၄ ဧပြီ၂၀၂၅
ရုရှား အကော်ဒီယံပညာရှင် အလက်ဇန်းဒါး ဇာဇူလင် ကို ရှင်းကျန်းမှာ တွေ့ဆုံလိုက်ကြရအောင်။
၁၉၉၁ ခုနှစ်ကတည်းက သူ၏ အကော်ဒီယံပြင်ဆိုင်သည် ကျော်ကြားလာခဲ့ပါတယ်။
နှစ် ၄၀ အတွင်း၊ နိုင်ငံ ၂၀ ကျော်မှ အကော်ဒီံယံ ၈၀၀ ကျော် ကိုသူ စုဆောင်းနိုင်ခဲ့ပြီး သူ၏ ၁,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ပြတိုက်သည် သမိုင်းဝင် အကော်ဒီယံများဖြင့် ပြည့်နှက်နေကာ၊ တစ်ခုချင်းစီတွင် ထူးခြားသော ဇာတ်လမ်းတစ်ပုဒ် ရှိနေကြပါတယ်။
၂၀၁၃ ခုနှစ်တွင်၊ ရုရှားလူမျိုးစု၏ ဘာရန်အနုပညာ ကို ထိန်းသိမ်းခဲ့သည့်အတွက် နိုင်ငံတော်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်သူပညာရှင်အဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။
သမိုင်းကို ထင်ဟပ်နေသည့် သူ၏ သံစဉ်တိုင်းကို ခံစားကြည့်ဖို့ သူ့့ရဲ့ကမ္ဘာထဲ ဝင်ရောက်ကြည့်ရှုကြပါစို့ လား။
Source CGTN
ရန်ကုန်ရွှေတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ၁၂ကြိမ်မြောက် နှစ်ဦးအကြို စတုဒီသာကျွေးမွေးလှုဒါန်းပွဲကို ဒီကနေ့မှာ ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ် ၊ ရွှေဘုံသာလမ်းရှိ အသင်းရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 04 Apirl 2025
#ရွှေလုပ်ငန်းရှင်များအသင်း #နှစ်ဦးအကြိုစတုဒီသာကျွေးမွေးလှူဒါန်းပွဲ
#YMG/NN #Yangon_Times
#Local_News
Published 4 April 2025
▪️ ငလျင်ဘေးသင့် ပြည်သူများအတွက်ကိုရီးယားနိုင်ငံသားစေတနာရှင်များမှ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုများမှ ဝမ်ပေါင်း
တစ်သန်းခြောက်သိန်းကျော် နှင့်အမေရိကန်ဒေါ်လာတစ်ထောင် လှူဒါန်း ခဲ့ရာကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်နေ့က အင်အား ရစ်ချ်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန် သောငလျင် လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံသားစေတနာရှင်များဖြစ်ကြသော Mr. Jang Min Choi မှ ကိုရီးယားဝမ် တစ်သန်းတိတိ (ဝမ် ၁,၀၀၀,၀၀၀) ၊ Mr. Jamie Jangkook Choi မှ အမေရိကန်ဒေါ်လာ တစ်ထောင်တိတိ (USD $ 1,000/-) နှင့် ဆိုးလ်မြို့ရှိ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုမှ ကိုရီးယားဝမ် တစ်သန်းခြောက်သိန်းတစ်သောင်း လေးထောင်တိတိ (ဝမ် ၁,၆၁၄,၀၀၀/-) တို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၄-၄-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက် လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#နိုင်ငံတကာအဖွဲ့အစည်း #ထောက်ပံ့ပေးအပ်
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြေးဆွဲပေးနေတဲ့ လူစီးအမြန်ရထားတွေကို မနက်ဖန်ကနေစတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#အမြန်ရထား #မနက်ဖန်မှစ၍ပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
မတ်လ၂၈ရက်မှာဖြစ်ပွါးခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ မနက်ဖြန်ကစပြီးယာဉ်ငယ်တွေကို ရန်ကုန်ကနေ နေပြည်တော်အထိသွားလာခွင့် ပြုမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #ငလျင်ဒဏ်ကြောင့်ပျက်စီး
#YMG/SW #Yangon_Times
#Local_News
Published 4 April 2025
