ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)မှာ ပါဝင်တဲ့မြို့နယ်တွေထဲက ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅၄)ဦးမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ USDP မှအများဆုံးပါဝင်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 29 January 2026
#ရွေးကောက်ခံပြည်သူ့လွှတ်တော် #USDP
#YMG/NN #Yangon_Times
#Local_News
Published 29 January 2025
▪️ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသို့သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါညီလာခံ ကို ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဓိပတိဆရာတော်ကြီးများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံအသီးသီးရှိ ဗုဒ္ဓတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ပါဝင်ဆွေးနွေးကြပြီး “Collective Wisdom, United Voice and Mutual Coexistence”ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ပြီး ဒုတိယဝန်ကြီးသည် ယင်းနေ့မွန်းလွဲပိုင်းတွင် International Buddhist Confederation မှ Director General Mr. Mohijit Halder နှင့် တွေ့ဆုံကာ ဗုဒ္ဓတရားတော်လာလူမှုယဉ်ကျေးမှုဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
▪️ ဇန်နဝါရီ ၂၄ ရက်တွင် နယူးဒေလီမြို့ရှိ Bharat Mandapan အဆောက်အအုံ၌ ဒုတိယအကြိမ်မြောက် ဗုဒ္ဓညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဦးစွာ International Buddhist Confederation ၏ Secretary General ဖြစ်သူ ဆရာတော် Shri Gajendra Khensur Rinpoche Jangchup Choeden က ဦးဆောင်ပြီး ဆုတောင်းမေတ္တာပို့သ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထို့နောက် အိန္ဒိယနိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Shri Gajendra Singh Shekhawat က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
▪️ ယင်းနောက် ဂီတပညာရှင် Dr. Aditi Sharma Garg က အိန္ဒိယရိုးရာဗျပ်စောင်းကို တီးခတ်၍ ဓမ္မတေးဂီတဖြင့် ပူဇော်ခြင်း၊ အိန္ဒိယပါလီမန်ရေးရာနှင့် လူမျိုးစုရေးရာဝန်ကြီး H.E Mr. Shri Kiren Rijiju က အမှာစကားပြောကြားခြင်း၊ Ladakh ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
▪️ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို ကျင်းပရာ ဒုတိယဝန်ကြီးက “Collective Wisdom and United Voice for Social Harmony” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင်ပါဝင်ဆွေးနွေးသည်။
▪️ ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သူများကို IBC မှ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓညီလာခံအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ညီလာခံသို့တက်ရောက်လာသည့် ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံအသီးသီးမှ ကိုယ်စားပြုရဟန်းတော်များကိုလည်း ညီလာခံအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခဲ့သည်။
▪️ ပထမနေ့ ညီလာခံအပြီးတွင် ဒုတိယဝန်ကြီးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ညီလာခံအခမ်းအနား ခင်းကျင်းပြသမှုများကို ကြည့်ရှုအားပေးသည်။
▪️ ဇန်နဝါရီ ၂၅ ရက် ညီလာခံဒုတိယနေ့တွင် ဒုတိယဝန်ကြီးသည် စကားဝိုင်းများသို့ ဆက်လက်တက်ရောက်သည်။ အဆိုပါ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ပါဝင်ဆွေးနွေးကြသည့် ဗုဒ္ဓဘာသာဆိုင်ရာညီလာခံတစ်ရပ်ဖြစ်ပြီး ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားစေရေးအတွက် အရေးပါသည့်အခမ်းအနားတစ်ရပ်လည်းဖြစ်သည်။
▪️ ယင်းနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ နယူးဒေလီမြို့ Qila Rai Pithora Cultural Complex ရှိ မြတ်ဗုဒ္ဓ၏ မွန်မြတ်သော ဓာတ်တော် (Piprahwa Relics) အထူးပြပွဲသို့ သွားရောက်လေ့လာ ကြည်ညိုဖူးမြော်ကြရာ အိန္ဒိယနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနနှင့် Archaeological Survey of India (ASI) မှ တာဝန်ရှိသူများက လာရောက်ကြိုဆိုနှုတ်ဆက်ကာ လိုက်ပါရှင်းလင်းပြသကြပြီး အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
29 January 2026
1. Timeline and Scope
2. Voter Turnout and Participation
3. Elected Seats and Systems
The elections utilized both First-Past-the-Post (FPTP) and Proportional Representation (PR) systems for certain legislative bodies.
4. Observation and Media Coverage
The government stated the elections were held freely and fairly in the presence of domestic and international observers.
