#Daily_News
Published 04 September 2025
၁။ ပန်းခင်းစီမံချက်ဖြင့်လူဦးရေ(၉)သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးထား
၂။ ထိုင်းကုန်စည်များကို လမ်းကြောင်းပြောင်းပို့ရန် အကြံပြုထား
၃။ ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သိန်းနီးပါးကို အာရှနှင့်ဥရောပနိုင်ငံများသို့တင်ပို့ထား
၄။ တရုတ်မြန်မာအိန္ဒိယဒုတိယကမ္ဘာစစ်ဇာတ်ခုံမှအဓိကပါဝင်ခဲ့သောအမေရိကန်ဗိုလ်ချုပ်ဇာတ်လမ်း တရုတ်၌အမှတ်ရနေဆဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းထွက်အရည်အသွေးမြင့် Hass ထောပတ်သီးများကိုစင်္ကာပူနဲ့ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။
#Local_News
Published 04 September 2025
#စင်္ကာပူ/ထိုင်း #ထောပတ်သီး
#YMG/SW #Yangon_Times
အာရှနဲ့ဥရောပနိုင်ငံတွေကို ပြီးခဲ့တဲ့ဩဂုတ်လအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန်နှစ်သိန်းနီးပါးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 04 September 2025
#ဆန်/ဆန်ကွဲ #အာရှနဲ့ဥရောပနိုင်ငံ
#YMG/NN #Yangon_Times
#Local_News
Published 04 September 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မန္တလေးမြေငလျင်ကြီး ဒဏ်သင့်စီးပွားရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ (၇၀၀) ကို ပြန်လည်ထူထောင်ရေးချေးငွေအဖြစ် ထုတ်ချေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်၊ နေအိမ်နှင့် လုပ်ငန်းသုံးစက်ရုံနှင့် အလုပ်ရုံများ ပြန်လည်တည်ဆောက် ရန်ရည်ရွယ်၍ နိုင်ငံတော်က ထည့်ဝင်ပံ့ပိုးသောရန်ပုံငွေဖြင့် ချေးငွေအစီအစဉ်များ ဆောင်ရွက်ရန်အတွက် ဩဂုတ် ၁၄ ရက်တွင်ထုတ်ပြန်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၅ အရ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၅ အရ ဩဂုတ် ၂၀ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ကနဦးမတည်ရန်ပုံငွေကျပ် ဘီလီယံ ၇၀၀ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှ ကျပ်ဘီလီယံ (၂၀၀) ထည့်ဝင်မည်ဖြစ်ကြောင်းသိရသည်။
▪️ ချေးငွေသက်တမ်း၃ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ထားသည့်အဆိုပါချေးငွေကိုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စက်မှု လုပ်ငန်းများအတွက် လုပ်ငန်းသုံးအရင်းအနှီး၊ အိမ်များ၊ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး၊ စက်ပစ္စည်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများတည်ဆောက်ရန်တာဝန်ယူသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးမည်ဖြစ် ကြောင်းသိရသည်။
▪️ ချေးငွေအစီအစဉ်တွင်ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့်ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့မှ ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းအပေါ် ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) ပါ စံသတ်မှတ်ချက်များနှင့် အညီရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ထို့ကြောင့် ငလျင်ဒဏ်သင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်၍သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေလျှောက်ထားနိုင်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
မြန်မာအစိုးရရဲ့ သွင်းကုန်လိုင်စင်နဲ့ ပတ်သက်တဲ့အကောင်အထည်ဖော်မှုကို ဖြေလျှော့နိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 04 September 2025
#ထိုင်းကုန်စည် #မြန်မာအစိုးရ
#YMG/SW #Yangon_Times
လေးနှစ်တာအတွင်း ပန်းခင်းစီမံချက်နဲ့ လူဦးရေ(၉) သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးထားတဲ့အပြင်
အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ် လိုအပ်တဲ့ဒေသခံပြည်သူတွေကို ပန်းခင်းစီမံချက်အဆင့်(၃)နဲ့ ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက
သိရပါတယ်။
#Local_News
