#Local_News
Published 12 June 2025

▪️ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ယင်းသို့ အထူးချေငွေဌာနများ ဖွစ်လှစ်ရခြင်းသည် ငလျင်ဘေးသင့်ပြည်သူများ အိမ်ယာအမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်လည်ပတ်နိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

▪️ ချေးငွေအမျိုးအစားများအဖြစ် KBZ Bank ၏ သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူးချေးငွေဌာန (SME အလျင်အမြန်) နှင့် Corporate Loan ထုတ်ချေးမှုတို့ပါဝင်ကြောင်း သိရသည်။

▪️ အဆိုပါ KBZ Center Mandalay  စင်တာအတွင်း စိတ်ကျန်းမာရေး အပါအဝင် လူနာ (၇၀၀) ခန့် နေ့စဉ် အခမဲ့ ကုသနိုင်သည့် ဆေးကုသခန်းများ၊ Call Center မှတဆင့် အကူအညီတောင်းခံနိုင်မည့် ထောက်ပံ့လှူဒါန်းရေးစင်တာ၊ အခမဲ့ စားသုံးနိုင်မည့် နေ့လယ်စာ၊ ညစာထမင်းစားဆောင်၊ သောက်ရေသန့်နှင့် သုံးရေအခမဲ့ ဖြန့်ဖြူးပေးခြင်း၊ အခမဲ့ အသုံးပြုနိုင်မည့် ရေချိုးခန်း၊ အိမ်သာနှင့် အဝတ်လျှော်စက်များ စီစဉ်ထားရှိခြင်းနှင့် အခမဲ့ အသုံးပြုနိုင်မည့် LPG Gas မီးဖိုဆောင်များ ပါဝင်သည်။