5. Security Challenges and Disruptions
The statement noted attempts by "terrorist and insurgent groups" to disrupt the elections using various violent methods, including drones, rockets, homemade weapons, and threats.
အာလူးစိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက် ရးအတွက် ဟဲဟိုးအာလူးအစုအဖွဲရဲ့ တန်(၂၀၀၀)ဆံ့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို ယခုလ၂၈ရက်က ကလောမြို့နယ် ညောင်ပင်ခါးရှည်ကျေးရွာမှာ ထပ်မံဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။
#Local_News
Published 29 January 2026
#အာလူး
#YMG/SW #Yangon_Times
#Daily_News
Published 29 January 2025
၁။ ရွှေတိဂုံစေတီတော်သို့ပြည်ပဘုရားဖူး ဧည့်သည်(၈)သောင်းခန့် လာရောက်ဖူးမျှော်
၂။ MSME ပွဲတော်တွင်လုပ်ငန်းရှင်များအတွက် လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ ဆောင်ရွက်နိုင်မည်
၃။ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင်USDP ပါတီမှအများဆုံးပါဝင်
၄။ အမေရိကန်တိုက်ခိုက်မှုအပြီး ဘရာဇီးလ်သို့ဗင်နီဇွဲလားထောင်နဲ့ချီရွှေ့ပြောင်းနေထိုင် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 29 January 2026
▪️ မြောက်ဦးဆရာတော်ကြီး၏ စစ်တွေမြို့ သာသနာပြုခရီးစဉ်တွင် အလှူရှင်များက လှူဒါန်းသော ဆန်နှင့်ပဲများကို စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ လိုအပ်ချက်ရှိသောပြည်သူများ အိမ်ထောင်စု(၅၀၀၀)တို့ကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မာဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား သွားရောက်ဖူးမြော်ပြီး ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွက် ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် မြောက်ဦးဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေး ခဲ့ကြပြီး မြောက်ဦး ဆရာတော်ကြီးမှ ဆက်လက်လှူဒါန်းမည့် ဆန်နှင့်ပဲများ ထုတ်ပိုးထားရှိမှုကို ကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
▪️ ထို့နောက် MV- Royal Venus သင်္ဘောဖြင့် ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၃၅၄၄ ဒသမ ၅ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေအိမ်သည်သင်္ဘောတွင် တည်ဆောက်ရေးသုံးငန်းများပစ္စည်းတန်ချိန် ၃၃၀၅ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာပြီး ကုန်တင်ကုန်ကျဆောင်ရွက်နေမှုကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၆၊ဇန်နဝါရီ ၂၉ ရက်-
◾️ရွေးကောက်ပွဲ ကျင်းပသည့် ရက်စွဲများနှင့် မြို့နယ်အရေအတွက်
✔️ အပိုင်း (၁)- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (မြို့နယ် ၁၀၂ မြို့နယ်)
✔️ အပိုင်း (၂)- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် (မြို့နယ် ၁၀၀ မြို့နယ်)
