၈ အောက်တိုဘာ ၂၀၂၅
ပန်းဘဲတန်းမြို့နယ်ရှိ ၃၂လမ်းရှိ Beauty Land Hotel ၌ အမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးတွေ့ရှိရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင် အသား များ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အသက်(၂၀)နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃)နှစ်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ သာကေတ မြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်း မြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေအေမွန်အောင် (၁၈)နှစ်တို့ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်သိရှိခဲ့ရပြီး အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန် အကျွံ ကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှု လေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)၌ ပျော်ပါးခဲ့ပါတယ်။
အဲဒီနောက် သူကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သူရဲ့ထွက်ဆိုချက်အရသိရပါတယ်။
ယင်းနောက် သူ၏ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်း အတွင်းပေကျံနေသည့် သွေးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက် ဖျက်ခြင်းတို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် သူဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား ၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက် ဖျက်ရာတွင် ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 8 October 2025
▪️ ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်၊ ၃၂လမ်း (အထက်ဘလောက်) ရှိ Beauty Land Hotel တွင် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာအား အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့သည့် အသက် ၁၈နှစ်အရွယ်တရားခံအား ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။
▪️ သတ်ဖြတ်ကာအမှိုက်အိတ်ဖြင့်ထည့် စွန့်ပစ်ခံရသည့်အမျိုးသမီးမှာပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ ရန်ကုန်မြို့တွင် လာရောက်နေထိုင်သည့် အသက် ၂၃ နှစ်ခန့်အရွယ် ပြည့်တန်ဆာ အမျိုးသမီးဖြစ်ပြီးတရားခံမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌နေထိုင်သည့်အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
▪️ တရားခံကို အောက်တိုဘာ ၇ ရက် ညနေပိုင်းက ၎င်း၏နေအိမ်၌ပင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရားခံနှင့် သေဆုံးသူ အမျိုးသမီးသည် ယခင်သိကျွမ်းခဲ့ခြင်းမရှိဘဲ အခကြေးငွေဖြင့် ပြည့်တန်ဆာကိစ္စပျော်ပါးရန် အွန်လိုင်းမှ တဆင့် ချိတ်ဆက်ခေါ်ယူ ပျော်ပါးခဲ့ပြီးနောက် ယခုကဲ့သို့သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တရားခံအား လက်ရှိတွင် စစ်ဆေးနေဆဲဖြစ်ပြီး သတ်ဖြတ်ရသည့်အကြောင်းရင်းကို တိတိကျကျမသိရသေးကြောင်း၊တရားခံအား စစ်ဆေးမှုအရမူးယစ်ဆေးဝါးသုံးစွဲကြောင်းမပေါ်ပေါက်သော်လည်း ၎င်းသည် လူသတ် ရုပ်ရှင်ဇာတ်လမ်းများ အကြည့်များသူတစ်ဦး ဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 8 October 2025