Published 04 September 2025
#ပန်းခင်းစီမံချက် #နိုင်ငံသားစိစစ်ရေး ကတ်ပြား
#YMG/NN #Yangon_Times
#World_News
Published 04 September 2025
▪️ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရင် ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်မယ့်အခြေအနေရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ ဒါပေမဲ့ အင်အားသုံးအဆုံးသတ်ဖို့လိုလာလျှင်လည်း အသင့်ရှိတယ်လို့ ပြောပါတယ်။
▪️ ပူတင်က ပေကျင်းကို လာရောက်လည်ပတ်စဉ်မှာ တရုတ်နဲ့ ဓာတ်ငွေ့ပိုက်လိုင်းသစ် သဘောတူညီမှုရရှိခဲ့ပြီး နောက်ဆုံးမှာတော့ မျှော်လင့်ချက်ရောင်ခြည် တွေ့လာရပြီလို့ပြောကြားခဲ့ပါတယ်။
▪️ အဓိပ္ပာယ်ရှိပြီး ဖြစ်နိုင်တဲ့အကြောင်းအရာဆိုရင် ဒီပဋိပက္ခအဆုံးသတ်ရေး လက်ခံနိုင်ဖို့ သဘောတူနိုင်ဖွယ်ရှိကြောင်း ပူတင်က သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ လက်ရှိ သမ္မတဒေါ်နယ်ထရမ့်လက်အောက် အမေရိကန်အစိုးရရဲ့ သဘောထားကို သိမြင်နိုင်ပြီး ဒီကိစ္စအတွက် ဖြေရှင်းပေးလိုတဲ့ဆန္ဒ မြင်တွေ့နေရကြောင်း ပြောပါတယ်။
▪️ ဒီလိုမှမဟုတ်ရင် ပြဿနာတွေကို အင်အားသုံးပြီး ဖြေရှင်းရလိမ့်မယ်လို့ ဆိုပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုး(NATO)ဝင်ရောက်ရေး လက်လျှော့ရန် အပါအဝင် ကာလကြာရှည်တောင်းဆိုချက်များကို အလျှော့ပေးသွားမှာမဟုတ်တဲ့အကြောင်း ဖော်ပြသွားပါတယ်။
▪️ ယူကရိန်းသမ္မတ ရုရှားသို့လာရောက်တဲ့အခါ လက်ခံဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
▪️ ဇယ်လန်စကီက ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေအနေများကို ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးနေပါတယ်။
▪️ ကြားဝင်စေ့စပ်ပေးနေတဲ့ ထရမ့်က နှစ်ဖက်ခေါင်းဆောင်များကို တွေ့ဆုံစေလိုပြီး ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့လည်း ခြိမ်းခြောက်ထားပါတယ်။
▪️ အနောက်တိုင်းဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးထိခိုက်လာတဲ့ ရုရှားသမ္မတပူတင်က စစ်ပွဲကို သံတမန်ရေးအရ အဆုံးသတ်လိုတဲ့သဘော မြင်လာရပါတယ်။
Source: Reuters
#Local_News
Published 04 September 2025
▪️ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့အနီးပြင်းအား၄.၉အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်ကို မန္တလေး၊ကျောက်ဆည်နှင့်စစ်ကိုင်းရှိ ပြည်သူများ သိသိသာသာခံစားခဲ့ရပြီး အသံပါမြည်ဟိန်းသည့် ငလျင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ " လှုပ်တာကကြမ်းတယ်ကြောက်စရာကြီးအသံလည်းပါတယ်။ အိမ်ထဲက နေထွက်ပြေးရတာဖိနပ်တောင်မပါဘူး" ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
▪️ ယနေ့ စက်တင်ဘာ ၄ ရက်နံနက် ၁၀ နာရီ ၅၁ မိနစ် ၄၈ စက္ကန့်က ကျောက်ဆည်မြို၏ အနောက်-အနောက်တောင်ဘက်(၇)မိုင်ခန့်အကွာ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရသ်(ခ်)တာစကေး(၄ ဒသမ ၂)အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 04 September 2025
▪️ IT နည်းပညာနှင့်ပတ်သက်သော ဟောပြောပွဲကို စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ သိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို Yangon-MCPA မှကြီးမှူး၍ အသင်းဝင်များအတွက် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူများ၊ စွန့်ဦးတီထွင်လူငယ်များနှင့် Digital နည်းပညာအသုံးပြု၍ ကိုယ်ပိုင်လုပ်ငန်းများတွင် စတင်အသုံးပြုရန် စိတ်ဝင်စားသူများအတွက်ရည်ရွယ်၍ How to Start a Startup Business in Digital Economy ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားမည် ဖြစ်သည်။