▪️ မတ်လ (၂၈)ရက်က မန္တလေးနှင့်စစ်ကိုင်းမြို့များကို အထိနာစေ ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒဿမ ၇ ရှိ အလွန်အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ငယ်များဆက်လက်လှုပ်ခတ်လျှက်ရှိရာ ယနေ့ ဧပြီ(၄)ရက် နေ့လယ်ပိုင်း အချိန်အထိ နောက်ဆက်တွဲငလျင် အရေအတွက် (၇၃)ကြိမ် အထိ လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။
▪️ အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည်အမြင့်ဆုံး ရစ်(ခ်) တာစကေး ၇ ဒသမ ၅ အဆင့်မှ အနိမ့်ဆုံး ရစ်(ခ်) တာစကေး၂ ဒသမ ၈ အဆင့်အထိ ရှိကြပြီး မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး စသည်တို့တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၄ရက် ယနေ့နေ့လယ်ပိုင်း အချိမ်အထိ ငလျင်ငယ်သုံးကြိမ်အထိလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ငယ်များမှာ မနက်ပိုင်း၆ နာရီ ၅မိနစ်၁၆ စက္ကန့်အချိန်တွင် သာစည်မြို့၏ အရှေ့အရှေ့မြောက်ဘက် (၁၀)ခန့်အကွာတွင် ရစ်(ခ်) တာစကေး ၃ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခုနှင့် ၆ နာရီ ၂၉မိနစ်၅၃စက္ကန့်အချိန်၌ မြန်မာပင်လယ်ပြင် ပြင်စလူမြို့၏ အနောက် အနောက်တောင်ဘက် (၇၄) မိုင်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်) တာစကေး ၄ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု၊ နေ့လယ် ၁၂ နာရီ ၃၃မိနစ်၅၆ စက္ကန့် အချိန်၌ ကျောက်တံခါးမြို့၏ အနောက်- အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၃ ဒသမ ၈အဆင့်ရှိ တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၄ ဧပြီ ၂၀၂၅
ဆဋ္ဌမအကြိမ်မြောက် ဘင်မ်စတက်BIMSTEC အဖွဲ့ (ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်း ပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် ) ထိပ်သီးအစည်းအဝေးကို ယနေ့ ဧပြီလ ၄ရက်မနက်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် စတင်ကျင်းပနေ ပါတယ်။
ထိပ်သီးအစည်းအဝေးကို မြန်မာနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ဘင်စတက်နိုင်ငံ များရဲ့ နိုင်ငံခေါင်းဆောင်များ စုပေါင်းဓါတ်ပုံရိုက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဘင်စတက်ထိပ်သီးအစည်းအဝေးကို ကမကထကျင်းပတဲ့ အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝါတရာက အခြားခေါင်းဆောင်တွေနှင့်ကိုယ်စားလှယ်အဖွဲ့တွေကို နှုတ်ဆက်ခဲ့ပါတယ်။
အဆိုပါထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်တွေမိန့်ခွန်းတွေပြောကြားပြီးတဲ့နောက်ဘင်မ်စတက် ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ် ကို လက်မှတ်ရေးထိုးကြဖို့ရှိနေပါတယ်။
#ymg/knl
#World_News
Published 04 April 2025
▪️ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဘေးကြုံနေရတဲ့ မြန်မာနိုင်ငံသို့ သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောခဲ့ပြီး နိုင်ငံတကာ ရန်ပုံငွေပိုမိုရရှိရေးနဲ့ နိုင်ငံအတွင်း အကူအညီများ အတားအဆီးမရှိ လျင်မြန်စွာ ရောက်ရှိရေးအတွက် တောင်းဆိုလိုက်ပါတယ်။
▪️ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ဟာလည်း ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှု ကတိကဝတ်အတိုင်း လာမယ့်ရက်ပိုင်းအတွင်း သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ "မြေငလျင်ကြောင့် ဒုက္ခခံစားရမှုများကို ပိုမိုဆိုးရွားစေပြီး မုတ်သုံရာသီကလည်း နီးကပ်နေပါတယ်။ ဒီလိုဝမ်းနည်းပူဆွေးဖွယ် အခိုက်အတန့်ကနေ မြန်မာပြည်သူများအတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြရန် ပန်ကြားလိုက်ပါတယ်" လို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
