ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေ၊ ရွာငံ၊ ပင်းတယနဲ့ ပင်လောင်းမြိုနယ်တွေက၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွါးခဲ့တဲ့ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ယာယီတဲတွေ ထောက်ပံ့ခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှသိရပါတယ်။
#Local_News
Published 27 January 2026
#ရှမ်းပြည်နယ် #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
သီရိမဂ်လာကမ္ဘာအေးစေတီတော်မှာ(၇၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် နဲ့ ထမနဲထိုးပွဲကိုစတင်ကျင်းပနေတယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 27 January 2026
#ကမ္ဘာအေးစေတီတော် #ထမနဲထိုးပွဲ
#YMG/NN #Yangon_Times
#Local_News
Published 27 January 2026
■ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၀၀ ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၀ ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
■ အဆိုပါမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယခုလ၂၆ရက်က နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
■ အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်လေးခုကို လည်းကောင်း၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၆ ခုတို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၉၁၁ သန်းနှင့် ငွေကျပ် ၂၁၂၀၄၃၆ ဒသမ ၆၅၂ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၈၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
■ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်း များတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ အိမ်ရာအဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးဝန်ဆောင် မှုလုပ်ငန်းများအပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်ကြောင်း သိရသည်။
■ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု၏ ၂၈ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၆ ခုနှစ် အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆုကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ကရရှိခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 27 January 2026
# ကလောမြို့ #ရှမ်းပြည်နယ်
#YMG/SW #Yangon_Times
#Daily_News
Published 27 January 2025
၁။ မွန်အမျိုးသားနေ့အခမ်းအနားအမျိုးသားဇာတ်ရုံတွင်ကျင်းပမည်
၂။ ရှမ်း/တောင် မြို့နယ်များတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက် ယာယီတဲများထောက်ပံ့ကူညီ
၃။ ကမ္ဘာအေးစေတီတော်၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့်ထမနဲထိုးပွဲများ ကျင်းပနေ
၄။ ဆူဒန်နိုင်ငံအတွင်းပဋိပက္ခများကြောင့် ရွှေလုပ်ငန်းကဏ္ဍဆုတ်ယုတ် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 January 2025
■ ဆေးသုတေသနလုပ်ငန်းများအတွက် ကျပ်တစ်ဘီလျံခွဲ (ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလျံ) ခွင့်ပြုပေးခဲ့ ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက် တွင်ကျင်းပသည့် “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
■ ယင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆေးသုတေသနဦးစီးဌာန အပြင် အခြားဦးစီး ဌာနများ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
■ “ယခုအချိန်မှာ အဖြစ်များပြီး ထပ်မံဦးမော့လာနိုင်တဲ့ မကူး စက်တတ်သော ရောဂါများဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ် ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး “မြန်မာနိုင်ငံရှိမကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွားနိုင်ခြေကို လေ့လာခြင်း သုတေသန (၂၀၂၄)” ကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့သိရပါတယ်။