✔️ အပိုင်း (၃)- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (မြို့နယ် ၆၁ မြို့နယ်)
✔️ စုစုပေါင်း: မြို့နယ် ၂၆၃ မြို့နယ်
◾️ရွေးကောက်ခံ နေရာများနှင့် စနစ်များ
✔️ ပြည်သူ့လွှတ်တော်: ၂၆၃ နေရာ
✔️ အမျိုးသားလွှတ်တော်:
▪️FPTP (မဲအများဆုံးသူ အနိုင်ရစနစ်) - ၇၃ နေရာ
▪️PR (အချိုးကျ ကိုယ်စားပြုစနစ်) - ၂၆ နေရာ
✔️ တိုင်း/ပြည်နယ်လွှတ်တော်:
▪️FPTP - ၂၅၅ နေရာ
▪️PR - ၄၂ နေရာ
▪️ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် - ၂၉ နေရာ
◾️မဲပေးမှု စာရင်းဇယား
✔️ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း: ၂၄.၂၂ သန်းကျော်
✔️ အပိုင်း (၁) မဲပေးမှု: ၅၂.၁၃% (မဲပေးပိုင်ခွင့် ၁၁.၆၉ သန်းကျော်၊ လာရောက်မဲပေးသူ ၆.၀၉ သန်းကျော်)
✔️ အပိုင်း (၂) မဲပေးမှု: ၅၅.၉၅% (မဲပေးပိုင်ခွင့် ၇.၅၉ သန်းကျော်၊ လာရောက်မဲပေးသူ ၄.၂၄ သန်းကျော်)
✔️ အပိုင်း (၃) မဲပေးမှု: ၅၆.၄၈% (မဲပေးပိုင်ခွင့် ၄.၉၄ သန်းကျော်၊ လာရောက်မဲပေးသူ ၂.၇၉ သန်းကျော်)
✔️ စုစုပေါင်း မဲပေးမှု ရာခိုင်နှုန်း: ၅၄% ကျော် (၅၅% ခန့်)
◾️စောင့်ကြည့်လေ့လာသူများနှင့် မီဒီယာ
✔️ နိုင်ငံတကာ လေ့လာသူများ- ရုရှား၊ ဘီလာရုစ်၊ တရုတ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ နီကာရာဂွာ၊ နီပေါ၊ အင်ဒိုနီးရှား၊ Japan-Myanmar Association နှင့် ICAPP အဖွဲ့တို့ ပါဝင်။
✔️ သံတမန်များ: ရန်ကုန်အခြေစိုက် သံရုံး ၁၄ ရုံးမှ ကိုယ်စားလှယ် ၁၃၃ ဦး။
✔️ မီဒီယာ:
နိုင်ငံတကာ မီဒီယာအဖွဲ့
▪️အပိုင်း၁- အဖွဲ့၆ဖွဲ့မှ သတင်းထောက်၂၁၅ ဦး၊ အပိုင်း၂- အဖွဲ့၃၅ဖွဲ့မှ သတင်းထောက်၁၀၁ ဦး၊ အပိုင်း၃- အဖွဲ့၄၁ဖွဲ့မှ သတင်းထောက် ၁၃၅ ဦး
ပြည်တွင်းမီဒီယာ
▪️၅၂ ဖွဲ့မှ သတင်းထောက် ၁၁၇၇ ဦး။
◾️ရွေးကောက်ပွဲနှောက်ယှက်ဖျက်ဆီးမှုများ
✔️ နှောင့်ယှက်ခံရမှု- စုစုပေါင်း ၃၄ မြို့နယ် (အပိုင်း ၁ တွင် ၁၃ မြို့နယ်၊ အပိုင်း ၂ တွင် ၁၀ မြို့နယ်၊ အပိုင်း ၃ တွင် ၁၁ မြို့နယ်)။
✔️ ထိခိုက်သေဆုံးမှု: နိုင်ငံ့ဝန်ထမ်း ၂ ဦး သေဆုံး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၇ ဦး ဒဏ်ရာရ။
✔️ကျူးလွန်သည့်ပုံစံများ-ဒရုန်း၊ ရှော့တိုက်ဒုံး၊မိုင်း၊ခြိမ်းခြောက်စာ၊သတင်းတုဖြန့်ဝေခြင်း
သတင်းအရင်းအမြစ်- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့
#World_News
Published 29 January 2026
■ အိန္ဒိယမှာ နီပါဗိုင်းရပ်စ် နှစ်ယောက်တွေ့ရှိသဖြင့် ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ မလေးရှားတို့မှ အာဏာပိုင်တွေဟာ လေဆိပ်မှာ စစ်ဆေးမှုတွေ တိုးမြှင့်ပြုလုပ်ပြီး ရောဂါမပျံ့ပွားအောင် ကြိုးပမ်းနေပါတယ်။
■ ဒီဗိုင်းရပ်စ်ကို အသီးစားလင်းနို့တွေနဲ့ ဝက်တို့လို သတ္တဝါတွေ သယ်ဆောင်ထားပြီး ရောဂါကူးစက်ခံရကာ ဖျားနာခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ကာ အသက်ဆုံးပါးနိုင်ခြေ ၄၀ မှ ၇၅ ရာခိုင်နှုန်းကြား ရှိပါတယ်။
