၃ ဇွန်၊၂၀၂၆-
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မျှော်မှန်းဆောင် ရွက်သွားမည်ဟု အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ The Taj Mahal Palace ဟိုတယ်၌ ယနေ့ ဇွန် ၃ရက် နံနက်ပိုင်းက ကျင်းပသော မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။
“နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ ကြောင်း၊ ယခုကဲ့သို့အခြေအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်း” ဟုလည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိသဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၅ ဘီလီယံအထိလည်းကောင်း ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသမ္မတဦးမင်းအောင်လှိုင်ကရှင်းလင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံရှိခဲ့ပြီး အိန္ဒိယမှ သွင်းကုန်မှာမူ ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ ကြားတွင် ရှိခဲ့သည်။ ထို့အပြင် ကုန်သွယ်မှုများတွင် ရူပီး-ကျပ် တိုက်ရိုက်ပေးချေရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုကဏ္ဍတွင် မြန်မာနိုင်ငံဘက်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ရေထွက်နှင့် သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် ရာဘာထွက်ပစ္စည်းများကို အဓိကထား တင်ပို့လိုပြီး အိန္ဒိယနိုင်ငံဘက်မှ သံနှင့် သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများနှင့် ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းများကို ပိုမိုတင်သွင်းသွားရန် ဆန္ဒရှိကြောင်းလည်း ဆွေးနွေးခဲ့ ကြသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံ ကျော်ဖြင့် နိုင်ငံပေါင်းစုံအနက် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန်လည်း နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။ အထူးသဖြင့် တွင်းထွက်သတ္တုများကို ကုန်ကြမ်း အဖြစ် ပြည်ပသို့ တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ၊ သတင်းအချက် အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာ (High-tech) လုပ်ငန်းများကိုလည်း လာရောက်ရင်းနှီး မြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များအား အထူးဖိတ်ခေါ်ခဲ့သည်။
ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်း ဦးစားပေးမူဝါဒ (Neighborhood First Policy) တို့အရ မဟာဗျူဟာကျသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ ၂၀၂၈ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများကို ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်သော ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ Gateway of India သို့ သွားရောက်လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အဆိုပါ သမိုင်းဝင်အဆောက်အအုံကြီး၏ အစ္စလာမ်နှင့် ဟိန္ဒူရိုးရာဗိသုကာလက်ရာများ ရောနှောပေါင်းစပ်ထားမှုနှင့် သမိုင်းကြောင်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

၂၆ မေ၊၂၀၂၆(ရန်ကုန်)- အများပြည်သူအကျိုးပြု CSR ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၃.၈)သန်းကို မတည် ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းများ အကောင် အထည်ဖော်နေတဲ့ CITIC Myanmar က ပြောပါတယ်။