▪️ ပြီးခဲ့တဲ့သောကြာနေ့က ရာစုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ အပြင်းထန်ဆုံးငလျင် လှုပ်ခတ်ခဲ့ရာမှာ လူဦးရေ ၂၈ သန်းနေထိုင်တဲ့ဒေသ ထိခိုက်ခဲ့ပြီး ဆေးရုံလိုမျိုး အဆောက်အအုံတွေ လှုပ်ခတ်၊ လူနေအိမ်တွေ ပြိုကျကာ စားစရာ၊ ရေ၊ ခိုလှုံနေရာမရရှိသူ အများအပြား ရှိနေပါတယ်။
▪️ ကြာသပတေးနေ့အထိ သေဆုံးသူ ၃,၀၈၅ ဦး၊ ဒဏ်ရာရသူ ၄,၇၁၅ ဦး၊ ပျောက်ဆုံးသူ ၃၄၁ ဦးရှိထားတယ်လို့ နစက ဥက္ကဋ္ဌက ပြောထားပါတယ်။
#Source: Reuters
#Local_News
Published 4 April 2025
▪️ မြန်မာနိုင်ငံအတွက် WHO ၏ အရေးပေါ်ကျန်းမာရေးပစ္စည်းများ တန်ချိန် ၃၅ တန်ယမန်နေ့ကထပ်မံ ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ထိုတန်ချိန် ၃၅ တန် ပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသူများအား အရေးပေါ်ကုသမှုပေးနိုင်ရန် WHO မှ Interagency Emergency Health Kits (IEHK) နှင့် Trauma & Emergency Surgery Kits အပါအဝင် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်ကြောင်း၊
▪️ ယခုအကြိမ် ရောက်ရှိလာသည့်ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ၏ ပမာဏနှင့် ငလျင်ဖြစ်ပွားပြီးနောက် WHO မှ ပေးပို့ခဲ့သော ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ပမာဏသည် စုစုပေါင်း တန်ချိန် ၁၀၀ နီးပါးအထိ ရှိလာပြီဖြစ်ပြီး အထောက်အပံ့ပစ္စည်းများထဲတွင် အရေးကြီးသော ဆေးဝါးများ၊ ဒဏ်ရာကုသရေးပစ္စည်းများ၊ ခွဲစိတ်မှုဆိုင်ရာကိရိယာများနှင့် ရွေ့လျားကျန်းမာရေးတဲများ ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ ပစ္စည်းများကို ငလျင်ဒဏ်အထိခိုက်ခံရဆုံးဒေသများသို့ ဖြန့်ဝေရန် အသင့်ပြင်ဆင်လျက်ရှိပြီး ဆေးရုံများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နေသူများအနေဖြင့် အသက်ကယ်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 04 April 2025
▪️ Himsနဲ့ Keeps တို့လို အွန်လိုင်းကျန်းမာရေးကုမ္ပဏီတွေဟာ ဆံပင်ကျွတ်ခြင်းပြဿနာ ကုသနည်းနဲ့ပတ်သက်ပြီး ပြောင်းလဲလုပ်ဆောင်လာကြပါတယ်။
▪️ ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့ မားကက်တင်းတွေက ဆံပင်ကျဲခြင်း ခံစားနေရတဲ့ လူငယ်တစ်ဦးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
▪️ အမေရိကန်တပ်ကြပ်ဟောင်းဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် မာ့ခ်မီလစ်ချ်ဟာ Hims.comမှာ မေးခွန်းများဖြေဆိုပြီးနောက် finasterideဆေးတစ်ပုလင်း မှာယူခဲ့ပါတယ်။
▪️ သိပ်မကြာခင်မှာ သောကစိတ်ဖြစ်ခြင်း၊ မူးဝေခြင်း၊ စကားမပီခြင်းတို့ စဖြစ်လာပြီး ပိုဆိုးရွားလာပါတယ်။
▪️ သူ့ရဲ့ လိင်စိတ်ဆန္ဒကျဆင်းလာကာ ကျားအင်္ဂါများကျုံ့လာပြီး ပုံသဏ္ဍာန် ပြောင်းလဲလာပါတယ်။
▪️ Propeciaအမှတ်တံဆိပ်ဖြင့် ရောင်းချတဲ့ finasterideဟာ ၁၉၉၇တည်းက အမျိုးသားများ ဆံပင်ကွက်ခြင်းအတွက် ဆေးညွှန်းပေးခဲ့ကြပါတယ်။
▪️ ဆံပင်ပြန်ပေါက်ခြင်းကို ထိရောက်စွာ ပေးစွမ်းသလို လိင်မှုကိစ္စစွမ်းရည်ချို့ယွင်းခြင်း၊ စိတ်ဓာတ်ကျခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။
