#Local_News
Published 10 June 2025

▪️ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်းတည်ရှိသောတနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိခဲ့ပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိ အာရှဆင်နှင့် တောခွေးများလည်းရှင်သန်ကျက်စားလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

▪️ ထို့အပြင် မျိုးသုဉ်းလုနီး ရင်ဆိုင်နေရသည့် သင်းခွေချပ်၊အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနားကျား စသည့်မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိပြီးမျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ်သုံးမျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် ၁၀ မျိုးအပါအဝင် ငှက်မျိုးစိတ် များစွာကိုလည်းတွေ့ရှိရကြောင်း သိရသည်။

▪️ တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များတပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ‌‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times