#Local_News
Published 23 December 2025
#ရုက္ခဗေဒဥယျာဉ် #ပြင်ဦးလွင်
#YMG/NN #Yangon_Times
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံလယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပတဲ့ လယ်ယာသုံးစက်ကိရိယာပြပွဲကို ယခုလ(၂၂)ရက်မှ(၂၄)ရက်အထိ ကျင်းပလျှက်ရှိပါတယ်။
#Local_News
Published 23 December 2025
#စက်ကိရိယာပြပွဲ
#YMG/SW #Yangon_Times
ရန်ကုန် - ပဲခူး ပြေးဆွဲနေတဲ့ Diesel Electric Multiple Units DEMUs ( DEMU ) ရထားခရီးစဉ်ပြေးဆွဲမှုတွေကို ဒီဇင်ဘာ ၂၂ရက်နေ့က စတင်ပြီး ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
#Local_News
Published 23 December 2025
#DEMU #ရန်ကုန်_ပဲခူး
#YMG/NN #Yangon_Times
#Daily_News
Published 23 December 2025
၁။ ရန်ကုန်-ပဲခူး DEMU ရထားများ ပြေးဆွဲမှုရပ်ဆိုင်း
၂။ စက်ကိရိယာအမျိုးပေါင်း ၃၀၀ ကျော်ပြသသည့်လယ်ယာသုံးစက်ကိရိယာပြပွဲကျင်းပနေ
၃။ ရုက္ခဗေဒဥယျာဉ်သို့ တစ်ရက်လျှင်ပြည်တွင်း၊ပြည်ပခရီးသွား လေးသောင်းခန့် လာရောက်လည်ပတ်
၄။ နီကယ်၊ကိုဘော့၊ဘစ္စမက်တိုပါဝင်ဖွဲစည်းထားသောသတ္တုအသစ်တစ်မျိုးအား တရုတ်တောင်ပိုင်း၌တူးဖော်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာရွှေဈေးလည်း ဆက်တိုက်မြင့်တက်လျှက်ရှိရာမှာ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်း ကျပ်၁၄၀၀၀၀မြင့်တက်ခဲ့ပြီး တစ်ကျပ်သား ကျပ်(၉၃)သိန်းခန့်သို့ရောက်ရှိလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 23 December 2025
#ကမ္ဘာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
#Local_News
Published 23 December 2025
▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့တွင် ပြည်သူ့အငှားအိမ်ရာတစ်လုံးတည်ဆောက်လျှက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
▪️ အဆိုပါ RC(၄)ခန်းတွဲ(၄)ထပ်ဆောင် ပြည်သူ့အငှားအိမ်ရာတည်ဆောက်လျှက်ရှိသည့်တောင်ကြီးမြို့၊ ထီဖောင်ကျေးရွာသို့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကသွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် RC(၄)ခန်းတွဲ(၄)ထပ်ဆောင်ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကာ တင်ပြချက်အပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစနစ်တကျ ဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 December 2025
■ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရသည်။
■ ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ ပူးပေါင်း၍ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာ အမှတ် ၁၂၀/၂၀၂၅ ဖြင့် “AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပြီး Legal Assistant AI Model ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာအချက်အလက်များ ထည့်သွင်းပြီးစီးမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
■ အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
■ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာနှင့် စီမံကိန်း အဖွဲ့ဝင်တို့က AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်ရန် data collection ပြုလုပ်ခြင်းနှင့်ရရှိပြီးသည့် data များကို Legal Assistant AI Model အတွင်း ထည့်သွင်းလေ့ကျင့် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