▪️ ဒီလိုဆိုးကျိုးတွေအကြောင်း ဆေးမှာဖော်ပြထားဖို့ FDAက ပြောထားပါတယ်။
▪️ ဒါပေမဲ့ အွန်လိုင်းကျန်းမာရေး ဝန်ဆောင်မှုတွေကတော့ ကြော်ငြာတွေမှာ ဘေးထွက်ဆိုးကျိုးတွေအကြောင်း ဖော်ပြဖို့ သိပ်ပြီးတာဝန်ရှိမနေပါဘူး။
▪️ လော့စ်အိန်ဂျလိစ် Cedars-Sinai ဆေးခန်းမှ ဆီးလမ်းကြောင်းဆရာဝန် ဒေါက်တာ ဂျပ်စတင်ဟော်မန်းက finasterideအသုံးပြုပြီး လိင်မှုကိစ္စပြဿနာကြောင့် လာပြတဲ့လူငယ်တွေ များလာပြီး လူငယ်တွေ သောက်သုံးရန်မသင့်ဘူးလို့ ပြောသွားပါတယ်။
▪️ မီလစ်ချ်နဲ့ အချို့လူတွေဟာ ဒီဆေးက ဒီလိုဘေးအန္တရာယ်တွေ ရှိတဲ့အကြောင်းကို သေချာမသိခဲ့ကြဘူးလို့ ယူဆရပါတယ်။
▪️ Himsမှာ ၂ နှစ်အလုပ်လုပ်ခဲ့တဲ့ ဒေါက်တာ ဂျိုနသန်ဒေလီက ကုမ္ပဏီဟာ ဆေးမှာယူမယ့်လူတွေ များနိုင်သမျှများအောင်သာ ညွှန်းကြတယ်လို့ ပြောသွားပါတယ်။
#Source: New York Post
#Local_News
Published 4 April 2025
▪️ တရုတ်နိုင်ငံက မန္တလေးနှင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းများ တည်ဆောက်ပေးခဲ့ပြီး အဆိုပါစခန်းများတွင် ဒုက္ခသည် ၉၀၀ ဦးခန့်အား လက်ခံထားရှိပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
▪️ ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းနှင့် ဒေသခံအင်အားစုတို့ ပူးပေါင်းပြီး မန္တလေးမြို့၌ တရုတ်ကယ်ဆယ်ရေး ပစ္စည်းများကိုအသုံးပြု၍ ယာယီစခန်းတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းသည် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ ငလျင်ဖြစ်ပွားပြီးနောက် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ ယာယီ ကယ်ဆယ်ရေးစခန်းဖြစ်ကြောင်း၊ ထို့နောက်CITIC MYANMAR ကုမ္ပဏီနှင့် တရုတ်နိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းတို့ ပူးပေါင်း၍ နေပြည်တော်တွင် ဒုတိယမြောက် ယာယီကယ်ဆယ်ရေးစခန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
▪️ ထိုယာယီစခန်းများသည် ဒုက္ခသည် ၉၀၀ ဦးခန့်အား လက်ခံထားရှိပေးနိုင်မည် ဖြစ်ပြီးနောက်ပိုင်းတွင် တရုတ်မော်တော်ယာဉ်ကုမ္ပဏီ FAW သည် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်းနှင့် ပူးပေါင်း၍ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ယာယီစခန်းများ ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်စသည့် ဒေသများ၏ အဆောက်အဦများ ဆိုးဝါးစွာ ပျက်စီးခဲ့ပြီး သောက်သုံးရေနှင့် လျှပ်စစ်မီးများ ပျက်တောက်ခဲ့သည့်အပြင် ၄၀ ဒီဂရီနီးပါးရှိသော အပူချိန်နှင့် ခြင်ယင်များကိုက်ခံရမှုတို့ကြောင့် ဘေးဒဏ်သင့်ပြည်သူများ၏ နေထိုင်မှုဘဝသည် အလွန်ခက်ခဲလှရာ တရုတ်နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များသည် ဘေးအန္တရာယ်ဖြစ်ပွား ပြီးချိန်တွင် ချက်ချင်းကူညီပံ့ပိုးပေးခဲ့ပြီး ဘေးဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေး၊ အထောက်အပံ့ပေးရေး၊ သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ပေးခဲ့ကြောက်း၊ ဧပြီလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံတကာကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့ခွဲမှ မန္တလေးမြို့မင်္ဂလာဈေးအနီးရှိ ယာယီ ကယ်ဆယ်ရေးစခန်းတွင် ရောဂါတိုင်ပင်ဆွေးနွေးခြင်း၊ ဆေးစစ်ခြင်းနှင့် အနာပိုးသန့်စင်ခြင်းစသည့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 457 of 2057