■ သုတေသန တွေ့ရှိချက် တွေအရ မကူးစက်တတ်သော ရောဂါဖြစ်ပွားမှု မြင့်မားလာခြင်းကို ကာကွယ်တားဆီးခြင်း လုပ်ငန်းတွေနဲ့အတူ ပြည်သူလူထုအတွင်း အာဟာရမျှတစွာစားသုံးတဲ့ အလေ့အထတွေ ရရှိနိုင်ဖို့အတွက်ပံ့ပိုးကူညီပေးရမှာလည်းဖြစ်ပါတယ်။
■ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသန ဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ခွင့်ပြုပေးခဲ့ ပါတယ်”ဟု ယာယီသမ္မတ ကပြောသည်။
■ ယာယီသမ္မတ က ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတကာ နှင့် ရင်ပေါင် တန်းနိုင်မည့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်းဆုံး တွန်းအားပေးသော သုတေသန ကောင်းများကို သုတေသီများက စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
■ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေး ဆိုင်ရာ ပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မား လာစေရန်” နှင့် “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်”စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၆၅ ခုနှစ်က စတင်ကျင်းပလာခဲ့ရာ ယခုအခါ (၅၄) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times
#World_Science
Published 27 January 2026
■ ဆရာဝန်တွေက လူသားခန္ဓာကိုယ်အကြောင်း သိလိုတဲ့အတွက် MRI ဓာတ်မှန်စက်တစ်ခုထဲမှာ လိင်ဆက်ဆံခဲ့တဲ့အကြောင်းကို အမျိုးသမီးတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။
■ ၁၉၉၁ တုန်းက အီဒါဆာဘယ်လစ်နဲ့ ချစ်သူ ဂျက်ပ်တို့ဟာ သုတေသနလုပ်ငန်းအတွက် ကမ္ဘာ့အစောဆုံး MRI စက်တစ်ခုထဲမှာ လိင်ဆက်ဆံဖို့ သဘောတူညီခဲ့ကြပါတယ်။
■ နယ်သာလန်သိပ္ပံပညာရှင် မန်ကိုဗစ်တာပက်ဗန်အန်ဒယ်က လိင်ဆက်ဆံစဉ် ခန္ဓာကိုယ်တွင်းမှာ ဘာဖြစ်လဲဆိုတာကို သိချင်တဲ့အတွက် စမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
■ ရလာတဲ့ဓာတ်မှန်တွေအကြောင်းကို ဗြိတိသျှဆေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး လစဉ် လူထောင်နဲ့ချီ ဖတ်ရှုနေဆဲဖြစ်ပါတယ်။
■ နောက်ထပ် ဆယ်စုနှစ် ၃ ခုကြာတဲ့အချိန် အီဒါက ဒီလောက်အထိ ရေရှည်သက်ရောက်မှုရှိနေမယ်ဆိုတာ မသိခဲ့ဘူးလို့ ဝန်ခံပါတယ်။
■ လိင်ဆက်ဆံတဲ့ ပုံစံကို ထိန်းထားဖို့ ထိန်းချုပ်ခန်းကနေ ညွှန်ကြားခဲ့ပြီး ထိုအချိန်က အူကြောင်ကြောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
■ ယခု အမ်စတာဒမ် ဗရစ်ဂျ်တက္ကသိုလ်မှ မနုဿဗေဒပရော်ဖက်ဆာ ဖြစ်နေတဲ့ အီဒါက ထိုစဉ်က စစချင်းမှာ အမျိုးသားက အပေါ်ကနေတဲ့ပုံစံမျိုးဖြင့် ဓာတ်မှန်ရိုက်ကူးဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
■ ဒါပေမဲ့ နေရာက ကျဉ်းတာကြောင့် စိတ်ကူးယဉ်အချစ် မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
■ အီဒါဟာ အခုအထိ ဂျက်ပ်နဲ့အတူ ရှိနေပြီး အမျိုးသမီးများ အခွင့်အရေးနဲ့ အမျိုးသမီးခန္ဓာကိုယ်အကြောင်း ပိုမိုသိလိုတာကြောင့် ပါဝင်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
■ အဓိကတွေ့ရှိချက်တွေက အမျိုးသမီးအင်္ဂါထဲမှာက ဖြောင့်တန်းနေတာမဟုတ်ဘဲ အမျိုးသားလိင်တံက အမျိုးသမီးအင်္ဂါထဲ ကောက်ကွေးသွားတဲ့အတိုင်း လိုက်ပြီးညွတ်သွားပါတယ်။
■ အမျိုးသမီးအင်္ဂါထဲကအတိုင်း ကွေးသွားပေမယ့် အမျိုးသားတွေမှာ နာကျင်ခြင်း မဖြစ်စေပါဘူး။
■ ဒီနောက်မှာတော့ နောက်ထပ်လူတွေနဲ့ စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပြီး ထိုစမ်းသပ်ချက်တွေကတော့ အမျိုးသားက အပေါ်ကနေတဲ့ပုံစံ ပြုလုပ်ခဲ့ကြပါတယ်။
Source: DailyStar.
#World_Health
Published 27 January 2026
■ ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်တွေက လျင်မြန်စွာ ပျံ့နှံ့နေသလို အဆက်မပြတ် ဆင့်ကဲပြောင်းနေပါတယ်။
■ ဒါကြောင့် ၂၀၂၆ ခုနှစ်မှာ မထင်မှတ်ထားတဲ့ ကူးစက်မှုတွေ ဖြစ်လာနိုင်တဲ့ ဗိုင်းရပ်စ်အချို့ကို ဖော်ပြသွားပါမယ်။
■ (၁) Influenza A