မေ၂၆ ရက်မနက်က ရန်ကုန်မြို့ Wyndham Grand Yangon Hotel တွင်ကျင်းပတဲ့ ၂၀၂၆ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် CITIC Myanmar ၏ ဒုတိယ ဥက္ကဋ္ဌ Mr. Piao Bo က ပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုအစီအစဉ်များထဲတွင် ကျေးရွာရန်ပုံငွေစီမံကိန်း၊ ကျောက်ဖြူလူငယ် စွမ်းရည် မြှင့်တင်ရေးစီမံကိန်း၊ "ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော စိုက်ပျိုးရေးစီမံကိန်း၊ "Smiling Children" အာဟာရကျွေးမွေးရေးစီမံကိန်း၊ ကမ်းခြေ သန့်ရှင်းရေးစီမံကိန်း၊ "CITIC Star" Scholarship စီမံကိန်း၊ ပြင်းထန်သော သဘာဝ ဘေး အန္တရာယ်နှင့် ကပ်ရောဂါကာကွယ်ရေး လှူဒါန်းခြင်း အပါအဝင် "သေးငယ်လှပသော" လူမှုအကျိုးပြု စီမံကိန်းပေါင်း (၂၅)ခုပါဝင်ပြီး ဒေသခံ တစ်သိန်းကျော်ကို အကျိုးပြုနိုင်ခဲ့ တယ်လို့လည်း Mr. Piao Bo က ဆက်လက် ပြောကြားပါတယ်။
မြန်မာမီဒီယာများ၊ သုတေသနအဖွဲ့များ ၊ တက္ကသိုလ်များ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် စီးပွားရေးလုပ်ငန်းများအကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး နိုင်သည့် ယခုလို ပလက်ဖောင်းတစ်ခုကနေပြီး အကျိုးရှိမည့် အကြံပြုချက်များကို တင်ပြခွင့်ရရှိခဲ့ တယ်လို့လည်းသူကပြောပြီး ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်ပေးဖို့လည်း မျှော်လင့်တယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံနှင့်တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးးမြှပ်နှံမှုနှင့်ကုန်သွယ်မှုနယ်ပယ် အသစ်တွေ ထပ်မံရှာဖွေပြီး တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က ပြောဆိုထားပါတယ်။
ယခုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူများ၏ သဘောထားအမြင်များနှင့်ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ် နေတဲ့ တရုတ်ကုမ္ပဏီအချို့မှ တာဝန်ရှိသူတွေက တက်ရောက်ပြီး ရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
YANGON, May 26, 2026 — Prioritizing post-earthquake recovery, China is set to strengthen bilateral cooperation with Myanmar across new and emerging sectors, including electricity, oil and gas, trade, and investment, according to Ms. Ma Jia, the Chinese Ambassador to Myanmar.
Ambassador Ma delivered these remarks today during the Q2 2026 China-Myanmar Media Meetup, held at the Wyndham Grand Yangon Hotel.
"Investment and financial cooperation primarily cover infrastructure development and the manufacturing sector," the ambassador stated. "These initiatives will help Myanmar effectively overcome developmental bottlenecks, such as funding shortages, lagging infrastructure, and inadequate human resources."
During her address, the ambassador firmly pushed back against negative geopolitical narratives.
"This will absolutely not become a 'debt trap'—a fabricated concept designed to deliberately tarnish China's image," Ma pledged. "We will implement more people-centric projects and deliver greater benefits to the public through mutually beneficial cooperation between China and Myanmar."
Additionally, the ambassador urged all parties to intensify their efforts to bridge the gap in mutual understanding between the citizens of both nations. She attributed the current lack of deep mutual comprehension to various factors, including the inaccurate flow and dissemination of information.
The meetup served as a platform for an open and transparent dialogue, allowing attending experts from both Myanmar and China, media representatives, and delegates from Chinese enterprises operating in Myanmar to freely exchange their individual perspectives.