■ ထို့နောက် တက်ရောက်လာကြသူများက AI နည်းပညာကို ဥပဒေအသိပညာနှင့် ချိတ်ဆက်၍ ကျယ်ပြန့်စွာ အသုံးချခြင်းဖြင့် ပြည်သူများအား ဥပဒေဗဟုသုတအသိပညာများကို ဖြန့်ဖြူးနိုင်ရေး၊ Legal Assistant AI Model ပိုမိုကောင်းမွန်စေရန် ထပ်မံထည့်သွင်းလေ့ကျင့်ရမည့် ဥပဒေများအတွက် Data စုဆောင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 December 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်လူနေအိမ်မီးလောင်မှု တစ်ခု ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ၂၃ရက်နေ့၊ ယနေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၇၃ x ၇၄ လမ်းကြား ၃၅ လမ်း မောရဂီဝရပ်ကွက်တွင် ပျဉ်ထောင်နှစ်ထပ်နံကပ် လူနေအိမ်မီးလောင်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ် မီးသတ်ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး မနက် ၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 23 December 2025
■ နှစ်ပေါင်း ၁၂,၀၀၀ နီးပါးအကြာမှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမီးတောင်ကြောင့် ကမ္ဘာကြီးဟာ ဒီလိုသဘာဝဘေးအန္တရာယ်ကြီးအတွက် အဆင်သင့် ဖြစ်မနေသေးတဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်လာပါတယ်။
■ ဆစ္စလီမှ အက်နာတောင်၊ အမေရိကန်မှ ယဲလိုးစတုန်းတို့လို လှုပ်ရှားမီးတောင်တွေဟာ နောက်ထပ် မီးတောင်ကပ်ဘေး ဖြစ်လာလိမ့်မယ်လို့ မိုက်ခ်ကက်ဆီဒီက ဖော်ပြထားပါတယ်။
■ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမြောက်ပိုင်းမှ ဟေလီဂက်ဘီမီးတောင်ဟာ နောက်ဆုံးရေခဲခေတ်နောက်ပိုင်း ပထမဆုံးဥပမာပေးရမယ့် ဖြစ်ရပ်ပါ။
■ ပြာမှုန်တွေက အမြင့်ပေ ၄ သောင်းခွဲအထိ မြင့်တက်သွားကာ အိန္ဒိယမြောက်ပိုင်းသို့ ရွေ့သွားပါတယ်။
■ နောက်တစ်ခုက မက္ကဆီကိုမီးတောင် အယ်ချီချွန်ဖြစ်ပြီး ရာစုနှစ်တွေတိုင်အောင် ငြိမ်သက်နေခဲ့ရာကနေ ၁၉၈၂ ခုနှစ်မှာ ပေါက်ကွဲခဲ့ကာ ကျောက်ရည်ပူတွေ၊ ပြာမှုန်တွေက အပျက်အစီးများစေပြီး လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
■ ရာသီဥတုပြောင်းလဲမှုကြီးလည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့မြောက်ဘက်ခြမ်း အေးမြသွားကာ အာဖရိကကတော့ မိုးခေါင်ရေရှားသွားပါတယ်။
■ ကမ္ဘာပေါ်က လှုပ်ရှားမီးတောင်တွေရဲ့ တဝက်အောက်ကိုသာ စောင့်ကြည့်နေကြပြီး လူသိများတဲ့တောင်တွေကိုပဲ ဦးစားပေးသလို ဖြစ်နေတယ်လို့ ကက်ဆီဒီက ဆိုပါတယ်။
■ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗန်နျူတူတို့က မီးတောင် ၁၆၀ ကျော်အားလုံးထက် အက်နာမီးတောင်တစ်ခုတည်းကို လေ့လာချက်တွေ ပိုပြီးပြုလုပ်နေကြပါတယ်။
■ မီးတောင်ပေါက်ကွဲမှုကြီးတွေရဲ့ ၄ ပုံ ၃ ပုံလောက်ဟာ အနည်းဆုံး နှစ် ၁၀၀ အတွင်း ငြိမ်သက်နေတဲ့ မီးတောင်တွေဖြစ်ပြီး မီးတောင်ခန့်မှန်းမှုတွေကို စောင့်ကြည့်တဲ့စနစ်တွေက လိုအပ်ချက်ရှိနေတယ်လို့ သတိပေးသွားပါတယ်။
Source: WION
#World_News
Published 23 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Trump class အမျိုးအစား စစ်သင်္ဘောသစ် အစီအစဉ်တွေကို တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
■ ဒါဟာ ရေတပ်ဖွဲ့စည်းမှု တိုးချဲ့လာခြင်းရဲ့အစဖြစ်သလို ကာကွယ်ရေး ကန်ထရိုက်တာတွေ ထုတ်လုပ်မှုနှောင့်နှေးတာတွေ ကုန်ကျစရိတ် ကျော်လွန်နေတာတွေအတွက် တိုးမြှင့်စိစစ်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
