#Local_News
Published 10 June 2025

▪️ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ  ငလျင်ဒဏ်သင့်ဒေသများသို ကျပ်သိန်းပေါင်း ၃,၀၀၀ကျော်သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

▪️ ဇွန် ၇ ရက်နှင့် ၈ ရက်နေ့များ၌ မြန်မာ-တရုတ် ချစ်ကြည်ရေအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များသည်  ငလျင်ဒဏ်သင့် နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များသို့ သွားရောက်၍ အလှူငွေများ လှူဒါန်းခဲ့ကြ‌ကြောင်း သိရသည်။

▪️ ထိုသို့လှူဒါန်းရာတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျောင်းတိုက် ငလျင်ဒဏ်သင့် သိမ်ပြန်လည်တည်ဆောက်ရန်၊ ပျဉ်းမနားမြို့နယ်၊ ကျောင်းကုန်းပရိယတ္တိကျောင်းတိုက်၊ နံတော်စဉ်ပရိယတ္တိစာသင်တိုက်၊ တောင်သာ ဘိုးဘွားရိပ်သာ၊ သန္တာရာမ သီလရှင်စာသင်တိုက်၊ ကင်မွန်းတန်းသိမ် ဆွမ်းစားကျောင်း၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်(အလယ်ရွာ) ကျောင်းတိုအတွက် အလှူငွေ သိန်း(၂၅၀၀)ကိုလည်းကောင်း၊ ဇွန် ၂ ရက်နှင့် ၃ ရက်တိုတွင်လည်း စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ၏ နေအိမ်(၂)လုံး ဆောက်လုပ်ရန်၊ စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ စစ်ကိုင်းပြည်သူ့ဆေးရုံကြီး အီးစီဂျီစက်နှင့် လိုအပ်သောဆေးဝါးများ ဝယ်ယူရန်၊ မန္တလေးပြည်သူ့ဆေးရုံကြီး အီးစီဂျီစက် (၂)လုံး၊ ချွဲစုပ်စက် (၂)လုံးနှင့် သွေးစစ်ဌာနနှင့် ခွဲစိပ်ခန်းသုံးပစ္စည်းများ (၂)လစာ ဝယ်ယူရန်အတွက် စုစုပေါင်း အလှူငွေ (၇၀၈)သိန်းကို လည်းကောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times