▪️ ဟောပြောပွဲတွင် စဉ်ဆက်မပြတ်ပြောင်းလဲနေသော Digital ခေတ်အတွင်း အရင်းအနှီးနည်းနည်းဖြင့် လုပ်ငန်းစတင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခြင်း၊ စီးပွားရေးတစ်ခုစတင်ရာတွင် မရှိမဖြစ်သိထားရမည့် Strategy Finance၊ Marketing၊ Sales အစရှိသော စီးပွားရေးစီမံခန့်ခွဲမှု အခြေခံမူများကို ထည့်သွင်းဆွေးနွေးမည် ဖြစ်သည့်အပြင် မိမိတို့၏ စီးပွားရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် အသုံးဝင် Software များ၊ IT နည်းပညာများနှင့် တခြားသောအသုံးချနည်းပညာများကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလ ၄ ရက်ထက် နောက်မကျစေဘဲ Google Form Link တွင် Register ဝင်ရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 04 September 2025
▪️ Express ယာဉ်သည် ဘရိတ်ပေါက်၍ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျကာ ချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိမိမှုဖြစ်ပွားခဲ့ရာ နှစ်ဦး ေ-သဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဖြစ်စဉ်မှာ စက်တင်ဘာ၃ရက်နေ့၊ ည၁၂နာရီ ၅၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား- တောင်ညိုကားလမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းလမ်းဆုံတွင် Express ယာဉ်သည် ဘရိတ်ပေါက်၍ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျကာ ချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိနေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ညို(ယာယီ)နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပြင်ဆိုင်အတွင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး သေဆုံး၊ နေအိမ်အတွင်းရှိ ကျား(၁)ဦး သေဆုံးနှင့် ယာဉ်ပေါ်ပါ ကျား(၂၁)ဦး၊ မ(၆)ဦး စုစုပေါင်း(၂၇)ဦး အနက် ကျား(၄)ဦး၊ မ(၅)ဦး စုစုပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တံတားဦးကျေးရွာမှ သုခဒါနပရဟိတအသင်းမှ သူနာတင်ယာဉ်(၃)စီးဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 04 September 2025
▪️ လေ့ကျင့်ခန်းလုပ်ခြင်းအစွမ်းက နေထိုင်စားသောက်မှုပုံစံ ပြဿနာများကို ပြန်ပြောင်းစေဖို့ ရောဂါဘယများ စောစီးစွာဖြစ်ပေါ်ခြင်းမှ ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။
▪️ သွေးပေါင်ချိန်နဲ့ ကိုလက်စ်ထရောတို့ ချပေးခြင်းဖြင့် နှလုံးသွေးကြောပိတ်ဆို့မှုများကို ဖယ်ရှားခြင်း၊ ကာကွယ်ခြင်းအပါအဝင် နှလုံးကျန်းမာစေတယ်လို့ ဖော်ပြလာကြပါတယ်။
▪️ အိန္ဒိယ အက်စ်တာ CMI ဆေးရုံမှ နှလုံးအထူးကု ဆန်ဂျေးဘက်ကလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နှလုံးသွေးကြောပိတ်ဆို့မှုများမှ ကာကွယ်ရာမှာ အရေးပါတယ်လို့ လက်ခံထားပါတယ်။
▪️ ပိတ်နေတဲ့နေရာကို တိုက်ရိုက်ဖယ်ရှားတာ မဟုတ်ပေမယ့် အနည်တွေ ပိုမိုစုပြုံလာခြင်းကို နှောင့်နှေးစေပြီး နှလုံးကျန်းမာရေး တိုးတက်စေနိုင်တယ်လို့ ပြောပါတယ်။
▪️ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် နှလုံးကနေ သွေးပိုမိုညှစ်ထုတ်စေကာ သွေးကြောတွေ ကျုံ့နိုင်ဆန့်နိုင်စေပြီး သွေးကြောပိတ်စေတဲ့အရာတွေကို လျှော့ချပေးပါတယ်။
▪️ နေ့စဉ်မိနစ် ၃၀ ခန့် ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကျင့်ခြင်းတို့ဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ခန္ဓာကိုယ်သဘာဝ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ထောက်ပံ့ပေးပါတယ်။
▪️ သွေးကြောကျဉ်းခြင်းကို ဖြစ်စေတဲ့ သွေးကြောနံရံတွေ ရောင်ရမ်းခြင်းကိုလည်း လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လျှော့ချနိုင်ပါတယ်။
▪️ လေ့ကျင့်ခန်းအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ စားသုံးကာ အသင့်စားစရာများ လျှော့ချခြင်း၊ ဆေးလိပ်အရက်ရှောင်ရှားခြင်း၊ ဖိစီးမှုထိန်းချုပ်လျှော့ချခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းတို့ဖြင့်လည်း နှလုံးသွေးကြောပိတ်ဆို့နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒါတွေအားလုံးလုပ်ဆောင်ပြီး တက်ကြွလှုပ်ရှားစွာ နေထိုင်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းစေမှာ ဖြစ်ပါတယ်။
Source: Indian Express.