■ စစ်သင်္ဘောအသစ်တွေက ယခင်သင်္ဘောတွေထက် အဆ ၁၀၀ လောက်ပိုပြီး ကြီးမားမြန်ဆန် အစွမ်းထက်မှာဖြစ်တယ်လို့ ဆိုလိုက်ပြီး အမေရိကန်ရေတပ်စိုးမိုးရေး ခိုင်မာဖို့ ရွှေရောင်ရေတပ်ကြီး တိုးချဲ့ရန်အတွက် အခရာဖြစ်ကြောင်း ပြောသွားပါတယ်။
■ စစချင်းမှာ သင်္ဘောနှစ်စင်းဖြင့် စတင်မှာဖြစ်ပြီး အစင်း ၂၀ မှ ၂၅ စင်းကြား တိုးမြှင့်သွားဖို့ရှိပါတယ်။
■ ပထမဆုံးအမျိုးအစားကို USS Defiant လို့ သတ်မှတ်သွားမှာဖြစ်ပါတယ်။
■ ဒါဟာ သမ္မတက သူ့ရဲ့ပုံရိပ်ဖြင့် ဖက်ဒရယ်အစိုးရ ရှုထောင့်ကနေ အမည်ပြောင်းလိုက်တဲ့သဘော ဖြစ်နေပါတယ်။
■ ယခင်က အမေရိကန် စစ်သင်္ဘောပုံစံတွေကို ဝေဖန်ခဲ့တဲ့ ထရမ့်ကတော့ ယခုအခါ ဒီဇိုင်းထုတ်လုပ်ပုံတွေမှာ ပါဝင်ပတ်သက်လာပြီ ဖြစ်ပါတယ်။
■ ယခုသင်္ဘောတွေက တန်ချိန် ၃ သောင်းလောက် ပိုလေးလာပြီး ဉာဏ်ရည်တုစနစ်၊ လေဆာစနစ်များ အပါအဝင် နောက်ဆုံးပေါ် နည်းပညာများ တပ်ဆင်ထားပါတယ်။
■ ကာကွယ်ရေး ကန်ထရိုက်တာတွေကို ကုန်ကျစရိတ် ထိရောက်စွာဖြင့် အရှိန်မြှင့်ထုတ်လုပ်ပေးဖို့လည်း ဖိအားပေးထားပါတယ်။
■ ကာကွယ်ရေးကန်ထရိုက်တာတွေရဲ့ စီမံကိန်းတွေ ဘက်ဂျက်များလွန်းနေပြီး အချိန်ကြန့်ကြာတာတွေကို အစိုးရက ဖြေရှင်းဖို့စီစဉ်နေတာ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 23 December 2025
■ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ထဲမှာ ကာလအပိုင်းအခြားအလိုက် ဖြစ်စဉ်ပြောင်းလဲလာပြီး ဦးနှောက်အာရုံကြောကွန်ရက် ပြောင်းလဲကာ စဉ်းစားတွေးခေါ်ပုံတွေလည်း မတူတော့ပါဘူး။
■ ပျမ်းမျှအားဖြင့် အသက် ၉ နှစ်၊ ၃၂ နှစ်၊ ၆၆ နှစ်၊ ၈၃ နှစ်တို့မှာ ဦးနှောက်ဖွဲ့စည်းပုံ စရိုက်လက္ခဏာတွေ သိသိသာသာ ပြောင်းလဲသွားကြတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိလာပါတယ်။
■ အသက် ၉ နှစ်မှ ၃၂ နှစ်ကြားကာလက အာရုံကြောကွန်ရက်များ အလွန်အကျိုးရှိထိရောက်တဲ့ တစ်ခုတည်းသောကာလ ဖြစ်နေပါတယ်။
■ ၃၂ နှစ်နဲ့ ၆၆ နှစ်ကြား အရွယ်ရောက်ပြီးကာလမှာ ဦးနှောက်က ပြောင်းလဲမှုကြီးတွေ မရှိတော့ဘဲ တည်ငြိမ်သွားကြပါတယ်။
■ ၈၃ နှစ်နောက်ပိုင်းမှာတော့ ဦးနှောက်ကြား ချိတ်ဆက်မှုတွေ စတင်ယုတ်လျော့လာပါတယ်။
■ ဒါဟာ ဦးနှောက်ပြောင်းလဲမှုက အသက်အရွယ်အလိုက် အတက်အကျရှိနိုင်တယ်ဆိုတာကို နားလည်စေတဲ့ ပထမဆုံးလေ့လာချက်ဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သုတေသီ အလက်ဆာမော်စလေက ပြောပါတယ်။
■ သုတေသီအဖွဲ့က မွေးကင်းစအရွယ်ကနေ အသက် ၉၀ ကြားရှိတဲ့ လူပေါင်း ၃,၈၀၀ ခန့်ကို ဦးနှောက်အတွင်း မော်လီကျူးရွေ့လျားမှုပုံရိပ်တွေကို ဓာတ်မှန်ရိုက်ခဲ့ကာ အာရုံကြောချိတ်ဆက်မှုတွေကို လေ့လာဖို့ ကြိုးစားခဲ့ပါတယ်။
■ ၉ နှစ်မှ ၃၂ နှစ်ကြားကာလဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများဆုံးဖြစ်တတ်ကြတာကို တွေ့ခဲ့ကြပါတယ်။
■ တွေ့ရှိချက်တွေက စိတ်ဝင်စားစရာ ကောင်းတယ်ဆိုပေမယ့် ဒါတွေကို အတည်ပြုနိုင်ဖို့နဲ့ ဦးနှောက်ပြောင်းလဲတဲ့ အသက်အရွယ်တွေကို အတိအကျသတ်မှတ်နိုင်ဖို့ဆိုတာ နောက်ထက်သုတေသနတွေ လိုအပ်နေပါသေးတယ်။
Source: NBC News
ဆစ်ဒနီမှ ဘွန်ဒီကမ်းခြေ သေနတ်ပစ်ခတ်မှုဟာ ဩစတြေးလျရဲ့ ထောက်လှမ်းရေးစနစ် ပြဿနာတွေရှိနေတာကို ပြသနေပြီး ပြန်လည်သုံးသပ်စစ်ဆေးဖို လိုလာပြီဆိုတာကို ဝန်ကြီးချုပ် သိုနီအယ်ဘေးနိစ်က ဝန်ခံလိုက်ပါတယ်။
#World_News
#ဩစတြေးလျ #ဘွန်ဒီကမ်းခြေ
Published 22 December 2025
#YMG #Yangon_Times #Yangon_Media_Group
Page 61 of 1915