▪️ နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်လျှက်ရှိသည့် ဖွဲနုဆီစက်၊ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့်စက်ရုံ၊ EV ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံများကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ပျဥ်းမနားမြို့နယ်ရှိ MAPCO ၏ ဖွဲနုဆီစက်၊ ဒက္ခိဏသီ ရိမြို့နယ်ရှိ New Stellar Energy MM Co., Ltd. ၏ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့် စက်ရုံနှင့် Myanmar New Power Auto Co., Ltd. ၏ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်၊ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံတည်ဆောက်နေမှုများကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ -၂၀၂၅ နှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ စက်ရုံစီမံကိန်းလုပ်ငန်းများအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်၍ သတ်မှတ်ချိန်အတွင်း စတင်လည်ပတ်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ စက်တပ်ဆင်ရေးလုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ စနစ်တကျရှိရေး၊ လိုအပ်ချက်များကိုကူညီ ဖြည့်ဆည်းပေးနိုင်ရန် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကာ အစွမ်းကုန်ဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
ဘုရားဖူးများအဆင်ပြေစေရန်မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ ကေဘယ်လ်ကားများ နေ့စဉ်ပြေးဆွဲ ပေးနေပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 08 October 2025
#ကျိုက်ထီးရိုး #ကျိုက်ထိုမြို့နယ်
#YMG/NN #Yangon_Times
#Local_News
Published 8 October 2025
▪️ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ လူမှုအကျိုးပြုလုပ်ငန်းေကာ်မတီဥက္ကဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
▪️ ယခုလအတွင်းကျင်းပသောကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ကောင်စီ အစည်းအဝေးတွင် ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်းဖြစ်ရာ ဦးဇော်ဇော်အနေဖြက့်အဆိုပါ ဥက္ကဌရာထူးကို ၂၀၂၅ခုနှစ်မှ ၂၀၂၉ခုနှစ်အထိတာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
▪️ FIFA၏ လူမှုအကျိုးပြုလုပ်ငန်းေကာ်မတီတွင် ဒုတိယဥက္ကဌအဖြစ်အာဂျင်တီးနား ဂန္တဝင်အားကစားသမားတစ်ဦးဖြစ်သူ Javier Zanetti ကဆောင်ရွက်မည်ဖြစ်ပြီးကော်မတီတွင် အဖွဲ့ဝင်၂၁ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ အာရှဘောလုံးအဖွဲ့ချုပ်AFCအကြီးတန်းဒုတိယဥက္ကဌဖြစ်သူမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်အနေဖြင့်လက်ရှိတွင် အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးရာကော်မတီဥက္ကဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ခုနှစ် အထိ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေကို အခု အောက်တိုဘာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၈) စင်းဝင်ရောက်ဆိုက်ကပ်သွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ် ။
#Local_News
Published 08 October 2025
#ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း #ကုန်သေတ္တာတင်ယာဉ်
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြိုနယ်များအလိုက် လူစည်ကားရာနေရာတွေမှာ “နိုင်ငံသားအခွင့်အရေးမဆုံးရှုးဖိုမဲပေးကြပါစို” ဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်တွေကို ယမန်နေ့က စိုက်ထူခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 08 October 2025
#ရွေးကောက်ပွဲ #ပါတီစုံဒီမိုကရေစီ
#YMG/SW #Yangon_Times
#Daily_News
Published 08 October 2025
၁။ ယခုလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၈) စင်းဝင်ရောက်ဆိုက်ကပ်မည်
၂။ ဘုရားဖူးများအဆင်ပြေစေရန် ကျိုက်ထီးရိုး၌ ကေဘယ်လ်ကားများ နေ့စဉ်ပြေးဆွဲပေးနေ
၃။ မြန်မာရွှေ့ပြောင်းလုပ်သားအများဆုံးရှိသည့် ကရာဘီတွင်CI ထုတ်ပေးရေး ရွှေ့လျားယူနစ်(၁)ခုဖွင့်လှစ်မည်
