲ့တာကို သိရှိရပါတယ်။
#Local_News
Published 05 Apirl 2025
#ဆန်ရည်ညွှန်းဈေး #ဆန်ကြမ်းအုပ်စုဈေးကျဆင်း
#YMG/SW #Yangon_Times
#World_News
Published 05 April 2025
▪️ အမေရိကန်မှာ လူသားချင်းစာနာမှု အစီအစဉ်ဖြင့် တရားဝင်နေထိုင်နေတဲ့ ယူကရိန်းအများအပြားထံသို့ ယခုသီတင်းပတ်အတွင်း အီးမေးလ်တစ်စောင် ရောက်ရှိခဲ့ကာ ယင်းတို့ရဲ့ ခိုလှုံနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး အမေရိကန်မှ ထွက်ခွာရန် ၇ ရက်အချိန်ရကြောင်း၊ မဟုတ်ပါက အစိုးရက ရှာဖွေသွားမှာဖြစ်ကြောင်း အသိပေးဖော်ပြထားပါတယ်။
▪️ နိုင်ငံတော်လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီအီးမေးလ်ဟာ မှားယွင်းစွာ ပို့မိတာဖြစ်ပြီး ၂၀၂၂ ရုရှားကျူးကျော်ပြီးနောက် ယူကရိန်းတို့အတွက် ယာယီနေထိုင်ခွင့် အစီအစဉ်ကို ဖျက်သိမ်းခြင်းမရှိသေးဘူးလို့ သောကြာနေ့က ပြောပါတယ်။
▪️ ယူကရိန်းဘယ်နှယောက်လောက် အီးမေးလ်ရရှိလဲဆိုတာ သေချာမသိရပါဘူး။
▪️ ပြီးခဲ့တဲ့လက ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့ရာမှာ ထရမ့်အစိုးရအဖွဲ့ဟာ ရုရှားပဋိပက္ခကနေ စစ်ဘေးရှောင်ထွက်ပြေးလာတဲ့ ယူကရိန်း ၂၄၀,၀၀၀ ခန့်အတွက် တရားဝင်ယာယီနေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းသွားဖို့ စီစဉ်နေပါတယ်။
▪️ ဒါဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က ယူကရိန်းတွေကို ကြိုဆိုလက်ခံခဲ့ခြင်းအပေါ် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
▪️ ယခုအီးမေးလ်ထဲမှာ "အမေရိကန်ပြည်ထောင်စုမှ ယခုချက်ချင်း မထွက်ခွာပါက တရားဥပဒေစိုးမိုးရေးအရ အရေးယူမှုတွေ ခံရနိုင်ပြီး အမေရိကန်ကနေ နှင်ထုတ်ခံရမည်။ နိုင်ငံတော်လုံခြုံရေးဌာနက သင့်ရဲ့ယာယီနေထိုင်ခွင့်ကို ရုပ်သိမ်းသည်။ အမေရိကန်၌ ဆက်လက်နေထိုင်ရန် မကြိုးပမ်းပါနှင့်" လို့ ဖော်ပြထားပါတယ်။
▪️ ဒီနောက်သောကြာနေ့မှာတော့ နိုင်ငံတော်လုံခြုံရေးဌာနက ဒီအီးမေးလ်ညွှန်ကြားချက်ဟာ မှားယွင်းစွာ ပို့မိတာဖြစ်ပြီး ယာယီတရားဝင်နေထိုင်ခွင့်တွေက ယခုအချိန်ထိ အပြောင်းအလဲမရှိသေးဘူးလို့ ပြောလိုက်ပါတယ်။
#Source: Reuters
၅ ဧပြီ ၂၀၂၅
ဘင်စတက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ရက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်၌ သီရိလင်္ကာ နိုင်ငံဝန်ကြီးချုပ် Dr. Harini Amarasuriya၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် Mr. Tshering Tobgayတို့ကို သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။
သီရိလင်္ကာဝန်ကြီးချုပ်နှင့် ဘူတန်ဝန်ကြီးချုပ်များကို မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ရှားခဲ့မှုများအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီလျက်ရှိ သည်များကို ပြောပြခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီခဲ့ ကြသည့် သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ကို ကျေးဇူးအထူးတင်ရှိတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့် သီရိလင်္ကာနှင့် ဘူတန် ဝန်ကြီးချုပ်များသည် မြန်မာနှင့် သီရိလင်္ကာ၊ မြန်မာနှင့် ဘူတန်နိုင်ငံများအကြား စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ကျန်းမာရေးကဏ္ဍ များတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့ ကြ ပါတယ်။
အဆိုပါတွေ့ဆုံပွဲများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ် တွင်လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး သီရိလင်္ကာနှင့် ဘူတန်နိုင်ငံ ဝန်ကြီး ချုပ်များနှင့်အတူ သက်ဆိုင်ရာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြပါတယ်။
#ymg/knl

Page 455 of 2057