တုပ်ကွေးရောဂါက တိရိစ္ဆာန်အမျိုးမျိုးမှာ ကူးစက်နိုင်ပြီး ဆင့်ကဲပြောင်းလဲနိုင်စွမ်း မြင့်မားပါတယ်။
■ ၂၀၀၉ ခုနှစ်က H1N1 ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်း ၂၈၀,၀၀၀ ကျော် သေဆုံးခဲ့သလို ယခုလက်ရှိ အမေရိကန်မှ ကျွဲနွားတွေမှာ H5N1 တုပ်ကွေး တွေ့ရှိထားပါတယ်။
■ သိပ္ပံပညာရှင်တွေက လူသားချင်းကူးစက်မှုတွေကို စောင့်ကြည့်နေကာ ကာကွယ်ဆေးလည်း ထုတ်လုပ်နေပါတယ်။
■ (၂) Mpox
မျောက်ကျောက်ရောဂါကို ၁၉၅၀ ဝန်းကျင်မှာ စတင်တွေ့ရှိခဲ့ကာ ရှဉ့်ကြွက်မျိုးနွယ်တွေမှာ အဓိကကူးစက်တာဖြစ်ပေမယ့် လူသားတွေဆီလည်း ကူးလာတတ်ပါတယ်။
■ ဖျားနာခြင်း၊ နာကျင်ရတဲ့ နီမြန်းဖုတွေ ဖြစ်တတ်ကာ ကာကွယ်ဆေးရှိပေမယ့် ထိရောက်တဲ့ ကုသမှုမရှိပါဘူး။
■ ၂၀၂၄ နောက်ပိုင်း အာဖရိကအလယ်ပိုင်းမှာ ပြန်ဖြစ်လာပြီး ၂၀၂၆ မှာ ဘယ်လိုဆင့်ကဲပြောင်းလဲလာမလဲ မသိသေးပါဘူး။
■ (၃) Oropouche ဗိုင်းရပ်စ်
၁၉၅၀ ဝန်းကျင်မှာ တောင်အမေရိကန်ကမ်းရိုးတန်း ထရီနီဒက်ကျွန်းမှာ စတင်တွေ့ရှိခဲ့ကာ ခြင်နဲ့ မှက်တို့က သယ်ဆောင်ကြပါတယ်။
■ ရက်အနည်းငယ်လောက် ဖျားနာ ခေါင်းကိုက်ခြင်း ကြွက်သားနာခြင်းတို့ ခံစားရတတ်ပါတယ်။
■ သူ့အတွက် ကာကွယ်ဆေးနဲ့ ကုသဆေး သတ်သတ်မှတ်မှတ် မရှိဘဲ အမေဇုန်ဒေသမှာသာ ဖြစ်ခဲ့တယ်လို့ ထင်မှတ်ထားပေမယ့် နောက်ပိုင်းမှာတော့ အခြားနေရာတွေပါ တွေ့ရှိလာပါတယ်။
■ ၂၀၂၆ မှာ အမေရိကားဘက် ခရီးသွားလာတဲ့သူတွေမှာ ကူးစက်လာနိုင်ခြေ များပါတယ်။
■ ကူးစက်နိုင်ခြေများတဲ့ အခြားဗိုင်းရပ်စ်တွေဆိုရင် ဆင်တုပ်ကွေး၊ ဝက်သက်၊ HIV တို့ ရှိနေပါတယ်။
Source: Independent
တရုတ်အနောက်မြောက်ပိုင်း နင်ရှာဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် ယင်ချွမ် ကျင်ဖန်ခရိုင်ရှိ ယွိဟိုင်ဥယျာဉ်ပန်းခြံရဲ့ အေးခဲနေတဲ့နေရာမှာ ရေခဲနဂါးလှေပြိုင်ပွဲကို စနေနေ့ကကျင်းပခဲ့ပြီး တရုတ်ပြည်မှယှဉ်ပြိုင်သူ ၈၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။
#Asia_Event
Published 26 January 2026
#ရေခဲနဂါးလှေပြိုင်ပွဲ #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 January 2026
▪️ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးအတည်ပြုချက်များအရ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသော အလှကုန်ပစ္စည်းနှစ်မျိုးကို သုံးစွဲရန်မသင့်ကြောင်း အများပြည်သူအားယနေ့ အသိပေးကြေညာထားသည်။
▪️ အဆိုပါ အလှကုန်ပစ္စည်းများတွင် ခွင့်ပြုချက်မရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေခြင်း၊ ထုတ်လုပ်မှုနှင့် တင်သွင်းမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်းတို့ကြောင့် အသားအရေယားယံခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားရောဂါများ ဖြစ်ပွားစေနိုင်ပြီး ခေါင်းကိုက်ခြင်း၊စိတ်ကျေရာဂါအပါအဝင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ရောဂါနှင့်အခြား ရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် အများပြည်သူများအနေဖြင့် အဆိုပါ အလှကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန်နှင့် မှတ်ပုံတင်နံပါတ်များကို စစ်ဆေးပြီးမှသာ သုံးစွဲကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတိုက်တွန်းအသိပေးထားသည်။
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်တွေအတွက် ရထားလက်မှတ်တွေကို အွန်လိုင်းကနေဝယ်ယူနိုင်ဖို့ Pilot Project အဖြစ်လာမယ့် ဖေဖော်ဝါရီလမှာစတင်တော့မယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
#Local_News
Published 26 January 2026
#Pilot_Project #ရထားလက်မှတ်
#YMG/NN #Yangon_Times
ယခုရက်သတ္တပတ်အတွင်း ပြည်ပပို့ကုန်တစ်မျိုးဖြစ်တဲ့ မတ်ပဲများပြည်ပပို့ကုန်ဈေးရော ပြည်တွင်းဖြန့်ဖြူးဈေးပါမြင့်တက်လာတယ်လို့ ပဲကုန်သည်များထံမှ သိရပါတယ်။
#Local_News
Published 26 January 2026
#မတ်ပဲ #ပဲ
#YMG/SW #Yangon_Times
Page 66 of 1950