၄။ ထောက်လှမ်းရှာဖွေရေးနှင့်တိုက်ခိုက်ပျံသန်းစွမ်းရည်အဆင့်မြှင့်တင်ထားသည့် KJ-500Aလေယာဉ်အား စစ်ရေးပြပွဲ၌တရုတ်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 October 2025
▪️ မြန်မာနိုင်ငံတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် ယမာန် နေ့က ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများသို့ လှည့်လည်သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
▪️ အဆိုပါ ဖျော်ဖြေရေးအဖွဲ့တွင် ဘယ်လာရုစ် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladi-mir Sukolinsky ၊ အဆိုရှင်များဖြစ်ကြသည့် Ms. Nadezhda Bryleva နှင့် Ms. Anzhelika Zaitseva၊ မန်နေဂျာ Mr. Danila Kisiev တို့ လေးဦးပါဝင်ပြီး မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ မစ္စတာ အယ်လ်ဇန္ဒား၊ ရုရှားသံရုံးမှကိုယ်စားလှယ် Mr. Andrei Tretiakov နှင့် MRTV မှ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းက ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်၊ အင်ကြင်းကျောက်ပြတိုက်၊ ရွှံ့ညွန်တော၊ ဝါးပိုးဝါးပင်များ ထိန်းသိမ်းထားရှိမှု၊ လိပ်ပြာပြတိုက်၊ မြန်မာသစ်ခွ မျိုးရင်းပြကွက်များအား စိတ်ပါဝင်စားစွာဖြင့် အသေးစိတ်ကြည့်ရှုလေ့လာကြပြီး ပြင်ဦးလွင်မြို့တွင်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကြပြီး အမှတ်တရပစ္စည်းများ ဝယ်ယူအားပေးကြကြောင်းသိရသည်။
▪️ ထို့နောက် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ သွားရောက်ကြပြီး အပန်းဖြေစခန်းအတွင်းရှိ မှန်တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကာ ဆင်လိမ္မာသရုပ်ပြသမှုအား ကြည့်ရှုကြပြီး အပန်းဖြေစခန်းအတွင်း ဘာဂီယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။
▪️ ထိုသို့ သွားရောက်စဉ် မြန်မာတို့၏ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေလာရောက်နေကြသည့် ပြည်သူများနှင့်အတူ တွေ့ဆုံနှုတ်ဆက်ခြင်း၊ စုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ခြင်းများလည်း ဆောင်ရွက်ကြသည်။
▪️ အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး ယင်းနေ့ညပိုင်းက မန္တလေးမြို့တော်ခန်းမတွင်လည်းကောင်း၊ အောက်တိုဘာ ၆ ရက်ညက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဆက်လက်၍ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 October 2025
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ လာဘမုနိ တရုတ်ဘုံကျောင်း၌
ယာယီပြည်သူ့ဆေးရုံဖွင့်လှစ်၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေ ကြောင်းသိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် အောက်တိုဘာ ၅ ရက်မှစတင်၍ ယာယီဆေးရုံဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လူနာများ လက်ခံကုသပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံ တိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ ပြင်ပလူနာ ၁၆၅ ဦးနှင့် အတွင်းလူနာ ၄ ဦးကို လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
▪️ ထို့အပြင် ကျောက်မဲမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့်လည်း ပဏာမကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ အမြန်ဆုံပြန်လည်ဖွင့်လှစ်ပြီး ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးရှောက်ရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ပြန်လည်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published October 2025