မေ ၂၆၊ ၂၀၂၆ (ရန်ကုန်)
ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဗဟိုပြုပြီး လျှပ်စစ်မီး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အစရှိတဲ့ နယ်ပယ်အသစ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း အောင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က ပြောကြားပါတယ်။
ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel တွင် မေလ ၂၆ ရက်(ယနေ့) ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် တရုတ်သံအမတ်ကြီး Ms. Ma Jia က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခြေခံအဆောက်အအုံ စီမံကိန်း တည် ဆောက်ရေးနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေကို အဓိက လွှမ်းခြုံထားပြီး၊ မြန်မာနိုင်ငံရဲ့ ရန်ပုံငွေပြတ်လပ်မှု၊ အခြေခံအဆောက်အအုံ နောက်ကျကျန်နေမှုနဲ့ လူသားအရင်းအမြစ် မလုံလောက်မှုစတဲ့ ဖွံ့ဖြိုး တိုးတက် ရေး အကျပ်အတည်းတွေကို ထိရောက်စွာ ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်တယ်” လို့ တရုတ် သံအမတ်ကြီးက ဆက်လက်ပြောဆိုပါတယ်။
“ ဒါဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို တမင်တကာ ပုတ်ခတ်ညှိုးနွမ်းစေဖို့ အတွက် လုပ်ကြံဖန်တီးထားတဲ့ “ကြွေးမြီထောင်ချောက်” ဆိုတာမျိုး လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့က ပြည်သူလူထု အကျိုးပြု စီမံကိန်းတွေကို ပိုမို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ပြည်သူလူထုအတွက် ပိုမို များပြားတဲ့ အကျိုးကျေးဇူးတွေကို ဖော်ဆောင်ပေးသွားပါမယ်” လို့လည်း Ms. Ma Jia က ကတိပေး ပြောဆိုပါတယ်။
အချက်အလက်တွေ စီးဆင်းပျံ့နှံ့တဲ့နေရာမှာ တိကျမှုမရှိတာ အစရှိတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် နှစ်နိုင်ငံပြည်သူတွေအကြား နက်နက်ရှိုင်းရှိုင်း သိရှိနားလည်မှု အားနည်းနေတာတွေကို လျော့နည်း ပပျောက်အောင်အားလုံးက ပိုမိုအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း သံအမတ်ကြီးက တိုက်တွန်းသွားပါတယ်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်ဘက်မှ ပညာရှင်များ၊ မီဒီယာအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအခြေစိုက်တရုတ်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက တစ်ဦးချင်းစီ၏ သဘောထားအမြင်များကို လွတ်လပ်ပွင့်လင်းစွာပြောဆိုဆွေးနွေး ခဲ့ကြကြောင်းသိရှိရပါတယ်။
NAYPYITAW, May 9, 2026 — Myanmar and Thailand are set to jointly implement the Aung Theinkha Project (Block M3), an initiative aimed at ramping up electricity generation across Myanmar.
Union Minister for Electricity and Energy U Ko Ko Lwin discussed the project's development with the Chief Executive Officer of Thailand's PTTEP International Limited during a meeting at the ministry's headquarters in Naypyidaw on May 8.
According to a press release from the ministry, the talks covered a broad range of topics, including elevating bilateral cooperation in the electricity and energy sectors and expanding exploration and production across Myanmar's offshore blocks. The officials also reviewed successful technical solutions applied in the drilling of new and supplementary wells to boost output at the Yadana project, which has recently experienced declining yields.
Furthermore, the two sides engaged in open and cordial discussions regarding prospective investments in highly promising deep-water offshore projects in Myanmar, as well as joint strategies to enhance security along the region's pipelines.
This recent meeting between the PTTEP International Limited CEO and the Union Minister builds upon discussions held in April 2026, when Thailand’s Deputy Prime Minister and Minister of Foreign Affairs paid a courtesy call on President U Min Aung Hlaing. During that April meeting, leaders emphasized the need to strengthen bilateral ties in the energy sector, increase oil and natural gas production, and ensure the security of the critical Myanmar-Thailand natural gas pipeline routes.
The Naypyitaw meeting was attended by the Union Minister for Electricity and Energy, the Permanent Secretary, Directors-General, and Managing Directors of departments and enterprises under the ministry, alongside the CEO and key officials from PTTEP International Limited.