#World_Science
Published 04 September 2025
▪️ လူသားတွေရဲ့ ပြောဆိုဆက်ဆံပုံက စကားလုံးတွေ အမူအရာတွေဖြင့် အသံနဲ့ အမြင်လှုပ်ရှားမှုများ ရောထွေးနေတယ်လို့ ပြင်သစ် ရင်းနက်စ်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ဂျိုဆက်မိုင်းက ပြောပါတယ်။
▪️ လူသားဘာသာစကား ဘယ်လိုဆင့်ကဲပြောင်းလဲလာလဲဆိုတာ အနီးစပ်ဆုံးမျိုးနွယ် ချင်ပန်ဇီတွေကို ကြည့်လို့ရပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ သန်းမှ ၈ သန်းတုန်းက မျိုးစိတ်တစ်ခုကနေ နှစ်ခုကွဲသွားစဉ် ယနေ့ခေတ် လူသားတွေရဲ့ အပြုအမူပုံစံတွေ စတင်တယ်လို့ ယူဆရကြောင်း မိုင်းကပြောပါတယ်။
▪️ မိုင်းနဲ့ သုတေသနအဖွဲ့ လေ့လာချက်အရ ချင်ပန်ဇီငယ်တွေဟာ သူတို့အမေနဲ့ ဆွေမျိုးတွေဆီကနေ အသံနဲ့ အမြင်ပိုင်းပုံစံတွေကို အဓိကသင်ယူတယ်လို့ ကောက်ချက်ချထားပါတယ်။
▪️ ယူဂန်ဒါအနောက်ပိုင်း ကီဘာလေအမျိုးသားဥယျာဉ်မှ ကန်ညာဝါရာ တိရိစ္ဆာန် ၆၀ ခန့်ကို လေ့လာခဲ့ကြပါတယ်။
▪️ သူတို့ရဲ့ အသံနဲ့ မျက်နှာအမူအရာ၊ အကြည့်လက္ခဏာ၊ ကိုယ်ဟန်အမူအရာ၊ လှုပ်ရှားမှု စတာတွေကို သုတေသန လုပ်ခဲ့ပါတယ်။
▪️ ထိုအခါမှာ အသံနဲ့ အမြင်ပိုင်းပေါင်းစပ်ပြုမူပုံစံပေါင်း ၁၀၈ မျိုးလောက် တွေ့ရှိခဲ့ပါတယ်။
▪️ ချင်ပန်ဇီမိခင်တစ်ဦးတည်းကနေ မွေးလာတဲ့ မွေးချင်းတွေမှာ တူညီတဲ့ အသံနဲ့အမြင် ပေါင်းစပ်မှုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။
▪️ လူသားကလေးငယ်တွေမှာလည်း အနေနီးစပ်တဲ့သူတွေဆီကနေ ပြုမူဆက်ဆံပုံတွေ သင်ယူလေ့လာတတ်ကြပါတယ်။
▪️ အခြားသော မျောက်ဝံတွေမှာလည်း ဒီလိုမျိုးလက္ခဏာတွေ တွေ့နိုင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆ သန်းကတည်းက အစပြုခဲ့တဲ့သဘော ဖြစ်နိုင်ပါတယ်။
Source: NPR.
Page 56 of 1815