■ လူလူချင်း ကူးစက်နိုင်ပေမယ့် ကူးစက်ဖို့မလွယ်ကူဘဲ ရောဂါရှိသူနဲ့ ကြာရှည်ထိတွေ့မှသာ ကူးစက်နိုင်ပါတယ်။
■ များသောအားဖြင့် ရောဂါရှိတဲ့လင်းနို့တွေနဲ့ စားထားတဲ့အသီးတွေထံမှ လူသားတွေဆီ ကူးစက်တာ ဖြစ်ပါတယ်။
■ လူအများကြားမှာ ကူးစက်နိုင်ခြေကတော့ နည်းပါးနေသေးပြီး ကာကွယ်ဆေးအများအပြား ထုတ်လုပ်နေပေမယ့် စမ်းသပ်နေဆဲဖြစ်တယ်လို့ ဗြိတိန် အက်ဆပ်စ်တက္ကသိုလ်မှ မော်လီကျူးဗိုင်းရပ်စ်ပညာ ပို့ချသူ အက်ဖ်စတာသီယော့စ်ဂျီယိုတစ်က ပြောပါတယ်။
■ အိန္ဒိယအနောက်ဘင်္ဂလားမှာ ဒီဇင်ဘာနှောင်းပိုင်းက ကူးစက်ခံရသူနှစ်ဦးဟာ ကျန်းမာရေးလုပ်သားတွေဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။
■ အိန္ဒိယအာဏာပိုင်တွေက ရောဂါကူးစက်သူတွေနဲ့ ထိတွေ့ထားတဲ့ ၁၉၆ ယောက်ကို လိုက်လံစစ်ဆေးနေပြီး အားလုံးက ဗိုင်းရပ်စ်မရှိပါဘူး။
■ စင်္ကာပူ၊ ဟောင်ကောင်တို့မှာ အပူချိန်တိုင်းတာခြင်းလိုမျိုးတွေ ပြုလုပ်နေပြီး ထိုင်းနိုင်ငံမှာ ကျန်းမာရေးသတိပေးကြေညာချက် ထုတ်ပြန်ထားသလို မလေးရှားနဲ့ နီပေါတို့မှာ နယ်စပ်ကျန်းမာရေး အတိုင်းအတာတွေ တိုးမြှင့်ထားပါတယ်။
■ နီပါဗိုင်းရပ်စ်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ပျံ့ပွားနေပြီး လက်ရှိမှာ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ တရားဝင် မရရှိသေးပါဘူး။
Source: Reuters.
#World_Health
Published 29 January 2026
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေနဲ့ အသင့်စား စားစရာတွေမှာ အသုံးများတဲ့ အချို့သော တာရှည်ခံဆေးတွေ များများစားမိပါက ကင်ဆာနဲ့ ဆီးချိုရောဂါတို့ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေကြောင်း လေ့လာချက်ကြီး ၂ ခုမှာ တွေ့ရှိထားပါတယ်။
■ ၂၀၀၉ နဲ့ ၂၀၂၃ အတွင်း လူပေါင်းတစ်သိန်းကျော်ရဲ့ အချက်အလက်တွေကနေ သုတေသနပြုလုပ်ခဲ့ကြပါတယ်။
■ ကမ္ဘာတဝှမ်းမှာ ထုပ်ပိုးစားစရာဈေးကွက် ကျယ်ပြန့်လာတာကြောင့် ဒီတွေ့ရှိချက်က အရေးကြီးနေပါတယ်။
■ အဆင့်ဆင့်ထုပ်ပိုးတဲ့ စားစရာတွေဟာ စက်ရုံထုတ်တွေဖြစ်ပြီး ဆား၊ သကြား၊ ဆိုးကျိုးအဆီတွေ ပါဝင်မှုမြင့်မားပြီး မရှိမဖြစ်အာဟာရဓာတ်တွေတော့ နည်းပါးပါတယ်။
■ ဒီတာရှည်ခံဆေးတွေက ကင်ဆာ၊ ဆီးချိုတို့နဲ့ ဆက်စပ်နေလားဆိုတာကို အဓိကထား လေ့လာခဲ့ကြပါတယ်။
■ အိန္ဒိယမှာရောင်းတဲ့ ထုပ်ပိုးစားစရာတွေထဲမှာ တွေ့ရတဲ့ ပိုတက်ဆီယံ၊ ဆော်ဘိတ်၊ ဆိုဒီယံနိုက်ထရိုက်၊ အက်ဆီတစ်အက်ဆစ်တို့ အပါအဝင် အသုံးများတဲ့ တာရှည်ခံဆေး ၁၇ မျိုးကို သုတေသီတွေ လေ့လာခဲ့ကြပါတယ်။
■ တာရှည်ခံဆေးမျိုးစုံကို အများအပြားစားမိတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်းနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
■ ပိုတက်ဆီယံဆော်ဘိတ်က ကင်ဆာမျိုးစုံဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း၊ ဆာလ်ဖိုက်တွေက ကင်ဆာမျိုးစုံ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း မြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ အိန္ဒိယကျန်းမာရေး ပညာရှင်တွေက စားသောက်ကုန်ကွပ်ကဲမှု ပိုမိုတင်းကြပ်ဖို့၊ လတ်ဆတ်တဲ့ စားစရာတွေ စားသုံးကြဖို့ တိုက်တွန်းနေပါတယ်။