▪️ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အထူးဗျူဟာမြောက် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ဆက်လက်မြှင့်တင်ဖို့အကြောင်းကို အင်္ဂါနေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြသလို ဒီဇင်ဘာလမှာ အိန္ဒိယသို့ ပူတင်လည်ပတ်ရေး ပြင်ဆင်တဲ့အကြောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
▪️ ဖုန်းပြောရာမှာ ပူတင်ရဲ့ ၇၃ နှစ်မြောက်မွေးနေ့မှာ ကျန်းမာချမ်းသာပြီး အောင်မြင်မှုများ ဆက်လက်ရရှိဖို့ မိုဒီက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
▪️ နှစ်ဖက်ခေါင်းဆောင်တွေက အိန္ဒိယနဲ့ ရုရှားကြား အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရန် လိုလားကြောင်းနဲ့ လာမယ့်ဒီဇင်ဘာအတွင်း အိန္ဒိယသို့ ရုရှားသမ္မတ လာရောက်လည်ပတ်ဖို့ ပြင်ဆင်ရေးတွေအကြောင်းလည်း ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတရုံးက ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံလမ်းစဉ်များ တိုးတက်ရေးအကြောင်း သုံးသပ်ခဲ့ကြပြီး ရုရှား-အိန္ဒိယဆက်ဆံရေး ပိုမိုနက်ရှိုင်းစေဖို့ ကတိကဝတ်များ ပြောဆိုခဲ့ကြပါတယ်။
▪️ ဝန်ကြီးချုပ်မိုဒီက ဒီဇင်ဘာမှာ ပြုလုပ်မယ့် ၂၃ ကြိမ်မြောက် ရုရှား-အိန္ဒိယ နှစ်ပတ်လည်အစည်းအဝေးမှာ အိန္ဒိယသို့လာရောက်မယ့် ရုရှားသမ္မတကို ကြိုဆိုဖို့မျှော်လင့်နေကြောင်း ပြောပါတယ်။
▪️ ဘုံသဘောတူညီချက်အပေါ် မူတည်ပြီး နှစ်နိုင်ငံ့ဆက်ဆံရေး တည်မြဲရေးအကြောင်းကို ပူတင်က အလေးပေးပြောခဲ့ပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း ပူတင်က မိုဒီရဲ့ ၇၅ နှစ်မြောက်မွေးနေ့အတွက် တယ်လီဂရမ်ကနေ ဂုဏ်ပြုဆုတောင်းပေးခဲ့ပါတယ်။
Source: ANI
#World_Health
Published 08 October 2025
▪️ ခါးနာခါးကိုက်ခြင်းက အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်သလို ပြုလုပ်တဲ့ အလေ့အထတွေကလည်း တိတ်တဆိတ် ပိုဆိုးရွားစေပါတယ်။
▪️ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာ အိုဘိုင်ဒါရာမန်က ခါးကိုက်ခြင်းသက်သာဖို့ရာ အဟန့်အတားဖြစ်စေတဲ့ အစားအစာနဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဖော်ပြထားပါတယ်။
▪️ အချို၊ သကြားများလွန်းခြင်း၊ ဆီကြော်နဲ့ အသင့်စားစားစရာများ၊ ပရိုတိန်းနည်းပါးခြင်း၊ အိပ်ရာပေါ်အနေများခြင်းတို့ကို အဓိကပြောထားပါတယ်။
▪️ သကြားနဲ့ အသင့်စားတွေက ကျောရိုးအဆစ်တွေအနားမှာ ရောင်ရမ်းစေကာ အာဟာရဓာတ်ချို့တဲ့ခြင်းဖြင့် ကျောရိုးပြန်လည်သက်သာခြင်းကို ထိခိုက်စေပါတယ်။
▪️ အနားယူချိန်များလွန်းရင် လှုပ်ရှားမှုနည်းတဲ့အတွက် အဆစ်တွေဆီ အာဟာရဓာတ်ရောက်ရှိမှု နည်းပါးစေပါတယ်။
▪️ သကြားစားလွန်းရင် ရောင်ရမ်းမော်လီကျူးတွေ ထုတ်လုပ်စေပြီး နာတာရှည်ကိုက်ခဲခြင်း၊ ခါးကိုက်ခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။
▪️ ဆီကြော်တွေ အသင့်စားမုန့်တွေက AGE လိုမျိုး အဆိပ်အတောက်တွေ ထွက်စေတာကြောင့် ရောင်ရမ်းခြင်းမြင့်မားစေပြီး ထိခိုက်ဒဏ်ရာတွေကနေ ပြန်လည်သက်သာမှုနှုန်းကို ထိခိုက်စေပါတယ်။
▪️ ပရိုတိန်းနည်းပါးရင်တော့ ကျောရိုးဆစ်တွေနဲ့ အနားတဝိုက်က အမိုင်နိုအက်ဆစ်အရွတ်တွေ ထိခိုက်စေကာ ခါးကိုက်ခြင်းဖြစ်နိုင်ခြေ များစေပြီး ပရိုတိန်းဖြည့်စွက်စားပေးခြင်းဖြင့် ကြွက်သားကျန်းမာရေး တိုးတက်စေပါတယ်။
▪️ အိပ်ရာပေါ် ကြာရှည်အနားယူတဲ့အခါ ကျောရိုးကြွက်သားတွေ အားနည်းစေပြီး အဆစ်ပြားတွေကြားဖိအားများစေပါတယ်။
▪️ မလှုပ်ရှားတာများတဲ့အခါ ကျောရိုးဆစ်တွေဆီ အာဟာရဓာတ်ရောက်ရှိမှု လျော့နည်းသွားပြီး ခါးကိုက်သက်သာမှုကို နှေးစေပါတယ်။
Source: Indian Express
Page 64 of 1856