-END-
မေ၉၊၂၀၂၆(နေပြည်တော်)-
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားတိုးမြှင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်နေသည့် လုပ်ကွက် M3 ဖြစ်သော အောင်သိင်္ခစီမံကိန်းကို မြန်မာနှင့်ထိုင်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းနိုင်ငံ၊ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် မေလ ၈ရက်က နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးစဉ် အဆိုပါစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆွေးနွေးကြရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ရေး၊ မြန်မာ့ကမ်းလွန်လုပ်ကွက်များ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ အထွက်နှုန်းကျဆင်းနေသည့် ရတနာစီမံကိန်းတွင် တိုးမြှင့်ထုတ် လုပ်နိုင်ရန်အတွက်တွင်းသစ်များနှင့် ဖြည့်စွက်တွင်းများ တူးဖော်ရာတွင် နည်းပညာဆိုင်ရာ ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့မှုကိစ္စရပ်များလည်းပါဝင်သည်ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ထို့အပြင် မြန်မာ့ရေနက်ကမ်းလွန်တွင် ဆောင်ရွက်နေသည့် အာမခံချက်ကောင်းမွန်သည့် စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံလိုသည့်ကိစ္စရပ်များ၊ ပိုက်လိုင်းများ တစ်လျှောက်လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်းသိရှိရသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ အတွင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမှ လာရောက်၍ ဂါရဝပြုတွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ရေးနှင့် မြန်မာ-ထိုင်းသွယ်တန်းထားသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းလမ်း ကြောင်းများ လုံခြုံရေးဆိုင်ရာကိစ္စရပ်အား ဆွေးနွေးခဲ့မှုများအပေါ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်က ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲ တမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Limited အမှုဆောင်အရာရှိချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
-END-
၂၉ ဧပြီ၊၂၀၂၆— နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အတွင်း အသစ်တည်ဆောက်ပြီးစီးခဲ့သော မဂ္ဂါဝပ် ၄၀ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂) ရုံကို ယနေ့ဧပြီ ၂၉ ရက်က တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါစက်ရုံများမှာ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် Leader Power Co., Ltd. မှ တည်ဆောက်ထားသော သာစည် ၄၀ မဂ္ဂါဝပ် စက်ရုံနှင့် မိတ္ထီလာမြို့နယ်တွင် Hanzar Solar Energy Co., Ltd. မှ တည်ဆောက်ထားသော သပြေဝ ၄၀ မဂ္ဂါဝပ် စက်ရုံတို့ဖြစ်ကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြီးစီးခဲ့သည့် စီမံကိန်း (၂) ခုမှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၂၀၂ သန်းအထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်မည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် မကြာမီကာလတွင် ပြီးမြောက်တော့မည့် ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက်လည်း ဝန်ကြီး ဌာနအနေဖြင့် လိုအပ်သည်များ အမြန်ဆုံးပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံအတွင်း ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပြဿနာများနှင့် ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းစွာ ရှင်းလင်းပြောကြားခဲ့သည်။ စီမံကိန်းများ နှောင့်နှေးကြန့်ကြာနေခြင်း၊ စက်ရုံအချို့ ဖျက်ဆီးခံရခြင်းကြောင့် ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဝေးလံသောခရီးသို့ ဓာတ်အားပို့လွှတ်ရသဖြင့် လေလွင့်ဆုံးရှုံးမှုများပြားခြင်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် လူတို့၏ ဖျက်ဆီးမှုများကြောင့် ဓာတ်အားလိုင်းကြီးများ ပျက်စီးကာ System Break Down များ မကြာခဏဖြစ်ပေါ်နေရကြောင်း သူက ထောက်ပြခဲ့သည်။
ဤကဲ့သို့ လျှပ်စစ်ဓာတ်အားစနစ်၏ အားနည်းချက်များနှင့် ဖြန့်ဖြူးမှုအပိုင်းရှိ လေလွင့် ဆုံးရှုံးမှုများကို ကုစားနိုင်ရန် ခေတ်မီနည်းပညာဖြင့် ထိန်းကျောင်းခြင်းနှင့် စီမံခန့်ခွဲမှု နည်းလမ်းများပါဝင်သော ရေတိုရေရှည် အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား အသိပေးကတိပြုခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. မှ တာဝန်ရှိသူတစ်ဦးတို့က စက်ရုံများအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စက်ရုံများ၏ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ သွားရောက်ကာ တည်ဆောက်ရေးလုပ်ငန်းခွင် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သတင်းရရှိသည်။
-END-
Page 2 of 80