Source: India Today
#World_Health
Published 29 January 2026
■ အစားအစာက အသက်ရှင်နေထိုင်ဖို့ လောင်စာအဖြစ် လုပ်ဆောင်ပေးပြီး ကယ်လိုရီတွေ၊ အရသာတွေ၊ ဝိတ်တက်ခြင်းတို့အပြင် ခန္ဓာကိုယ်ထဲမှာ များစွာသက်ရောက်စေပါတယ်။
■ ထိန်းသိမ်းစားသောက်တဲ့ပုံစံက ရေရှည်အတွက်ဆိုပေမယ့် တကယ်တမ်း ထင်ထားတာထက် များစွာစောပြီး စတင်နေနိုင်ပါတယ်။
■ ဒါတွေနဲ့ ပတ်သက်ပြီး အာဟာရပညာရှင် ပူဂျာမာခီဂျာက အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
■ မစ္စမာခီဂျာပြောကြားချက်အရ စားသောက်တယ်ဆိုတာဟာ ခန္ဓာကိုယ်ကို အစာကျွေးရုံမက ညွှန်ကြားအချက်ပြတဲ့ နည်းလမ်းလည်း ဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ဟော်မုန်းနဲ့ ဦးနှောက်ဓာတု ပြောင်းလဲခြင်း၊ ရောင်ရမ်းဖြစ်စဉ် အလုပ်လုပ်ခြင်းစတာတွေ ဖြစ်စေတယ်လို့ ရှင်းပြပါတယ်။
■ တစ်ခါလောက်စားခြင်းက အချက်ပြတဲ့သဘောသာဖြစ်ပြီး အထပ်ထပ်အခါခါ ဒါကိုပဲစားရင်တော့ ပရိုဂရမ်ထည့်သွင်းသလို ဖြစ်ကာ နေ့စဉ် တူညီတဲ့အချက်ပြမှုတွေ ဖြစ်လာတဲ့အခါ ရေရှည်ပရိုဂရမ်ဖြစ်လာပြီး ပုံမှန်ရောင်ရမ်းလာခြင်း၊ ဟော်မုန်းတွေ မညီမျှတော့ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်းတို့ ဖြစ်လာစေပါတယ်။
■ လူတွေထင်ထားတာက ကျန်းမာရေးဆိုတာ ဆယ်စုနှစ်တွေကြာအောင် အချိန်ယူရပေမယ့် ယခုဇီဝဖြစ်စဉ်အရတော့ ကွဲပြားနေပါတယ်။
■ စားပြီးလို့ မိနစ်ပိုင်း နာရီပိုင်းအတွင်း ခန္ဓာကိုယ်ထဲ ဘာတွေပြောင်းလဲစေသလဲဆိုရင် အင်ဆူလင်နဲ့ ကော်တီဆောအချက်ပြပေးပို့ခြင်း၊ ဆယ်ရိုတိုနင် ဒိုပါမင်းတို့လို အာရုံကြောထုတ်လွှတ်ပစ္စည်းတွေ၊ ရောင်ရမ်းနဲ့ဆိုင်တဲ့ မျိုးဗီဇဖြစ်စဉ်၊ ကိုယ်ခံအားဆဲလ်ပြုမူပုံတို့ ဖြစ်ပါတယ်။
■ တစ်ခါတည်းစားရုံနဲ့တော့ ဘာမှမဟုတ်ပေမယ့် အထပ်ထပ်အခါခါ ဒါကိုပဲစားရင်တော့ ခန္ဓာကိုယ်က ကျင့်သားရသွားတယ်လို့ ရှင်းပြထားပါတယ်။
■ ဒါကြောင့် နောက်တစ်ခါစားမယ့် စားစရာပုံစံကစပြီး ပြောင်းလဲခြင်းဖြင့် ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Source: NDTV
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘက်စုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတိုးမြှင့်လုပ်ဆောင်သွားချင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း Guo Jiakun က တနင်္လာနေ့ ပေကျင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
#World_News
Published 28 January 2026
#ပေကျင်း #တရုတ်နိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားသည့်ဒေသများသို့မလိုအပ်ဘဲခရီးမသွားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။
#Local_News
Published 28 January 2026
#နီပါးရ်ဗိုင်းရပ်စ်ရောဂါ
#YMG/NN #Yangon_Times
Page 64 of 1950